ဒီတစ်ပတ်အတွက် Australia Explained အစီအစဥ်မှာ ကျောင်းချိန်ပြင်ပ လှုပ်ရှားမှုများ after-school activities နဲ့ ပတ်သက်တဲ့အကြောင်းတွေကို တင်ဆက်ပေးမှာ ဖြစ်ပါတယ်။
ကျောင်းပြင်ပ လှုပ်ရှားမှုတွေဟာ ကလေးငယ်နဲ့ ဆယ်ကျော်သက်တွေအတွက်
အကျိုးရလာဒ်တွေ အများကြီး ရရှိစေနိုင်တဲ့ အရာတွေဖြစ်ပြီး အဲဒီအထဲမှာ
အရည်အချင်းသစ်တွေ ရနိုင်သလို သူငယ်ချင်းတွေလည်း ရနိုင်တဲ့ နေရာဖြစ်ပါတယ်။
ဩစတြေးလျနိုင်ငံက ကလေး လူငယ်တွေအတွက် ကျောင်းပြင်ပ လှုပ်ရှားမှု အစီအစဥ်တွေ
အမျိုးမျိုး ရှိကြပေမယ့် အများစုဟာ စျေးကြီးလေ့ရှိပါတယ်။ အဲဒါကြောင့် ဒီအစီအစဥ်မှာ
စျေးသက်သာတဲ့ ကျောင်းပြင်ပ လှုပ်ရှားမှုတွေကို ဘယ်လို နေရာတွေမှာ ရရှိနိုင်သလဲ
ဆိုတာကို တင်ဆက်ပေးမှာ ဖြစ်ပါတယ်။





