Watch FIFA World Cup 2026™

LIVE, FREE and EXCLUSIVE

သန်းခေါင်စာရင်းအရ ဩစတြေးလျမှာ ခါတိုင်းထက် လူမျိုး‌ပေါင်းစုံ ဘာသာပေါင်းစုံပိုဖြစ်

The 2021 Census counted nearly 25.5 million people on Census night.

The 2021 Census counted nearly 25.5 million people on Census night. Source: SBS News

၂၀၂၁ ခုနှစ် သန်းခေါင်စာရင်းကို ဒီကနေ့မှာ စတင်ထုတ်ဝေလိုက်ပြီး စာရင်းအင်းတွေအရ ဩစတြေးလျနိုင်ငံရဲ့ လူဦးရေထဲမှာ အပြောင်းအလဲတွေ ဖြစ်နေတာကို တွေ့ခဲ့ရပါတယ်။


ရိုးရာယဥ်ကျေးမှု ကွဲပြားမှု ပိုများလာသလို ယုံကြည်သက်ဝင်မှုနဲ့ အိမ်ထောင်ရေးတွေမှာလည်း အပြောင်းအလဲတွေ ပိုများနေပါတယ်။

သန်းခေါင်စာရင်းကို ၂၀၂၁ ခုနှစ်မှာ ကောက်ယူခဲ့တာဖြစ်ပြီး ဒီမနက်မှာ ထုတ်ပြန်လိုက်တာဖြစ်ပါတယ်။ သန်းခေါင်စာရင်း ဖြေဆိုသင့်သူ လူပေါင်း ၉၆.၁ ရာခိုင်နှုန်းက ဖြေဆိုမှုမှာ ပါဝင်ခဲ့ကြတာဖြစ်ပြီး သန်းခေါင်စာရင်းအရ ဩစတြေးလျရဲ့ လူဦးရေဟာ ၂၅ သန်း ခွဲနီးပါး ရှိကြောင်း ပြသနေပါတယ်။

လွန်ခဲ့တဲ့ ၅ နှစ်အတွင်း ဩစတြေးလျနိုင်ငံထဲကို ဝင်ရောက်လာသူ ၁ သန်းကျော်ထဲမှာ အများစုက ကပ်ရောဂါ မတိုင်ခင်မှာ ကြိုတင်ရောက်လာကြသူတွေ ဖြစ်ပါတယ်။

သန်းခေါင်စာရင်းအရ ပြည်ပမှာ မွေးဖွားသူနဲ့ ပြည်ပကနေ ရောက်လာတဲ့ မိဘတွေကနေ မွေးဖွားလာသူရဲ့ ဦးရေက စုစုပေါင်း လူဦးရေရဲ့ တဝက်ကျော်သွားပြီလို့ ဩစတြေးလျ စာရင်းအင်းဌာနက Theresa Dickenson က ပြောပါတယ်။

ဒီကနေ့ ထုတ်ပြန်တဲ့ သန်းခေါင်စာရင်းအရ မြန်မာနိုင်ငံနဲ့ ဆက်စပ်တဲ့ လူဦးရေ စုစုပေါင်းက ၄၈၅၄၄ ဦးရှိတယ်လို့ ဖော်ပြထားပြီး အဲဒီအထဲမှာ Burmese လို့ ဖော်ပြသူက ၁၈၈၄၉ ဦး၊ ဟားခါးချင်းက ၆၃၉၄ ဦး၊ ကရင်က ၁၃၁၈၁ ဦး၊ ရိုဟင်ဂျာ ၂၂၆၅ ဦးနဲ့ Burmese and related languages (nfd) 1142 ဦးနဲ့ Burmese and related languages (NEC) မှာ 4827 ဦးရှိကြောင်း ပြသထားပါတယ်။


Share

Follow SBS Burmese

Download our apps

Watch on SBS

SBS World News

Take a global view with Australia's most comprehensive world news service

Watch now