သြစတြေးလျနှင့် အင်ဒိုနီးရှားနိုင်ငံတို့ လုံခြုံရေးစာချုပ် လက်မှတ်ရေးထိုး

Australi

epa12708028 Australia’s Prime Minister Anthony Albanese (L) and Indonesia’s President Prabowo Subianto exchange documents during their meeting at Merdeka Palace in Jakarta, Indonesia, 06 February 2026. Albanese is on an official visit to Indonesia to strengthen the bilateral relationship between the two countries. EPA/MAST IRHAM Source: EPA / MAST IRHAM/EPA

သြစတြေးလျ ဝန်ကြီးချုပ် အန်သိုနီ အယ်လ်ဘာနီးစ် (Anthony Albanese) က အခု အင်ဒိုနီးရှားနဲ့ ချုပ်ဆိုလိုက်တဲ့ လုံခြုံရေးစာချုပ်သစ်ဟာ နှစ်နိုင်ငံကြား ကာကွယ်ရေးကဏ္ဍမှာ ပိုပြီးနီးနီးကပ်ကပ် ပူးပေါင်းဆောင်ရွက်ဖို့အတွက် ထူးခြားတဲ့ အပြောင်းအလဲတစ်ခု ဖြစ်လာလိမ့်မယ်လို့ ချီးကျူးပြောဆိုလိုက်ပါတယ်။


ဒါပေမဲ့လည်း ဒီစာချုပ်ဟာ အနောက်ပါပူအာ (West Papua) က လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို လျစ်လျူရှုလိုက်သလို ဖြစ်နေပြီး၊ အင်ဒိုနီးရှားအစိုးရရဲ့ အနာဂတ် နိုင်ငံရေးဦးတည်ချက်တွေအပေါ် စိုးရိမ်စရာတွေ ရှိနေတယ်လို့ ဝေဖန်ဆန်းစစ်သူတွေက သတိပေးနေကြပါတယ်။

သမ္မတ ပရာဘိုဝို ဆူဘီယန်တိုဟာ ပြီးခဲ့တဲ့ ဖေဖော််ဝါရီ လ ၆ ရက် ာကြာနေ့က ဂျကာတာမြို့မှာ ဝန်ကြီးချုပ် အယ်လ်ဘာနီးစ်နဲ့အတူ သမိုင်းဝင်စာချုပ်ကို လက်မှတ်ရေးထိုးစဉ်အတွင်း အခုလို ပြောကြားခဲ့ပါတယ်။

"ဒီနေ့မှာတော့ ဝန်ကြီးချုပ် အယ်လ်ဘာနီးစ်နဲ့ ကျွန်တော်တို့ နှစ်နိုင်ငံကြား 'ဘုံလုံခြုံရေးစာချုပ်' (Treaty of Common Security) ကို လက်မှတ်ရေးထိုးပြီး အင်ဒိုနီးရှားနဲ့ သြစတြေးလျရဲ့ မိတ်ဖက်ဆက်ဆံရေးကို ပိုမိုခိုင်မာအောင် ဆက်လက်လုပ်ဆောင်သွားဖို့ အတည်ပြုခဲ့ကြပါတယ်။ ဒီစာချုပ်ဟာ ပူးပေါင်းဆောင်ရွက်မှုတွေကို ဆက်လက်မြှင့်တင်သွားမယ့် နှစ်နိုင်ငံလုံးရဲ့ ကတိကဝတ်ကို ထင်ဟပ်စေတာပါ။"

၂၀၂၅ ခုနှစ် နိုဝင်ဘာလမှာ စတင်ကြေညာခဲ့တဲ့ ဒီ 'သြစတြေးလျ-အင်ဒိုနီးရှား ဘုံလုံခြုံရေးစာချုပ်' ဟာ ဂျကာတာရဲ့ နိုင်ငံခြားရေးမူဝါဒမှာ အလှည့်အပြောင်းတစ်ခုဖြစ်ပြီး၊ သူတို့ အစဉ်အဆက် ကျင့်သုံးလာတဲ့ ဘက်မလိုက်ဝါဒကနေ ကာကွယ်ရေးပိုင်းမှာ ပိုပြီး ပူးပေါင်းပါဝင်တဲ့ လမ်းကြောင်းကို ဦးတည်လာတာ ဖြစ်ပါတယ်။

ဝန်ကြီးချုပ် အယ်လ်ဘာနီးစ်ကတော့ ဒီစာချုပ်ကို အရေးပါတဲ့ သမိုင်းမှတ်တိုင်တစ်ခုအဖြစ် ဖော်ပြခဲ့ပါတယ်။

"ဒါဟာ သြစတြေးလျနဲ့ အင်ဒိုနီးရှားရဲ့ ဆက်ဆံရေးဟာ အရင်ကထက် ပိုပြီးခိုင်မာနေတယ်ဆိုတာကို ပြသနေတာပါ။ ဒီနေ့ ဒီစာချုပ်ကို လက်မှတ်ရေးထိုးနိုင်တာဟာ သမ္မတ ပရာဘိုဝိုရဲ့ ခိုင်မာတဲ့ ခေါင်းဆောင်မှုနဲ့ ဒေသတွင်းတင်မက ကမ္ဘာ့လုံခြုံရေးအတွက်ပါ သူပေးထားတဲ့ ကတိကဝတ်တွေကို သက်သေပြနေတာပဲ ဖြစ်ပါတယ်။"

ဂျကာတာမှာလုပ်တဲ့ သတင်းစာရှင်းလင်းပွဲအတွင်း ဝန်ကြီးချုပ် အယ်လ်ဘာနီးစ်က စစ်ရေးအရ ပိုမိုနီးကပ်လာစေမယ့် အစီအစဉ်တွေကို အသေးစိတ် ရှင်းပြခဲ့ပါတယ်။ အင်ဒိုနီးရှား အဆင့်မြင့်စစ်အရာရှိတစ်ဦးကို သြစတြေးလျ ကာကွယ်ရေးတပ်ဖွဲ့အတွင်းမှာ တာဝန်ပေးအပ်သွားဖို့လည်း အကြမ်းဖျင်း ပြောဆိုခဲ့ပါတယ်။ ဒါဟာ နှစ်နိုင်ငံကြား ယုံကြည်မှုကို ဖော်ပြနေတာလို့ ဆိုပါတယ်။ ဒါ့အပြင် တခြားအစီအစဉ်တွေကိုလည်း အခုလို ထပ်လောင်းပြောခဲ့ပါတယ်။

"သြစတြေးလျမှာရှိတဲ့ မိတ်ဖက်တွေနဲ့ ပူးတွဲစစ်ရေးလေ့ကျင့်မှုတွေ ပိုလုပ်နိုင်အောင် ပူးတွဲစစ်သင်တန်းကျောင်းတွေ တည်ဆောက်သွားဖို့ ထောက်ပံ့ပေးသွားမှာပါ။ နောက်ပြီး နောင်တစ်ခေတ် စစ်ဘက်ခေါင်းဆောင်တွေကြားမှာ နားလည်မှုနဲ့ ဆက်ဆံရေးတွေ ပိုကောင်းလာအောင် စစ်ဘက်ဆိုင်ရာ ပညာရေးဖလှယ်မှုတွေကိုလည်း တိုးချဲ့သွားမှာ ဖြစ်ပါတယ်။"

ဒါပေမဲ့လည်း Lowy အင်စတီကျုက ဆူဆန်နာ ပက်တန် (Susannah Patton) ကတော့ သြစတြေးလျအစိုးရရဲ့ ပြောဆိုချက်တွေဟာ အနည်းငယ် ပိုလွန်းနေတယ်လို့ ဆိုပါတယ်။ အင်ဒိုနီးရှားရဲ့ ဘက်မလိုက်တဲ့ သမိုင်းကြောင်းကြောင့် အခုလို သဘောတူညီချက်မျိုး ရလာလိမ့်မယ်လို့ ဘယ်သူမှ မထင်ခဲ့ပေမဲ့၊ သမ္မတ ပရာဘိုဝို လက်ထက်မှာတော့ နိုင်ငံခြားရေးမူဝါဒ အပြောင်းအလဲတွေ ရှိလာတာလို့ သူမက ဆိုပါတယ်။ ဒါပေမဲ့ ဒီစာချုပ်ဟာ ပါပူအာနယူးဂီနီနဲ့ ချုပ်ဆိုထားသလိုမျိုး မဖြစ်မနေ စစ်ရေးအရ ကူညီရမယ်ဆိုတဲ့ သတ်မှတ်ချက် မပါဝင်ဘဲ ၁၉၉၅ ခုနှစ်က အင်ဒိုနီးရှား-သြစတြေးလျ သဘောတူညီချက်ဟောင်းအတိုင်း ညှိနှိုင်းတိုင်ပင်ရုံလောက်ပဲ ဖြစ်လိမ့်မယ်လို့ သူမက ဆိုပါတယ်။

်: "သြစတြေးလျနဲ့ အင်ဒိုနီးရှားကြားမှာ ကမ္ဘာ့အရေးကို ကြည့်တဲ့အမြင်က အခုထိ အများကြီး ကွာခြားနေတုန်းပါ။ အခုစာချုပ်ကြောင့် နှစ်နိုင်ငံလုံးရဲ့ နိုင်ငံခြားရေးမူဝါဒ လမ်းကြောင်းကြီးတစ်ခုလုံး ပြောင်းလဲသွားမယ်လို့ ပြောဖို့ ခက်ပါတယ်။ ဒါကြောင့် ဒါဟာ ကောင်းမွန်တဲ့ တိုးတက်မှုတစ်ခု ဖြစ်ပေမဲ့ ဝန်ကြီးချုပ်ပြောသလို သမိုင်းဝင် အလှည့်အပြောင်းကြီးတစ်ခုလို့ ပြောဖို့တော့ အလှမ်းဝေးပါသေးတယ်။"

Deakin တက္ကသိုလ်က ပါမောက္ခ ဒေးမီယန် ကင်းစ်ဘရီ (Damien Kingsbury) ကတော့ ဒီစာချုပ်ဟာ ပိုပြီး မတည်ငြိမ်လာတဲ့ ကမ္ဘာ့အခြေအနေမှာ အင်အားအလယ်အလတ်ရှိတဲ့ နိုင်ငံနှစ်ခုရဲ့ မဟာဗျူဟာမြောက် ပြန်လည်ပြင်ဆင်မှုဖြစ်တယ်လို့ ဆိုပါတယ်။ အနောက်ပါပူအာက လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ထောက်ပြနေတဲ့ ပါမောက္ခက ဒီစာချုပ်ကြောင့် ပါပူအာအရေးဟာ နောက်ကို ရောက်သွားလိမ့်မယ်လို့ ယူဆနေပါတယ်။

"ဩစတြေးလျနဲ့ အင်ဒိုနီးရှားကြားက ကာကွယ်ရေးစာချုပ်က တကယ်တော့ အထိမ်းအမှတ်သဘောမျိုးပဲ များပါတယ်။ နှစ်နိုင်ငံလုံးဘက်က အတိအကျ လိုက်နာရမယ့် ကတိကဝတ်မျိုးတွေ အများပြည်သူသိအောင် ရေးသားထားတာမျိုးတော့ မရှိပါဘူး။ ဒါပေမဲ့ အခုလို မရေရာတဲ့ ကမ္ဘာ့အခြေအနေမှာ ဩစတြေးလျက တခြားအင်အားလတ်နိုင်ငံတွေနဲ့ ပူးပေါင်းပြီး နေရာပြန်ယူဖို့ ကြိုးစားနေတာလည်း ဖြစ်ပါတယ်။ လူ့အခွင့်အရေး ကိစ္စတွေ၊ အထူးသဖြင့် ဝက်စ်ပါပူအာ (West Papua) ကိစ္စမှာတော့ ဒီစာချုပ်ကြောင့် ဝက်စ်ပါပူအာအရေးက ထုံးစံအတိုင်း ဘေးရောက်သွားပြန်တာပေါ့။ ဒါပေမဲ့ ဩစတြေးလျဟာ အင်ဒိုနီးရှားရဲ့ နယ်မြေပိုင်ဆိုင်မှုကို အသိအမှတ်ပြုပါတယ်လို့ အရင်ကတည်းက ပြောထားတာဆိုတော့၊ ဒီထက်ပိုတဲ့ ရလဒ်မျိုး ထွက်လာလိမ့်မယ်လို့လည်း လက်တွေ့မှာ မျှော်လင့်လို့မရပါဘူး။"

သြစတြေးလျအစိုးရအနေနဲ့ အနောက်ပါပူအာအရေးကိုသာ ထုတ်ဖော်ပြောဆိုမယ်ဆိုရင် အခုလို ကာကွယ်ရေးစာချုပ် ချုပ်နိုင်မှာ မဟုတ်ဘူးလို့ သူက ဆက်ပြောပါတယ်။

"ဒေသတွင်း တည်ငြိမ်ရေးအတွက် အနောက်ပါပူအာအရေးကို စတေးလိုက်ရသလားဆိုရင် ဟုတ်တယ်လို့ပဲ ဆိုရမှာပါ။ ဒါက အရင်ကတည်းက ဖြစ်နေကျအတိုင်းပါပဲ။ သြစတြေးလျဟာ အနောက်ပါပူအာ လွတ်လပ်ရေးကို ဘယ်တုန်းကမှ ထောက်ခံမှာ မဟုတ်ပါဘူး။"

မဲလ်ဘုန်းတက္ကသိုလ်က အင်ဒိုနီးရှားဥပဒေကျွမ်းကျင်သူ တင်မ် လင်ဆေး (Tim Lindsey) ကတော့ အင်ဒိုနီးရှားကို သွားရောက်လည်ပတ်မှုတွေ တိုးလာတာဟာ အပြုသဘောဆောင်ပေမဲ့ သမ္မတ ပရာဘိုဝိုရဲ့ အုပ်ချုပ်ပုံဟာ အရင်က ဆူဟာတို (Suharto) ခေတ်ကို ပြန်သတိရစေတယ်လို့ ဆိုပါတယ်။

"အင်ဒိုနီးရှားအစိုးရက ဒီမိုကရေစီ တက်ကြွလှုပ်ရှားသူတွေနဲ့ လူထုအခြေပြုအဖွဲ့အစည်းတွေကို နှိမ်နင်းနေတာဟာ သြစတြေးလျအတွက် ရေရှည်မှာ စိုးရိမ်စရာပါ။ ပြီးခဲ့တဲ့ သြဂုတ်လက ဆန္ဒပြပွဲတွေမှာ ရဲတပ်ဖွဲ့ရဲ့ အကြမ်းဖက်မှုတွေနဲ့ ဖမ်းဆီးမှုတွေ ရှိခဲ့ပါတယ်။ သမ္မတ ပရာဘိုဝိုကတော့ ဒါဟာ ပြည်ပက ဝင်ရောက်စွက်ဖက်မှုတွေလို့ စွပ်စွဲနေပြီး တက်ကြွလှုပ်ရှားသူတွေကို သစ္စာဖောက်တွေလို့တောင် ခေါ်ဆိုနေပါတယ်။"

ဒါ့အပြင် အင်ဒိုနီးရှားအစိုးရဟာ ပြည်ပဝါဒဖြန့်မှုတွေကို တားဆီးဖို့ ဥပဒေသစ်တစ်ရပ် ပြင်ဆင်နေပြီး အဲဒီဥပဒေဟာ ပြည်ပမှာ နေထိုင်နေတဲ့ အင်ဒိုနီးရှားနိုင်ငံသားတွေအထိ သက်ရောက်မှု ရှိလာနိုင်တယ်လို့ ပါမောက္ခ လင်ဆေးက သတိပေးလိုက်ပါတယ်။

ဒါကြောင့်မို့လို့ ပရာဘိုဝို ဆူဘီယန်တိုရဲ့ ပိုပြီးအာဏာရှင်ဆန်လာတဲ့ အစိုးရကို ဝေဖန်တဲ့သူတစ်ယောက်ယောက်ဟာ အစိုးရနဲ့ ပြဿနာတက်ပြီး အင်ဒိုနီးရှားကို ပြန်ပို့ပေးဖို့ တောင်းဆိုခံရမယ့် အနာဂတ်မျိုးကို မှန်းဆကြည့်ဖို့ မခက်ပါဘူး။ အဲဒီလိုဖြစ်လာရင် ကျွန်တော်တို့ ဩစတြေးလျအတွက် တကယ့်ကို အကျပ်ရိုက်စေမယ့် အခြေအနေမျိုး ဖြစ်လာပါလိမ့်မယ်။ အခုလောလောဆယ်တော့ ဒါမျိုးတွေ မဖြစ်သေးပေမဲ့၊ တကယ်လို့ ဖြစ်လာခဲ့ရင် နှစ်နိုင်ငံဆက်ဆံရေးကို တော်တော်လေး ထိခိုက်စေမှာ သေချာပါတယ်။"

ဒါ့အပြင် နှစ်နိုင်ငံကြား ရင်းနှီးမြှုပ်နှံမှုတွေ ပိုတိုးလာစေဖို့အတွက် ဩစတြေးလျနဲ့ အင်ဒိုနီးရှားရဲ့ နိုင်ငံတော် ရင်းနှီးမြှုပ်နှံမှု ရန်ပုံငွေအဖွဲ့တွေကြား နားလည်မှုစာချွန်လွှာ (MOU) တစ်ခုကိုလည်း လက်မှတ်ရေးထိုးခဲ့ကြပါတယ်။ ဝန်ကြီးချုပ် အယ်လ်ဘာနီးစီး (Mr. Albanese) အနေနဲ့ ၂၀၂၂ ခုနှစ်မှာ ဝန်ကြီးချုပ်ဖြစ်လာပြီးနောက်ပိုင်း အင်ဒိုနီးရှားနိုင်ငံကို အခုလို လာရောက်တာဟာ ငါးကြိမ်မြောက် ရှိပြီဖြစ်ပါတယ်။


Share

Follow SBS Burmese

Download our apps

Watch on SBS

SBS World News

Take a global view with Australia's most comprehensive world news service

Watch now