Watch FIFA World Cup 2026™

LIVE, FREE and EXCLUSIVE starting June 12 2026

Yes လို့ မဲပေးမလား ဒါမှမဟုတ် No လား

Voters in a polling booth (SBS).jpg

ဌာနေတိုင်းရင်းသားတွေကို ဩစတြေးလျမှာ ပထမဆုံး အခြေချနေထိုင်သူတွေအဖြစ် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေထဲ သတ်မှတ်နိုင်ရေးနဲ့ ဌာနေတိုင်းရင်းသားတွေကို ကိုယ်စားပြုပေးမယ့် ကိုယ်စားလှယ်အဖွဲ့Voice to Parliamentကို လွှတ်တော်မှာ အမြဲတမ်း ထာရှိရေးအတွက် ဖွဲ့စည်းပုံ အခြေခံဥပဒေကို အပြောင်းအလဲ လုပ်ဖို့ သင့်မသင့် ဆိုတဲ့ လူထုဆန္ဒခံယူပွဲကို အောက်တိုဘာလ ၁၄ ရက်မှာ ကျင်းပမှာ ဖြစ်ပါတယ်။


Published

By Mu Laing Thein

Source: SBS



Share this with family and friends


ဌာနေတိုင်းရင်းသားတွေကို ဩစတြေးလျမှာ ပထမဆုံး အခြေချနေထိုင်သူတွေအဖြစ် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေထဲ သတ်မှတ်နိုင်ရေးနဲ့ ဌာနေတိုင်းရင်းသားတွေကို ကိုယ်စားပြုပေးမယ့် ကိုယ်စားလှယ်အဖွဲ့Voice to Parliamentကို လွှတ်တော်မှာ အမြဲတမ်း ထာရှိရေးအတွက် ဖွဲ့စည်းပုံ အခြေခံဥပဒေကို အပြောင်းအလဲ လုပ်ဖို့ သင့်မသင့် ဆိုတဲ့ လူထုဆန္ဒခံယူပွဲကို အောက်တိုဘာလ ၁၄ ရက်မှာ ကျင်းပမှာ ဖြစ်ပါတယ်။


လူထုဆန္ဒခံယူပွဲဟာ ရွေးကောက်ပွဲလိုပဲ ဖြစ်ပြီး မဲစာရွက်တစ်ခုပေါ်မှာ မိမိရဲ့ ဆန္ဒကို ပြုရမှာ ဖြစ်ပါတယ်။ ပေးထားတဲ့ စာရွက်ပေါ်မှာ Yes သို့မဟုတ် No ဆိုပြီး အင်္ဂလိပ်လို ရေးပေးရမှာ ဖြစ်ပါတယ်။

ဩစတြေးလျနိုင်ငံအတွက် နှစ်ပေါင်း ၄၀ အတွင်း ပထမဆုံးအကြိမ် လူထုဆန္ဒခံယူပွဲ ကျင်းပတာဖြစ်ပြီး ရွေးကောက်ပွဲလိုပဲ အဲဒီနေ့မှာ မဲမပေးနိုင်ရင် ကြိုတင်မဲပေးဖို့ စင်တာတွေ ဖွင့်ပေးမှာဖြစ်သလို စာတိုက်ကနေတဆင့် မဲပေးဖို့နဲ့ သက်ကြီးစင်တာတွေအထိ ရွေးကောက်ပွဲ ကော်မရှင်ကလူတွေ သွားရောက်ပြီး သက်ကြီးတွေ မဲပေးနိုင်အောင် ဆောင်ရွက်ပေးမှာဖြစ်ပါတယ်။

ပြည်ပမှာ ရောက်နေတဲ့ ဩစတြေးလျနိုင်ငံသားတွေလည်း မဲပေးနိုင်အောင် စီစဥ်ပေးမှာ ဖြစ်ပါတယ်။

Yes ကမ်ပိန်းအုပ်စုတွေကတော့ ဌာနေတိုင်းရင်းသားတွေကို ဖွဲ့စည်းပုံ အခြေခံဥပဒေထဲ အသိအမှတ်ပြုပေးရာရောက်သလို ဌာနေတိုင်းရင်းသား အရေးနဲ့ ပတ်သက်တဲ့ ပေါ်လစီတွေကို ဌာနေတိုင်းရင်းသားကို ကိုယ်စားပြုတဲ့လူတွေကိုယ်တိုင်း ဆုံးဖြတ်ချက်ချခွင့်ပေးတာက ပိုကောင်းမွန်တဲ့ ရလာဒ်ကို ရရှိစေမယ်လို့ ပြောပါတယ်။

လူတွေရဲ့ ဘဝနဲ့ သက်ဆိုင်တဲ့ ဆုံးဖြတ်ချက်တွေ ပေါ်လစီတွေကို ချမှတ်တော့မယ်ဆိုရင် အဲဒီလူတွေရဲ့ အမြင်သဘောထားကို နားထောင်ပြီး လုပ်ဆောင်တာက ပိုကောင်းမွန်တဲ့ ရလာဒ်ကို ရရှိစေမယ်လို့ ပြောဆိုကြပါတယ်။

ဌာနေတိုင်းရင်းသားတွေကို ကိုယ်စားပြုတဲ့ အဖွဲ့တွေ အရင်တုန်းကလည်း ရှိခဲ့ပေမယ့် ဖွဲ့စည်းပုံ အခြေခံ ဥပဒေထဲ ထည့်သွင်းသတ်မှတ်ပေးတာမဟုတ်တဲ့အတွက် အစိုးရတဖွဲ့ တက်လာရင် လူပြောင်း မူပြောင်းဖြစ်တတ်တဲ့အတွက် အဲဒီလို မဖြစ်ရအောင် ဖွဲ့စည်းပုံထဲ ထည့်သွင်းအသိအမှတ်ပြုသင့်တယ်လို့ Yes ကမ်ပိန်းသမားတွေက ပြောပါတယ်။

No ကမ်ပိန်း သမားတွေကတော့ voice က ဘယ်လို ဖြစ်လာမလဲဆိုတာ သေခြာမသိရသေးသလို စိတ်ဝမ်းကွဲစေတဲ့အရာ ဖြစ်တယ်လို့ ပြောပါတယ်။ ဖွဲ့စည်းပုံ အခြေခံဥပဒေထဲမှာ ထည့်သွင်းမှာဖြစ်လို မကြိုက်ရင်လည်း လွယ်လွယ်နဲ့ ပယ်လို့ရမယ့်အရာ မဟုတ်တော့ဘူးလို့လည်း ပြောဆိုကြပါတယ်။

တသီးပုဂ္ဂလ လွတ်တော်အမတ် Lidia Thorpe က Voice ကို ဦးစားပေးမယ့်အစား Treaty သဘောတူညီချက်ရဖို့ အရင်လုပ်သင့်တယ်လို့ ပြောပါတယ်။

ဌာနေတိုင်းရင်းသားခေါင်းဆောင်တွေဟာ အကြိမ်ကြိမ် ညီလာခံ ကျင်းပပြီး ရင်ထဲကလာတဲ့ အူလူယူး ထုတ်ပြန်ကြေညာချက် Uluru Statement from the Heart ကို ထုတ်ပြန်ခဲ့ပါတယ်။ ထုတ်ပြန်ချက်ထဲမှာ Voice ကိုယ်စားပြုတဲ့အဖွဲ့တစ်ခု ထားရှိပေးဖို့ Treaty ဆိုတဲ့ အစိုးရနဲ့ ဌာနေတိုင်းရင်းသားတွေအကြား သဘောတူစာချုပ် ရေးထိုးဖို့နဲ့ အမှန်တရားကိုပြောတဲ့ Truth-telling တွေ လုပ်ဖို့ ဌာနေတိုင်းရင်းသားတွေက တောင်းဆိုထားကြတာဖြစ်ပါတယ်။

ဝန်ကြီးချုပ် အန်ထော်နီ အယ်လ်ဘာနီဇီက လေဘာပါတီအနေနဲ့ ရင်ထဲက အူလူယူး ထုတ်ပြန်ကြေညာချက်ပါ တောင်းဆိုချက်တွေကို အကောင်အထည်ဖော်ပေးဖို့ ဆန္ဒရှိတဲ့အကြောင်း ပြောဆိုသွားခဲ့ပါတယ်။

ဩစတြေးလျမှာ ရှိနေတဲ့ မြန်မာတွေကရော Voice ကို ဘယ်လို မြင်ကြပါသလဲ ဆိုတာနဲ့ ပတ်သက်ပြီး မေးမြန်းတဲ့အခါမှာ အခုလို ပြောဆိုကြပါတယ်။


Latest podcast episodes

Follow SBS Burmese

Download our apps

Watch on SBS

SBS World News

Take a global view with Australia's most comprehensive world news service

Stream now