Watch FIFA World Cup 2026™

LIVE, FREE and EXCLUSIVE

နှစ် ၅၀ ပြည့်သွားတဲ့ SBS - ဘောလုံးနဲ့ sexy ဇာတ်ကားထက်မကတဲ့ ဌာန

SBS 50 years
ဇွန်လ ၉ ရက်နေ့ဟာ SBS ရဲ့ မွေးနေ့ ဖြစ်ပါတယ်။

ဇွန်လ ၉ ရက်နေ့ဟာSpecial Broadcasting Servic SBS ရဲ့ မွေးနေ့ ဖြစ်ပါတယ်။ ဒီနှစ်ဟာ SBS အနေနဲ့ နှစ် ၅၀ ပြည့်တဲ့နှစ်ဖြစ်တဲ့အတွက် အထူးအစီအစဥ်အနေနဲ့ SBS ဌာန စတင်တည်ထောင်ချိန်ကနေ အခုအထိ အမှတ်ရဖွယ်ရာ အကြောင်းတွေကို တင်ဆက်သွားမှာ ဖြစ်ပါတယ်။


Published

By Peggy Giakoumelos, Jennifer Scherer

Presented by Mu Laing Thein

Source: SBS



Share this with family and friends


ဇွန်လ ၉ ရက်နေ့ဟာSpecial Broadcasting Servic SBS ရဲ့ မွေးနေ့ ဖြစ်ပါတယ်။ ဒီနှစ်ဟာ SBS အနေနဲ့ နှစ် ၅၀ ပြည့်တဲ့နှစ်ဖြစ်တဲ့အတွက် အထူးအစီအစဥ်အနေနဲ့ SBS ဌာန စတင်တည်ထောင်ချိန်ကနေ အခုအထိ အမှတ်ရဖွယ်ရာ အကြောင်းတွေကို တင်ဆက်သွားမှာ ဖြစ်ပါတယ်။


SBS ကို ၁၉၇၅ ခုနှစ်တုန်းက စတင် တည်ထောင်ခဲ့တာ ဖြစ်ပြီး အဲဒီအချိန်တုန်းက ရုပ်မြင်သံကြားတွေ၊ ဒီဂျစ်တယ် ခေတ်မဟုတ်ပဲ ရေဒီယို ထုတ်လွှင့်တဲ့ ဌာနအဖြစ် စတင်ခဲ့တာ ဖြစ်ပါတယ်။ 

၁၉၇၅ ခုနှစ် ဇွန်လ ၉ ရက်နေ့မှာ လူဝင်မှုကြီးကြပ်ရေး ဝန်ကြီးဟောင် Al Grassby က တချိန်ကြရင် SBS ဖြစ်လာမယ် Radio Ethnic Australia အီးအေ ဆိုပြီး ဖြစ်ပေါ်လာအောင် လုပ်ဆောင်ပေးခဲ့ပြီး သူ့ရဲ့ အဓိက ရည်ရွယ်ချက်ကတော့ အခုခေတ်မှာ Medicare လို့ ခေါ်ပြီး အဲဒီအချိန်တုန်းက Medibank လို့ ခေါ်တဲ့ ကျန်းမာရေးဆိုင်ရာ ဝန်ဆောင်မှုအကြောင်းကို အင်္ဂလိပ်စကား မပြောတဲ့ တခြားလူတွေလည်း နားလည်အောင် ထုတ်လွှင့်ဖို့အတွက် စတင်ခဲ့တဲ့ ရေဒီယို အစီအစဥ်သာ ဖြစ်ပါတယ်။

Sydney မြို့မှာ 2EA ကနေတဆင့် ဘာသာစကား ၇ မျိုးနဲ့ စတင်ထုတ်လွှင့်ခဲ့တာ ဖြစ်ပြီး မဲလ်ဘုန်းမြို့မှာတော့ 3EA ကနေတဆင့် ဘာသာစကား ၈ မျိုးနဲ့ ထုတ်လွှင့်ခဲ့တာဖြစ်ပါတယ်။ ပထမဆုံး ထုတ်လွှင့်တဲ့ ဘာသာစကားကတော့ ခုဏက ပြောခဲ့တဲ့အတိုင်း ဂရိဘာသာစကား ဖြစ်ပါတယ်။

Ethnic Australia (EA) လို့ ၂ နှစ်ကြာ ခေါ်ပြီး နောက်ပိုင်းမှ SBS ဆိုတာ ပေါ်ပေါက်လာပါတယ်။ လူဝင်မှု ကြီးကြပ်ရေးကို ကန့်သတ်တဲ့ အက်ဥပဒေ ဒါမှမဟုတ် White Australia Policy လို့ ခေါ်ကြတဲ့ ပေါ်လစီကို ပယ်ဖျက်လိုက်တဲ့နောက်ပိုင်း SBS ဆိုတာကို ဖြစ်ပေါ်စေတယ်လို့ University of Western Sydney က အငြိမ်းစား ပါမောက္ခလည်းဖြစ် ယဥ်ကျေးမှုဆိုင်ရာ သမိုင်းပညာရှင်လည်းဖြစ်သူ Ien Ang [[in-ung]]ပြောပါတယ်။ သူဟာ ၂၀၀၈ ခုနှစ်တုန်းက ထုတ်ဝေတဲ့ "The SBS Story" စာအုပ်ကို ရေးသားထုတ်ဝေသူလည်း ဖြစ်ပါတယ်။

၁၉၇၀ ပြည့်နှစ် နှောင်းပိုင်းလောက်မှာ white Australia policy ကို ပယ်ဖျက်လိုက်တဲ့နောက်ပိုင်း ပြည်ပနိုင်ငံကလူတွေ ဘယ်လူမျိုး ဘယ်ဘာသာ ဘယ်အသားအရောင်ပဲ ဖြစ်ဖြစ် ဩစတြေးလျနိုင်ငံထဲ ပြည်ဝင်ခွင့် ရလာခဲ့ကြပါတယ်။  အရင်တုန်းကဆိုရင် လူဖြူတွေကသာ ဩစတြေးလျနိုင်ငံထဲ ဝင်လာခွင့် ရှိပေမဲ့ white Australia policy ကို ပယ်ဖျက်တဲ့နောက်ပိုင်းမှာ အာရှနိုင်ငံကလူတွေနဲ့ ကမ္ဘာတလွှားက လူတွေ ဝင်ရောက်လာကြပါတယ်။  အာရှသားတွေသာမက အရှေ့အလယ်ပိုင်းသားတွေနဲ့ အာဖရိကတိုက်က လူတွေအထိ ဝင်ရောက်လာကြတယ်လို့ ပြောပြခဲ့ပါတယ်။ 

White Australia policy ဟာ ဩစတြေးလျနိုင်ငံကို ဖက်ဒရယ် နိုင်ငံအဖြစ် စတင်ထူထောင်တဲ့ ၁၉၀၁ ခုနှစ်က စတင် အသက်သွင်းခဲ့တဲ့ ပေါ်လစီဖြစ်ပြီး လူဖြူမဟုတ်တဲ့ ပေါ်လစီကို ဘေးဖယ်တဲ့ ပေါ်လစီရဲ့ သက်တမ်းဟာ နှစ် ၇၀ ကျော်တောင် ကြာမြင့်ခဲ့ပါတယ်။

၁၉၇၃ ခုနှစ်မှ အဲဒီ ပေါ်လစီကို ပယ်ဖျက်နိုင်တာဖြစ်ပြီး အဲဒီအချိန်ကစပြီး ဩစတြေးလျနိုင်ငံမှာ လူမျိုးရေးဆိုင်ရာ အဟန့်အတားတွေ စတင်ပြိုကျလာတဲ့အချိန် ဖြစ်ပါတယ်။  ဩစတြေးလျနိုင်ငံမှာ မူလအစကတည်းက စတင်နေထိုင်ကြတဲ့ ဌာနေတိုင်းရင်းသားတွေဟာလည်း ဩစတြေးလျနိုင်ငံသားအဖြစ် ၁၉၆၇ ခုနှစ်မှ စတင် အသိအမှတ်ပြုခံခဲ့ရတာပါ။ ပြည်လုံးကျွတ် လူထု ဆန္ဒခံယူပွဲမှာ ပြည်သူအများစုက ဌာနေတိုင်းရင်းသားတွေကို နိုင်ငံသားအဖြစ် အသိအမှတ်ပြုသင့်တယ်လို့ ဆုံးဖြတ်ခဲ့ကြတာ ဖြစ်ပါတယ်။ 

အပြည့်အစုံကို နားဆင်နိုင်ပါပြီ။


Latest podcast episodes

Follow SBS Burmese

Download our apps

Watch on SBS

SBS World News

Take a global view with Australia's most comprehensive world news service

Stream now