ဩစတြေးလျက မြန်မာနဲ့ သံတမန်ဆက်ဆံရေး လျှော့ချလိုက်တာက ဘယ်လို သက်ရောက်နိုင်လဲ

Dr. Tun Aung Shwe, NUG's Special Envoy to Australia

Dr. Tun Aung Shwe, NUG's Special Envoy to Australia Source: Dr Tun Aung Shwe (Supplied)

ဩစတြေးလျနိုင်ငံ အစိုးရက မြန်မာနိုင်ငံနဲ့ သံတမန်ဆက်ဆံရေးကို လျှော့ချလိုက်ပြီး သံအမတ်ကို မစေလွှတ်တော့ဘူးဆိုတဲ့အကြောင်း အေဘီစီသတင်းမှာ ဖော်ပြထားပါတယ်။


မြန်မာနိုင်ငံဆိုင်ရာ သံအမတ် Andrea Faulkner ရဲ့ သံအမတ်သက်တမ်းက ဧပြီလမှာ ကုန်ဆုံးတာဖြစ်ပေမယ့် ဩစတြေးလျက သံအမတ်အသစ် မပို့တော့ပဲ နိုင်ငံခြားရေးရာဌာနက အရာရှိတစ်ဦးနဲ့သာ အစားထိုးဖို့ ဆုံးဖြတ်လိုက်တာ ဖြစ်ပါတယ်။

ဒီလိုဆုံးဖြတ်ချက်ကို လူ့အခွင့်အရေးလှုပ်ရှားသူတွေနဲ့ စစ်တပ်ကို ဆန့်ကျင်သူတွေက ကြိုဆိုနေကြပါတယ်။

အာရှဆိုင်ရာ လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ရဲ့  ဒုတိယဒါရိုက်တာ ဖီလ်ရောဘတ်တ်ဆန်က ဩစတြေးလျရဲ့ စစ်ကောင်စီကို အရင်ဆုံးသွားတွေ့ခဲ့တာတွေ၊ ဖိအားပေးမှုမှာ နှောင့်နှေးခဲ့တဲ့အတွက် အားရစရာမရှိခဲ့ပေမယ့် ဒီတချီဆုံးဖြတ်ချက်ကို ကြည့်ရင် ဩစတြေးလျမှာလည်း သွားဖြဲပြလိုတဲ့ အနေအထားရှိလာတာလို့ သုံးသပ်မိကြောင်း အေဘီစီကို ပြောသွားခဲ့ပါတယ်။

ဩစတြေးလျရဲ့ ဆုံးဖြတ်ချက်အပေါ် အန်ယူဂျီရဲ့ ကိုယ်စားလှယ် ဘယ်လို မြင်ပါသလဲ၊ ဩစီရဲ့ လုပ်ဆောင်ချက်က လုံလောက်ပြီလား၊ ဘယ်လို သက်ရောက်မှုတွေ ရှိမလဲ ဆိုတာနဲ့ ဆက်စပ်ပြီး ဩစတြေးလျဆိုင်ရာ အန်ယူဂျီရဲ့ ကိုယ်စားလှည် ခေါင်းတာ ထွန်းအောင်ရွှေနဲ့ ဆက်သွယ်မေးမြန်းထားတာကို နားဆင်နိုင်ပါပြီ။ 


Share
Follow SBS Burmese

Download our apps
SBS Audio
SBS On Demand

Listen to our podcasts
Independent news and stories connecting you to life in Australia and Burmese-speaking Australians.
Ease into the English language and Australian culture. We make learning English convenient, fun and practical.
Get the latest with our exclusive in-language podcasts on your favourite podcast apps.

Watch on SBS
SBS World News

SBS World News

Take a global view with Australia's most comprehensive world news service