သုသေတနအသစ်တစ်ခုအရ ၂၀၅၀ ပြည့်နှစ်လောက်ကြရင် ကမ္ဘာပေါ်မှာ dementia ဝေဒနာသည် ၃ ဆ ပိုများလာပြီး လူဦးရေ ၁၅၃ သန်းလောက် ခံစားရနိုင်တယ်လို့ ဆိုပါတယ်။
နိုင်ငံတိုင်း နိုင်ငံတိုင်းမှာ Dementia ဝေဒနာသည်တွေ ပိုများလာဖို့ရှိနေပြီး အထူးသဖြင့် မြောက်အာဖရိကနဲ့ အရှေ့အလယ်ပိုင်းဒေသမှာ ဖြစ်ပြီး အာရှပစိဖိတ်နဲ့ အနောက်ဥရောပမှာ အနည်းဆုံး ဖြစ်မယ်လို့ ခန့်မှန်းနေကြပါတယ်။
သြစတြေးလျ အစိုးရအနေနဲ့ ဒီကိစ္စကို ကိုယ်တွယ်ပြီး ကုသနိုင်တဲ့အထိ ဖြစ်လာစေဖို့ သုတေသနလုပ်ငန်းတွေကို အားပေးအားမြောက်ပြုဖို့နဲ့ ဒီမန်းရှား မဖြစ်အောင် ကာကွယ်ပေးနိုင်မယ့်အရာတွေကို တွန်းအားပေးတာမျိုးလုပ်ဖို့ တိုက်တွန်းနေကြပါတယ်။
ဒီမန်းရှားရောဂါဟာ သြစတြေးလျနိုင်ငံမှာ ဒုတိယ အသေအပျောက် အများဆုံး ရောဂါဖြစ်တယ်လို့ သြစတြေးလျနိုင်ငံ စာရင်းအင်းဌာန Australian Bureau of Statistics မှာ ဖော်ပြထားပါတယ်။
Dementia -ဆိုတာ မှတ်ဥာဏ်တွေ တဖြေးဖြေး ယိုယွင်းလာတာလည်း ပါဝင်ပြီး အဲဒီဝေဒနာကြောင့် ၂၀၁၉ ခုနှစ်အတွင်း ကမ္ဘာပေါ်မှာ သြစတြေးလျံဒေါ်လာ ၁.၈ ထရီလျံ ဒါမှမဟုတ် အမေရိကန်ဒေါ်လာ ၁.၃ ထရီလျံ ကုန်ကျမှု ဖြစ်စေပါတယ်။






