Watch FIFA World Cup 2026™

LIVE, FREE and EXCLUSIVE

အာဂျင်တီးနားက အင်္ဂလန်ကို အံ့အားသင့်ဖွယ် အနိုင်ယူလိုက်ပြီး စပိန်နဲ့ဗိုလ်လုကြမယ်

20260716132032943612-original.jpg
Argentina's Lautaro Martinez (22) celebrates after scoring his side's second goal during the World Cup semifinal soccer match between England and Argentina in Atlanta, Wednesday, July 15, 2026. (AP Photo/Jacob Kupferman) Credit: Jacob Kupferman/AP Photo/Jacob Kupferman

အာဂျင်တီးနားအသင်းဟာ ပွဲပြီးခါနီးမှာ အင်္ဂလန်ကို နှစ်ဂိုး-တစ်ဂိုးနဲ့ အသည်းယားစရာ အနိုင်ယူပြီး ဗိုလ်လုပွဲဆီ တက်လှမ်းသွားနိုင်ခဲ့ပါတယ်။ လီယွန်နယ် မက်ဆီ (Lionel Messi) ရဲ့ ခြေစွမ်းပြမှုတွေနဲ့အတူ ဗိုလ်လုပွဲဆီ လမ်းဖောက်နိုင်ခဲ့တာပါ။ ကျွန်မက မူလှိုင်းသိမ့် ပါ။ ဒါကတော့ ၂၀၂၆ ဖီဖာ ကမ္ဘာ့ဖလား ပြိုင်ပွဲရဲ့ ၃၅ ရက်မြောက်နေ့ သတင်းအကျဉ်းချုပ် ဖြစ်ပါတယ်။


Published

By Gonzalo Aguirregomezcorta

Presented by Mu Laing Thein

Source: SBS



Share this with family and friends


အာဂျင်တီးနားအသင်းဟာ ပွဲပြီးခါနီးမှာ အင်္ဂလန်ကို နှစ်ဂိုး-တစ်ဂိုးနဲ့ အသည်းယားစရာ အနိုင်ယူပြီး ဗိုလ်လုပွဲဆီ တက်လှမ်းသွားနိုင်ခဲ့ပါတယ်။ လီယွန်နယ် မက်ဆီ (Lionel Messi) ရဲ့ ခြေစွမ်းပြမှုတွေနဲ့အတူ ဗိုလ်လုပွဲဆီ လမ်းဖောက်နိုင်ခဲ့တာပါ။ ကျွန်မက မူလှိုင်းသိမ့် ပါ။ ဒါကတော့ ၂၀၂၆ ဖီဖာ ကမ္ဘာ့ဖလား ပြိုင်ပွဲရဲ့ ၃၅ ရက်မြောက်နေ့ သတင်းအကျဉ်းချုပ် ဖြစ်ပါတယ်။


လက်ရှိချန်ပီယံ အာဂျင်တီးနားအသင်းဟာ အင်္ဂလန်ကို နှစ်ဂိုး-တစ်ဂိုးနဲ့ နောက်ကလိုက်ပြီး အနိုင်ယူပြီး စပိန်နဲ့ယှဉ်ပြိုင်ရမယ့် ကမ္ဘာ့ဖလား ဗိုလ်လုပွဲဆီ တက်လှမ်းသွားနိုင်ခဲ့ပါပြီ။

ပထမပိုင်းမှာ နှစ်သင်းစလုံး ဂိုးမသွင်းနိုင်ခဲ့ဘဲ ပွဲချိန် ၅၅ မိနစ်မှာတော့ မော်ဂန် ရော်ဂျာစ် (Morgan Rogers) ရဲ့ ဖန်တီးပေးမှုကနေတစ်ဆင့် အင်္ဂလန်တောင်ပံကစားသမား အန်သိုနီ ဂေါ်ဒွန် (Anthony Gordon) က အဖွင့်ဂိုးသွင်းပြီး ပွဲကို အကြိတ်အနယ် ဖြစ်စေခဲ့ပါတယ်။ အဲဒီနောက်မှာတော့ အာဂျင်တီးနားရဲ့ တိုက်စစ်ဆင်မှုတွေ စတင်လာခဲ့ပါတယ်။

အင်္ဂလန်အသင်းဟာ ဂိုးရပြီးနောက်ပိုင်း ခံစစ်ကိုပဲ အပြည့်အဝ ပိတ်ဆော့သွားခဲ့ပြီး၊ "အယ်လ်ဘီသလက်စတေး" (Albiceleste) လို့ လူသိများတဲ့ အာဂျင်တီးနားအသင်းကတော့ ပွဲပြီးခါနီး ၁၀ မိနစ်အလိုမှာ အရှိန်အဟုန်အပြည့်နဲ့ ယုံကြည်မှု တိုးလာခဲ့ပါတယ်။

ပွဲချိန် ၈၅ မိနစ်မှာ ကွင်းလယ်လူ အန်ဇို ဖာနန်ဒက်ဇ် (Enzo Fernández) က အဝေးကန်ချက်နဲ့ အံ့သြဖွယ် ချေပဂိုး သွင်းယူပေးခဲ့ပြီး၊ ပွဲချိန်ပိုမှာတော့ လူစားဝင် တိုက်စစ်မှူး လော်တာရို မာတီနက်ဇ် (Lautaro Martínez) က ခေါင်းတိုက် အနိုင်ဂိုး သွင်းယူပေးခဲ့လို့ အာဂျင်တီးနား ဗိုလ်လုပွဲ တက်သွားခဲ့တာ ဖြစ်ပါတယ်။

မာတီနက်ဇ်က သူဟာ ပွဲအဖြေကို ပြောင်းလဲပေးနိုင်မယ့်သူ ဖြစ်မယ်လို့ ကြိုတင်ခံစားမိခဲ့ကြောင်း ပွဲအပြီးမှာ အခုလို ပြောသွားပါတယ်။

"ကျိန်ပြောရဲပါတယ်၊ ကျွန်တော် ဒါကို အိပ်မက်မက်ခဲ့တာပါ။ အရန်ခုံမှာတုန်းကလည်း ဖာကူန္ဒို မက်ဒီနာ (Facundo Medina) ကို 'ငါ လူစားဝင်ရင် ပွဲကို အနိုင်ယူပေးမယ်' လို့ ပြောခဲ့သေးတယ်။ အခု စိတ်အေးသွားတဲ့အချိန်မှာ ပြောနိုင်တာကတော့ ဒီအသင်းဟာ ဘယ်လို စိတ်ဓာတ်မျိုးနဲ့ ဖွဲ့စည်းထားလဲဆိုတာကို ထပ်ပြီး သက်သေပြလိုက်တာပါပဲ။ သူတို့ (အင်္ဂလန် အသင်းက) ပင်ပန်းသွားကြပါတယ်။ ပထမ မိနစ် ၆၀ လောက်အထိ သူတို့ ဖိကစားနိုင်ခဲ့ပေမယ့် အဲဒီနောက်ပိုင်းမှာတော့ အင်အားကုန်သွားခဲ့ကြတယ်။ သူတို့ ဂိုးရသွားပြီးတဲ့နောက် နောက်ဆုတ်သွားတာက ကျွန်တော်တို့အတွက် ဘောလုံးကို ပိုပြီး တည်တည်ငြိမ်ငြိမ် ကစားခွင့် ရစေခဲ့ပါတယ်။ ကျွန်တော်တို့ ကွင်းအကျယ်ကြီးကို အသုံးချပြီး ကစားကွက်ချဲ့နိုင်ခဲ့လို့ ဂိုးနှစ်ဂိုး သွင်းနိုင်ခဲ့တာပါ။ အခုဆိုရင် ၃ နှစ်ခွဲအကြာမှာ ကျွန်တော်တို့ ကမ္ဘာ့ဖလား ဗိုလ်လုပွဲဆီ ပြန်ရောက်လာနိုင်ခဲ့ပါပြီ။"

မက်ဆီကတော့ ဒီပွဲမှာ ဂိုးဖန်တီးမှု နှစ်ကြိမ်ပြုလုပ်ပြီး အသင်းကို အကောင်းဆုံး ဦးဆောင်မောင်းနှင်သွားခဲ့ပါတယ်။ သူဟာ ၇ ပွဲကစားအပြီးမှာ ၈ ဂိုးသွင်း၊ ၄ ဂိုးဖန်တီးမှုအထိ လုပ်နိုင်ခဲ့ပြီ ဖြစ်ပါတယ်။

———————

ရလဒ်များ - https://canva.link/r0abesj2d788gr5

လာမည့်ပွဲစဥ်များ -  https://canva.link/a4il4ignnqk5hc1

အင်္ဂလန်အသင်းကတော့ စိတ်ပျက်ဝမ်းနည်းခဲ့ရပြီး ဂိုးရပြီးနောက်ပိုင်း ခံစစ်ပိတ်ဆော့ခဲ့တဲ့အတွက် ကြီးမားတဲ့ ပေးဆပ်မှုကို ရင်ဆိုင်ခဲ့ရပါတယ်။

"ခြင်္သေ့သုံးကောင်" လို့ တင်စားခေါ်ဝေါ်ကြတဲ့ အင်္ဂလန်အသင်းဟာ တစ်ပွဲလုံးမှာ ဘောလုံးပိုင်ဆိုင်မှု ၃၆ ရာခိုင်နှုန်းပဲ ရှိခဲ့ပြီး ဂိုးကန်သွင်းခွင့် ၅ ကြိမ်မှာ ဂိုးပေါက်တည့်မှု ၂ ကြိမ်သာ ရှိခဲ့ကာ အဲဒီအထဲက တစ်ဂိုးပဲ ဝင်ခဲ့တာပါ။

အင်္ဂလန်နည်းပြချုပ် သောမတ်စ် တူခူလ် (Thomas Tuchel) ကတော့ ဒုတိယပိုင်း နည်းဗျူဟာပိုင်း အပြောင်းအလဲတွေကို ကာကွယ်ပြောဆိုသွားခဲ့ပြီး ယူရို ၂၀၂၈ (UEFA Euro 2028) အထိ နည်းပြအဖြစ် ဆက်ရှိနေမှာဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

 ——————-

အခုဆိုရင် ကမ္ဘာ့ဖလားပြိုင်ပွဲမှာ နှစ်ပွဲပဲ ကျန်ပါတော့တယ်။

တတိယနေရာလုပွဲအဖြစ် အင်္ဂလန်နဲ့ ပြင်သစ်အသင်းတို့ဟာ တနင်္ဂနွေနေ့၊ ဇူလိုင်လ ၁၉ ရက် မနက် ၆ နာရီ ၃၀ မိနစ် (AEST) မှာ ယှဉ်ပြိုင်ကြမှာဖြစ်ပြီး၊ အာဂျင်တီးနားနဲ့ စပိန်တို့ရဲ့ ဗိုလ်လုပွဲကိုတော့ တနင်္လာနေ့၊ ဇူလိုင်လ ၂၀ ရက် မနက် ၅ နာရီ (AEST) မှာ ယှဉ်ပြိုင်ကစားကြမှာ ဖြစ်ပါတယ်။ ဒီပွဲစဉ်အားလုံးကို SBS နဲ့ SBS On Demand တို့ကနေ တိုက်ရိုက်ကြည့်ရှုနိုင်မှာ ဖြစ်ပါတယ်။

အခုနားဆင်ခဲ့ရတာက ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ ၃၅ ရက်မြောက်နေ့ နေ့စဉ်သတင်းသုံးသပ်ချက်ဖြစ်ပြီး

၂၀၂၆ ဖီဖာ ကမ္ဘာ့ဖလား ပြိုင်ပွဲစဉ်တိုင်းကို SBS နဲ့ SBS On Demand တို့ကနေ တိုက်ရိုက်နဲ့ အခမဲ့ ကြည့်ရှုနိုင်ပါတယ်။ ကျွန်မက မူလှိုင်းသိမ့် ပါ။

 


Latest podcast episodes

Follow SBS Burmese

Download our apps

Watch on SBS

SBS World News

Take a global view with Australia's most comprehensive world news service

Stream now