Watch FIFA World Cup 2026™

LIVE, FREE and EXCLUSIVE

အစ္စရေးမှာ အလုပ်လုပ်သူ မြန်မာတစ်ဦးရဲ့ ပြောပြချက်

Israel Iran Mideast Wars
The sun raises behind city skyline just after an air raid alarm of missiles fired from Iran went off, in Tel Aviv, Israel, Tuesday, June 24, 2025. (AP Photo/Ohad Zwigenberg) Source: AP / Ohad Zwigenberg/AP

အစ္စရေးနဲ့ အီရန်အကြား အပစ်အခတ်ရပ်စဲပြီလို အမေရိကန် သမ္မတ ဒေါ်နယ်ထရန့် ကြေညာပြီး နာရီပိုင်းမှာပဲ အီရန်ဖက်က ပစ်ခတ်မှုလုပ်ခဲ့လို့ ပြင်းထန်စွာ တုန့်ပြန်မယ်လို့ အစ္စရေးက ပြောပါတယ်။.


Published

Updated

Presented by Mu Laing Thein

Source: SBS


Share this with family and friends


အစ္စရေးနဲ့ အီရန်အကြား အပစ်အခတ်ရပ်စဲပြီလို အမေရိကန် သမ္မတ ဒေါ်နယ်ထရန့် ကြေညာပြီး နာရီပိုင်းမှာပဲ အီရန်ဖက်က ပစ်ခတ်မှုလုပ်ခဲ့လို့ ပြင်းထန်စွာ တုန့်ပြန်မယ်လို့ အစ္စရေးက ပြောပါတယ်။.


အီရန်ကတော့ အပစ်အခတ်ရပ်စဲမှုကို မချိုးဖောက်ရဘူးလို့ ပြောဆိုထားပါတယ်။.

အရင်ရက်ကလည်း အမေရိကန်နိုင်ငံက အီရန်နိုင်ငံက နျူကလီးယား စက်ရုံတွေရှိရာကို တိုက်ခိုက်ပြီးတဲ့နောက် အီရန်နိုင်ငံက အရှေ့အလယ်ပိုင်း ဒေသ ကာတာနိုင်ငံနဲ့ အီရတ်နိုင်ငံမှာရှိတဲ့အမေရိကန် စစ်တပ်စခန်းတွေကို တိုက်ခိုက်မှုလုပ်ပြီး တုန့်ပြန်နေပါတယ်။

ကာတာနိုင်ငံ အမေရိကန်ရှိရာ Al Udeid လေတပ်စခန်းကို အီရန်က မီဆိုင်းဒုံးကျဥ်နဲ့ ပစ်ခတ်ခဲ့တာကို

ကြားဖြတ်စနစ်နဲ့ သိခဲ့ရပြီး အသေအပျောက်တွေ ဒဏ်ရာရရှိမှုတွေ မရှိဘူးလို့ ကာတာနိုင်ငံကပြောပါတယ်။

အီရတ်နိုင်ငံ အတွင်းက Ain Al Assad တပ်စခန်းလည်း ပစ်မှတ်ထားခံခဲ့ရပါတယ်။

အီရန်နိုင်ငံအပေါ် ပြီးခဲ့တဲ့ သတင်းပတ်ကုန်တုန်းက အမေရိကန် ပစ်ချခဲ့တဲ့ ဗုံးအရည်အတွက်နဲ့ညီတဲ့ ဒုံးကျဥ်အရည်အတွက်ကို ကာတာနိုင်ငံက အမေရိကန် တပ်စခန်းကို ပစ်ခတ်ခဲ့တာလို့ အီရန်ဖက်က ပြောပါတယ်။

ဒီလို အခြေအနေအတွင်း အစ္စရေးမှာ နေထိုင်ရတာ ဘယ်လို ရှိသလဲ ဆိုတာနဲ့ ပတ်သက်ပြီး အစ္စရေးနိုင်ငံမှာ လက်ရှိ နေထိုင်နေတဲ့ ခွန်း ကို ဆက်သွယ်မေးမြန်းထားပါတယ်။.


Latest podcast episodes

Follow SBS Burmese

Download our apps

Watch on SBS

SBS World News

Take a global view with Australia's most comprehensive world news service

Stream now