နှစ်ပေါင်းများစွာ စစ်ကောင်စီရဲ့ လက်အောက်ခံ နယ်ခြားစောင့်တပ်အဖြစ် ရပ်တည်ခဲ့တဲ့ BGF တပ်ဖွဲ့ဟာ သူတို့ရဲ့ လက်မောင်းတံဆိပ်ကိုခွာပြီး Karen National Army (KNA) အမည်နဲ့ သီးခြားရပ်တည်ဖို့ ၂၀၂၆ ခုနှစ်ဇန်နဝါရီလ ၁ ရက်ကကြေညာလိုက်ပါတယ်။
ဒါဟာ သာမန်အမည်ပြောင်းလဲခြင်းထက် ပိုမိုနက်ရှိုင်းပြီး ကရင်ပြည်နယ်ရဲ့ ၁၀ စုနှစ်ပေါင်းများစွာ ကြာမြင့်ခဲ့တဲ့ စစ်ရေးနှင့် စီးပွားရေးချိန်ခွင်လျှာကို တစ်ဆစ်ချိုး ပြောင်းလဲပစ်နိုင်မယ့်သဘောလို့နိုင်ငံရေး လေ့လာသုံးသပ်သူတွေက ရှုမြင်နေကြပါတယ်။
Share






