SKIP TO MAIN CONTENT

"ပုံမှန်အတိုင်း သွားလာလှုပ်ရှားနိုင်မယ်"လို့ဆို၊ ဗစ်တိုးရီးယားပြည်နယ်မှာ ကိုဗစ်-၁၉ စည်းမျဉ်းအားလုံးနီးပါး ဖယ်ရှား

Victoria ပြည်နယ်မှာ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးတဲ့ လူဦးရေ ၉ ၀% ရှိလာတဲ့အတွက် ကိုဗစ်-၁၉ ဆိုင်ရာ စည်းမျဉ်းတွေအားလုံးနီးပါးကို ဖယ်ရှားပေးလိုက်မှာ ဖြစ်ပါတယ်။

Premier Daniel Andrews Announces Further Easing Of COVID-19 As Victoria Approaches 90 Per Cent Vaccination Target
Premier Daniel Andrews has announced COVID-19 restrictions will relax further from 11:59 pm tonight. Source: Getty Images AsiaPac

2 min read

Published

Source: AAP, SBS



Skip to article content

မနက်ဖြန် သောကြာနေ့ကစပြီး ဖြေလျှော့မှုတွေ လုပ်ပေးမှာဖြစ်လို့ ကာကွယ်ဆေး အပြည့်အဝ ထိုးပြီးတဲ့ လူတွေအနေနဲ့ ကလပ်တွေမှာ ကခုန်တာတွေလုပ်နိုင်မှာဖြစ်သလို နေအိမ်မှာ ဧည့်သည်အကန့်အသတ်မရှိ လက်ခံနိုင်တာတွေနဲ့ စားသောက်ဆိုင်၊ ကော်ဖီဆိုင်တွေမှာ လူဦးရေ ကန့်သတ်တာမျိုးတွေကို ဖယ်ရှားပေးမှာ ဖြစ်ပါတယ်။

အရင်ကလို ပုံမှန်အနေအထားအတိုင်း နေထိုင်လို့ရမှာ ဖြစ်တယ်လို့ ပြည်နယ်ဝန်ကြီးချုပ် Daniel Andrews က ဒီကနေ့မှာပဲ ပြောပါတယ်။

မဖြစ်မနေ လိုအပ်တဲ့ ဆိုင်မဟုတ်တဲ့ အထည်ဆိုင်လို လက်လီ ဆိုင်တွေကလည်း ကာကွယ်ဆေး အပြည့်အဝ ထိုးထားတဲ့ လူတွေကိုသာ ပေးဝင်ဖို့ ဆုံးဖြတ်ထားပါတယ်။ ကာကွယ်ဆေး ထိုးစရာ မလိုတဲ့လူတွေ ဒါမှမဟုတ် ၁၂ နှစ်အောက် ကလေးငယ်တွေသာ ချွင်းချက်အနေနဲ့ ဝင်ခွင့်ပေးမှာ ဖြစ်ပါတယ်။

People are seen crossing Bourke Street Mall in Melbourne.
People are seen crossing Bourke Street Mall in Melbourne. Source: AAP

စားသောက်ဆိုင်လို နေရာမျိုးကို သွားတဲ့အခါ နှာခေါင်းစည်းတွေကို တပ်စရာ မလိုတော့ပေမယ့် အမှုထမ်းတွေကတော့ နှာခေါင်းစည်း ဆက်လက် တပ်ဆင်ရမှာ ဖြစ်ပါတယ်။

ဈေးဆိုင်တွေသွားတဲ့အခါ၊ အများသုံးယာဉ် စီးတဲ့အခါ နှာခေါင်းစည်း ဆက်တပ်ဆင်ရမှာ ဖြစ်သလို မူလတန်းကျောင်းက အမှုထမ်းတွေ၊ ကျောင်းကို လာလည်တဲ့လူတွေနဲ့ သုံးတန်းကနေ ၆ တန်းကျောင်းသားတွေ နှာခေါင်းစည်း တပ်ရမှာ ဖြစ်ပါတယ်။

ဒီဇင်ဘာလ ၁၅ ရက် နောက်ပိုင်းကြရင် လက်လီအရောင်းဆိုင်ကို သွားတဲ့အခါ နှာခေါင်းစည်း တပ်စရာ မလိုတော့ပေမယ့် အဲဒီကာလအတွင်း ဆေးရုံတင်ထားရတဲ့ ကိုဗစ် လူနာများရင် တပ်ဆင်ရမှာ ဖြစ်ပါတယ်။

Indoor အခမ်းအနားတွေမှာ လူဦးရေ ၃၀၀၀၀ အထိ လက်ခံနိုင်ပြီး အဲဒီထက် လူသွင်းချင်ရင် ခွင့်ပြုချက် တောင်းရမှာ ဖြစ်ပါတယ်။

အဆောက်အဦး ပြင်ပ ပွဲတွေအတွက် လူဦးရေ ၃၀၀၀၀ ကျော် လက်ခံခွင့်ရှိမှာ ဖြစ်ပေမယ့် COVIDSafe plan တွေ ထားရှိရမှာ ဖြစ်ပါတယ်။

ဒီလို ပြောင်းလဲမှုတွေကြောင့် Boxing Day Test ခရစ်ကက် ပွဲနဲ့ Australian Open တင်းနစ်ပွဲတွေမှာ လူဆန့်သလောက် ပရိသတ် လက်ခံခွင့်ရမှာဖြစ်ပေမယ့် MCG နဲ့ Melbourne Park ရဲ့ ကိုဗစ်လုံခြုံဘေးကင်းရေး အစီအစဉ်အပေါ် မူတည်ဦးမှာ ဖြစ်ပါတယ်။

ကာကွယ်ဆေး မထိုးထားတဲ့ လူတွေကိုပါ လက်ခံမယ့် မင်္ဂလာဆောင် အခမ်းအနား၊ အသုဘအခမ်းအနားနဲ့ ဘုရားဝတ်ပြုရေး စင်တာတွေမှာ နှာခေါင်းစည်း တပ်ဆင်ရမှာဖြစ်ပြီး လူဦးရေကိုလည်း အကန့်အသတ်နဲ့သာ လက်ခံရမှာ ဖြစ်ပါတယ်။

ရောဂါရှိသူနဲ့ ထိတွေ့သူဖြစ်ပေမယ့် နေအိမ်မှာ ကူးစက်မှုမဟုတ်ရင် ကာရန်တင်း ဝင်စရာ မလိုတော့ဘူးလို့လည်း သတ်မှတ်ထားပါတယ်။

ဒါပေမဲ့ ရောဂါ ရှိမရှိ စစ်ဆေးခံရမှာ ဖြစ်ပြီး အဖြေမသိရခင်အထိ သီးသန့်ခွဲခြားနေထိုင်မှု လုပ်ရမှာ ဖြစ်ပါတယ်။

ဆိုင်တစ်ဆိုင်မှာ ကိုဗစ်-၁၉ တွေ့ရှိရင်လည်း အသေအခြာ သန့်စင်မှုလုပ်ပြီး ကျန်းမာရေးဌာနရဲ့ ခွင့်ပြုချက်ရမှ ပြန်ဖွင့်ရမယ်ဆိုတာမျိုးကိုလည်း ဖယ်ရှားပေးလိုက်ပြီ ဖြစ်ပါတယ်။

ဗစ်တိုးရီးယားပြည်နယ်မှာ အသက် ၁၂ ကျော်သူ လူဦးရေ ၈၈% က ကာကွယ်ဆေး နှစ်ချောင်းထိုးပြီးသွားပြီး ဒီရက်ပိုင်းမှာ ၉ ၀% ရှိမှာ ဖြစ်ပါတယ်။

ဒီကနေ့မှာတော့ ကိုဗစ်-၁၉ ကူးစက်သူ ၁၀၀၇ ဦးရှိပြီး ၁၂ ဦး သေဆုံးရပါတယ်။

ဆေးရုံမှာ တင်ထားရတဲ့ ကိုဗစ် လူနာ ၃၃၇ ဦးရှိပြီး ၆၃ ဦးက အထူးကြပ်မတ်ဆောင်မှာ ကုသမှု ခံယူနေရပြီး ၃၄ ဦးက ventilator ကို အသုံးပြုနေရပါတယ်။

ဗုဒ္စဟူးနေ့တုန်းက လူပေါင်း ၇၂၂၇၀ ရောဂါ ရှိမရှိ စမ်းသပ်မှု ခံယူခဲ့ကြပြီး လူပေါင်း ၆၃၁၅ ဦး ကာကွယ်ဆေးထိုးခဲ့ကြပါတယ်။


Follow SBS Burmese

Download our apps

Watch on SBS

SBS World News

Take a global view with Australia's most comprehensive world news service

Stream now