သြစတြေးလျတစ်ဝန်း ယာဉ်မောင်းတဲ့ လူတွေဟာ လောင်စာဆီဈေးနှုန်းတွေ မတည်မငြိမ်ဖြစ်နေသေးတာကြောင့် ဆီဆိုင်တွေမှာ ပိုမိုပေးဆောင်နေကြရဆဲဖြစ်ပါတယ်။ ဒါဆိုရင် ဆီဖြည့်တဲ့အခါ ပိုမိုဈေးသက်သာတဲ့ ဓာတ်ဆီအမျိုးအစားတွေကိုရွေးချယ်တာက သင့်တော်ရဲ့လား။ အဖြေကတော့ သင့်အင်ဂျင်ရဲ့ လိုအပ်ချက်ပေါ်မှာအဓိကမူတည်ပါတယ်။ ဘာလို့လဲဆိုတော့ ဆီအမျိုးအစားတိုင်းက ကားတိုင်းနဲ့အဆင်မပြေတဲ့အတွက် ဖြစ်ပါတယ်။
သြစတြေးလျနိုင်ငံက လောင်စာဆီတွေ ရောင်းချတဲ့ နေရာတွေမှာ တွေ့ရတဲ့
အဓိကဆီအမျိုးအစားတွေကတော့ အောက်တိန်းအမျိုးမျိုးရှိတဲ့ unleaded ဓာတ်ဆီ၊
အီသနော ရောစပ်ထားတဲ့ ဓာတ်ဆီနဲ့ ဒီဇယ်တို့ ဖြစ်ပါတယ်။
ဓာတ်ဆီပိုက်တွေမှာ အဓိက ၃ မျိုး တွေ့ရမှာဖြစ်ပြီး အဲဒါတွေက အောက်တိန်း ၉၁ ဆီ
အမျိုးအစား၊ အဲဒီအမျိုးအစားကိုတော့ ပုံမှန် ဓာတ်ဆီလို့ ခေါ်ပြီး၊ အောက်တိန်း ၉၅ နဲ့ ၉၈
ကတော့ ပရီမီယံ ဓာတ်ဆီတွေ ဖြစ်ပါတယ်။
ဒီနံပါတ်တွေဟာ တွက်ချက်ပုံမတူတာကြောင့် တခြားနိုင်ငံတွေက ဆီပန့်တွေနဲ့ အနည်းငယ်
ကွဲပြားနိုင်ပါတယ်။
ဒါပေမဲ့ ဒီနံပါတ်တွေက ဆီအရည်အသွေး တူညီတယ်လို့ ပြသတဲ့အကြောင်း ဇက်ချ်
အာမန်က ပြောပါတယ်။
သူဟာ University of Western Australia က Enterprise Education ရဲ့ ဒုတိယအဓိပတိအဖြစ်
တာဝန်ထမ်းဆောင်နေတဲ့ ဓာတုအင်ဂျင်နီယာဆိုင်ရာ ပါမောက္ခတစ်ဦး ဖြစ်ပါတယ်။
"ဥပမာ အမေရိကန်ကို သွားမယ်ဆိုရင် အောက်တိန်းနည်းပါးမှု၊ အလတ်စားနဲ့
အောက်တိန်းမြင့်တဲ့အဆင့်တွေကို ပုံမှန်အားဖြင့် ၈၇၊ ၈၉၊ ၉၁ လို့ တံဆိပ်တပ်ထားတာ
တွေ့ရပါလိမ့်မယ်။ ဒီမှာတော့ ၉၁၊ ၉၅၊ ၉၈ ပါ။ အဓိကကတော့ ဆိုင်ရာ အစိုးရက
ဘယ်လိုတွက်ချက်သလဲ ဆိုတဲ့အပေါ် မူတည်ပြီး ခေါ်ဝေါ်ကြတာ ဖြစ်ပါတယ်။ ဒါပေမဲ့
တကယ်တော့ ဒါတွေအားလုံးဟာ နိုင်ငံတကာနဲ့ ကိုက်ညီအောင် လုပ်ထားတာပါပဲ။
အောက်တိန်းအဆင့်သတ်မှတ်ချက်က ဆီရဲ့အချိန်မတိုင်မီ လောင်ကျွမ်းမှုကို
ဘယ်လောက်ခံနိုင်ရည်ရှိသလဲဆိုတာကို တိုင်းတာတာဖြစ်တယ်လို့ ဂျိမ်းစ် ဝီလျံစ်က
ရှင်းပြပါတယ်။ သူက ဗစ်တိုးရီးယား တော်ဝင်မော်တော်ကားကလပ် (RACV) ရဲ့
မူဝါဒအကြီးအကဲ ဖြစ်ပါတယ်။
“ဆီပန့်ပေါ်က အောက်တိန်းနံပါတ်က အင်ဂျင်ခေါက်သံလို့ ခေါ်တဲ့ engine knock အရာကို
ဆီက ဘယ်လောက်ခံနိုင်ရည်ရှိလဲဆိုတာ ပြသပါတယ်။ နံပါတ်မြင့်လေ၊ ဆီအရည်အသွေး
ပိုမြင့်လေပါပဲ။”
အောက်တိန်းအဆင့် မြင့်လေလေ ဈေးနှုန်းလည်း ပိုမြင့်လေပါပဲ။ ဒါပေမဲ့ စျေးများတိုင်း
အင်ဂျင်စွမ်းဆောင်ရည် ဒါမှမဟုတ် ဆီစားနှုန်း ပိုကောင်းစေတာမျိုးတော့ မဟုတ်ပါဘူး။
RACV က မစ္စတာ ဝီလျံစ်က သင့်မှာ စွမ်းဆောင်ရည်မြင့်ကား ahigh-performance (သို့)
sports vehicle အားကစားသုံး ယာဉ်မဟုတ်ဘူးဆိုရင် ဓာတ်ဆီ ၉၁ က သင့်အတွက်
ကုန်ကျစရိတ်အသက်သာဆုံး ရွေးချယ်စရာ ဖြစ်တယ်လို့ ပြောပါတယ်။
“သာမန်ကား၊ ဥပမာ- သေးငယ်တဲ့ (သို့) အလတ်စား SUV ကားဒါမှမဟုတ်
hatchback ကားတစ်စီးကို မောင်းနေတယ်ဆိုရင် ၉၁ ကနေရတဲ့ ဆီစားနှုန်းအတိုင်း ၉၈
ကနေလည်း အတူတူပဲ ရပါလိမ့်မယ်။ ဒါပေမဲ့ ၉၁ က ပိုဈေးသက်သာသင့်ပါတယ်။ ဒါပေမဲ့
ဒါက ၉၈ ဆီက သင့်ကားအတွက် မကောင်းဘူးလို့ ပြောတာမဟုတ်ပါဘူး။
စွမ်းဆောင်ရည်မြင့်ကားတွေက အောက်တိန်းအဆင့်ကို အကောင်းဆုံးအသုံးချနိုင်သလိုမျိုး
သာမန်ကားတွေက အဲဒီအောက်တိန်းအဆင့်ကို အပြည့်အဝ အသုံးမပြုနိုင်တဲ့အတွက်
ဖြစ်တယ်လို့ ပြောပါတယ်။
တစ်ဖက်ကနေကြည့်မယ်ဆိုရင်တော့ သင့်ရဲ့ ကားဟာ အောက်တိန်းမြင့်တဲ့ စွမ်းအင် fuel နဲ့ပဲ
လည်ပတ်ဖို့ ဒီဇိုင်း လုပ်ထားတဲ့အမျိုးအစားဆိုရင် ၉၁ အောက်တိန်းဆီ အမျိုးအစားကို သုံးဖို့
အသင့်တော်ပါဘူး။
ယာဉ်ရဲ့ ဆီထည့်ရမယ့် အဖုံးအောက်က လေးဘယ်လ်မှာပဲဖြစ်စေ၊ ကားနဲ့ ပတ်သက်တဲ့
စာအုပ်မှာပဲဖြစ်စေ ထုတ်လုပ်သူက သင့်ကားအတွက် ကိုက်ညီမယ့် လောင်စာဆီတွေကို
အကြံပြုထားတဲ့ အောက်တိန်းနံပါတ်ကို ဖော်ပြထားတယ်လို့ ပြောပါတယ်။
ဒါပေမဲ့ မသုံးသင့်တဲ့ ဆီအမျိုးအစားကို သုံးမိရင် သင့်ယာဉ်ရဲ့ ဆီစားနှုန်းကို ထိခိုက်နိုင်သလို၊
သွားနိုင်တဲ့ အကွာအဝေး၊ လည်ပတ်စရိတ်တွေအပြင် အချိန်ကြာလာတာနဲ့ အင်ဂျင်အပေါ်မှာ
ထိခိုက်မှုတွေ ဖြစ်စေနိုင်တယ်လို့ ပြောပါတယ်။
ဒါ့အပြင် ဒီဇယ်ယာဉ်ထဲကို ဓာတ်ဆီ မထည့်သင့်သလို ဓာတ်ဆီ ယာဉ်ထဲကို ဒီဇယ်လည်း
မထည့်သင့်ပါဘူး။ ဒီဇယ်ယာဉ်မောင်းနေသူဆိုရင် သင့်ယာဉ်က biodiesel လို့ခေါ်တဲ့
သဘာဝပစ္စည်းကနေ ထွက်ရှိတဲ့ ဆီအမျိုးအစားနဲ့ လိုက်ဖက်မလား၊ မသုံးသင့်ဘူးလား
ဆိုတာကို ထုတ်လုပ်သူက ပြောပြထားပါတယ်။ လိုက်ဖက်မယ် မလိုက်ဖက်ဘူးဆိုတာကို
သေချာမသိရင်တော့ ပုံမှန်ဒီဇယ်ကိုပဲ သုံးသင့်တယ်လို့ ဆိုပါတယ်။
ဩစတြေးလျာမှာ အများဆုံးသုံးကြတဲ့ ethanol–petrol blend က E10 ဖြစ်ပါတယ်။ E10 မှာ
အီသနော ၁၀ ရာခိုင်နှုန်း (အပင်မှ ထုတ်ယူတဲ့ ဆီ) နဲ့ unleaded ပက်ထရိုးလ် ၉၀ ရာခိုင်နှုန်း
ပေါင်းစပ်ထားပါတယ်။အောက်တိန်းမြင့်ပြီး စျေးလည်း ပိုသက်သာပါတယ်။ ဒါပေမဲ့
ဆီကုန်ကျစရိတ်ကို သက်သာမှု မပေးနိုင်တဲ့အခါလည်း ရှိတယ်လို့ ပါမောခ Aman က
ရှင်းပြပါတယ်။
“အီသနောကို အနည်းငယ်ပေါင်းထည့်လိုက်တာနဲ့ အောက်တိန်းတန်ဖိုး မြင့်သွားပါတယ်။
အဲဒါကြောင့် fuel အရွယ်အစားတူတူနဲ့ ယူမယ်ဆိုရင် ကားက ပိုအားကောင်းလာနိုင်ပါတယ်။
ဒါပေမဲ့ အားနည်းချက်တစ်ခု ကတော့ E10 သုံးရင် ဆီအနည်းငယ်
ပိုမြန်မြန်ကုန်တတ်ပါတယ်။ ဒါကြောင့် ၁၀၀ ကီလိုမီတာ သွားတိုင်း ဆီစားနှုန်းက ၃
ရာခိုင်နှုန်းလောက် ပိုများတတ်ပါတယ်။ ဒါပေမဲ့ သူက စျေး ပိုသက်သာလို့ အဲဒီနှစ်ခုက
အတူတူလောက်ပဲ ပြန်ကျသွားတယ်လို့ ရှင်းပြထားတာ ဖြစ်ပါတယ်။
မိမိရဲ့ ကားက E10 လိုက်ဖက်မလား ဆိုတာကို မသေချာရင် ထုတ်လုပ်သူရဲ့ Manual
စာအုပ်ကို ဖတ်ရှုပါ ဒါမှမဟုတ် သူတို့ရဲ့ ဝဘ်ဆိုဒ်ကို ဝင်ကြည့်ပါလို့ Professor Aman က
ပြောပါတယ်။
“နည်းလမ်းကောင်းတစ်ခုက လွန်ခဲ့တဲ့ နှစ် ၂၀ အတွင်း ထုတ်လုပ်ထားတဲ့ ကားတွေက E10
နဲ့ လိုက်ဖက်တဲ့ ကားတွေ ဖြစ်ဖို့များပါတယ်။ တတ်ပါတယ်။ နောက်ထပ် မှတ်သားစရာ
တစ်ခုက ကားမှာ carburettor ရှိနေသေးရင် E10 နဲ့ မလိုက်ဖက်တဲ့ကား
ဖြစ်နိုင်ခြေများတယ်”)) လို့ ပြောပါတယ်။
နောက်ဆုံးအနေနဲ့ ဩစတြေးလျာမှာ ဆီအရည်အသွေးက ဆီဆိုင်တိုင်း
ဆားဗစ်စတေးရှင်းတိုင်းမှာ တစ်သမတ်တည်း ဖြစ်နေတယ်ဆိုတာကို သတိပြုပါ။
RACV က မော်တော်ယာဉ်မောင်းသူတွေကို အကောင်းဆုံး ဆီစျေးနဲ့ ဝယ်နိုင်ဖို့
စျေးနှုန်းတွေကို နှိုင်းယှဉ်ကြည့်ဖို့ အကြံပြုပါတယ်၊ ဘာကြောင့်လဲဆိုတော့
ဆီရောင်းချသူတွေကြားမှာ ဆီအရည်အသွေးက တူညီတဲ့အတွက် စျေးသက်သာတာကို
နှိုင်းယှဥ်ကြည့်ဖို့ အကြံပြုထားပါတယ်။
ကုန်ကျစရိတ်ကို ထည့်တွက်စဉ်းစားရတဲ့ ယာဉ်မောင်းသူတွေအတွက်
ထုတ်လုပ်သူအကြံပြုချက်နဲ့ ကိုက်ညီပြီး စျေးနှုန်း ပိုသက်သာတဲ့ လောင်စာဆီကို
ရှာဖွေဝယ်ယူခြင်းက အကျိုးရှိတဲ့ ရွေးချယ်မှု ဖြစ်တဲ့အကြောင်း ရေးထားတဲ့ Zoe Thomaidou
ရဲ့ ဆောင်းပါးကို တင်ဆက်လိုက်ပါတယ်ရှင်။






