စစ်အာဏာသိမ်းတာ လေးနှစ်နီးပါးရှိလာတဲ့ မြန်မာနိုင်ငံမှာ အခြေခံစားသောက်ကုန်စျေးနှုန်းတွေက အဆမတန်တက်လာနေပါတယ်။
ကုန်စျေးနှုန်းတွေ မြင့်တက်လာတဲ့အတွက် လူတွေရဲ့ စားသောက်မှု ပုံစံတွေ ပြောင်းလဲလာပြီး ပုံမှန်စားနေကျမဟုတ်တဲ့ စျေးသက်သာတဲ့ အစားအသောက်တွေကို စားသုံးလာကြပါတယ်။
ထမင်းတစ်နပ် လျှော့စားတာ၊ ပုံမှန်စားနေကျ အသားနဲ့ ငါးတွေကို မစားတော့တာတွေအပြင် ဆွေမျိုး၊ မိတ်ဆွေတွေရဲ့ ထောက်ပံမှုတွေနဲ့ အခြေခံစားသောက်ကုန် အခက်ခဲတွေကို ဖြေရှင်းနေကြရတာပါ။
Share





