Watch FIFA World Cup 2026™

LIVE, FREE and EXCLUSIVE

အိမ်နဲ့ အိမ်တွင်းပစ္စည်းများအတွက် အာမခံက ဘယ်လို အလုပ်လုပ်ပါသလဲ

Insurance.jpg
home and contents insurance

ဒီတစ်ပတ်အတွက် Australia Explained အစီအစဥ်မှာတော့ အိမ်နဲ့ အိမ်အတွင်း ပစ္စည်းများအတွက် အာမခံထားရှိဖို့ အရေးကြီးတဲ့အကြောင်းတွေကို တင်ဆက်ပေးမှာ ဖြစ်ပါတယ်။


Published

Updated

By Zoe Thomaidou

Presented by Mu Laing Thein

Source: SBS


Share this with family and friends


ဒီတစ်ပတ်အတွက် Australia Explained အစီအစဥ်မှာတော့ အိမ်နဲ့ အိမ်အတွင်း ပစ္စည်းများအတွက် အာမခံထားရှိဖို့ အရေးကြီးတဲ့အကြောင်းတွေကို တင်ဆက်ပေးမှာ ဖြစ်ပါတယ်။


အိမ်နဲ့ အိမ်အတွင်းမှာ ရှိတဲ့ ပစ္စည်းတွေ ပျက်စီးဆုံးရှုံးရမယ့် အတွေးဟာ မတွေးဝံ့စရာအတွေးတွေ ဖြစ်ပေမယ့်လည်း မဖြစ်နိုင်ဘူး ဆိုတာ မရှိတဲ့အတွက် အဲဒီလိုစိတ်မကောင်းစရာတွေက ဖြစ်တတ်ပါတယ်။

ရာသီဥတုကြောင့် အိမ်မှာ ရေကြီးတာ၊ တောမီးလောင်တာ၊ မုန်တိုင်းတွေ၊ဆိုင်ကလုန်းတွေဆိုတာ ထိန်းချုပ်လို့ မရတဲ့အရာ ဖြစ်သလို သူခိုးခိုးခံရတာတွေနဲ့ တခြားမတော်တဆမှုတွေလည်း ဖြစ်နိုင်ပါတယ်။

ဒီလို အခြေအနေကြောင့် အိမ်နဲ့ အိမ်အတွင်းက ပစ္စည်းများအတွက် အာမခံ home and contents insurance ကို ဝယ်ထားဖို့ အရေးကြီးပြီး အနည်းဆုံး အာမခံ ထဲမှာဘယ်အချက်အလက်တွေ ပါဝင်သင့်သလဲ၊ ဘယ်လို အချက်တွေကို သိထားသင့်သလဲ၊အာမခံကြေး စျေးတက်လာတဲ့အခါ ဘာတွေ လုပ်နိုင်သလဲ ဆိုတာနဲ့ ပတ်သက်ပြီးကျွမ်းကျင်သူတွေရဲ့ ပြောပြချက်တွေကို တင်ဆက်ပေးမှာ ဖြစ်ပါတယ်။

အိမ်ကို ပိုင်ဆိုင်တာပဲ ဖြစ်ဖြစ်၊ ငှားနေတာပဲ ဖြစ်ဖြစ် အိမ်အာမခံ ဆိုတာထည့်သွင်းစဥ်းစားသင့်တဲ့ အရာ ဖြစ်ပါတယ်။

နားဆင်နိုင်ပါပြီ။


Latest podcast episodes

Follow SBS Burmese

Download our apps

Watch on SBS

SBS World News

Take a global view with Australia's most comprehensive world news service

Stream now