Watch FIFA World Cup 2026™

LIVE, FREE and EXCLUSIVE starting June 12 2026

သြစတြေးလျ၏ ဒုက္ခသည် စရိတ်စကများ။ မြှင့်တင်ခြင်း သို့မဟုတ် ဝန်ထုပ်ဝန်ပိုးလား။

IMG_4986.jpeg

Hedayat Osyan is the CEO and founder of social enterprise Community Construction. He came to Australia by boat after fleeing the Taliban at only 17-years-old. Credit: Supplied

သြစတြေးလျသည် ဆယ်စုနှစ်တစ်ခုကျော်အတွင်း ကမ်းလွန်ပင်လယ်ပြင်ရှိ ဒုက္ခသည်များဆိုင်ရာ လုပ်ငန်းစဉ်အတွက် ဒေါ်လာ ၁၃ ဘီလီယံ သုံးစွဲခဲ့သည်။ ငွေကုန်ကြေးကျနည်းပြီး သနားကြင်နာမှု ပိုသော နည်းလမ်းရှိတယ်လို့ လူ့အခွင့်အရေးကျွမ်းကျင်သူတွေက ယုံကြည်ကြပါတယ်။


Published

By Olivia Di Iorio, Rachael Knowles

Presented by Terrell Oung

Source: SBS



Share this with family and friends


သြစတြေးလျသည် ဆယ်စုနှစ်တစ်ခုကျော်အတွင်း ကမ်းလွန်ပင်လယ်ပြင်ရှိ ဒုက္ခသည်များဆိုင်ရာ လုပ်ငန်းစဉ်အတွက် ဒေါ်လာ ၁၃ ဘီလီယံ သုံးစွဲခဲ့သည်။ ငွေကုန်ကြေးကျနည်းပြီး သနားကြင်နာမှု ပိုသော နည်းလမ်းရှိတယ်လို့ လူ့အခွင့်အရေးကျွမ်းကျင်သူတွေက ယုံကြည်ကြပါတယ်။


၁၇ နှစ်တွင် Hedayat Osyan သည် အာဖဂန်နစ္စတန်မှ ထွက်ပြေးခဲ့ပြီး တာလီဘန်တို့ ထံမှ လွတ်မြောက်ခဲ့သည်။ သြစတြေးလျနိုင်ငံသို့ လှေဖြင့် မရောက်ရှိမီ ကမ္ဘာတဝှမ်းသို့ မှောင်ခို သွင်းခြင်းခံခဲ့ရသည်။

Hedayat သည် အမြဲတမ်းနေထိုင်ခွင့်မရမီ ခရစ္စမတ်ကျွန်း၊ ထို့နောက် Melbourne တွင် ထိန်းသိမ်းခံခဲ့ရသည်။

2016 ခုနှစ်တွင် ဆောက်လုပ်ရေးလုပ်ငန်း၌ အချိန်ပိုင်းအလုပ်တစ်ခုရခဲ့သည်။

“ဒီကာလမှာ ဒုက္ခသည် တော်တော်များများက အလုပ်ရှာဖို့ ရုန်းကန်နေကြရတယ်။ အလုပ်ရသူ အချို့သည် ဘာသာစကားအခက်အခဲ၊ အဆက်အသွယ်မရှိခြင်းကြောင့် အလုပ်ခွင်တွင်ခေါင်းပုံဖြတ် ခံနေ ရသည်” ဟု ၎င်းက SBS Examines သို့ ပြောကြားခဲ့သည်။

Hedayat သည် ဒုက္ခသည်များနှင့် ခိုလှုံခွင့်ရှာဖွေသူများကို အလုပ်ခန့်ထားသော လူမှုစီးပွားရေး လုပ်ငန်းတစ်ခုဖြစ်သည့် Community Construction ကို တည်ထောင်ခဲ့သည်။ ၎င်းတို့သည် ပရောဂျက် ၃၀၀ ကျော်ကို ပြီးမြောက်ခဲ့ပြီး လူ ၁၀၀ ကျော်ကို အလုပ်ခန့်ထားသည်။

“ဒုက္ခသည်တွေဆီကနေ နေ့တိုင်း အနည်းဆုံး လျှောက်လွှာငါးခု လက်ခံတယ်။ အလုပ်လုပ်ချင်ကြ တယ်၊ အလှူငွေထည့်ချင်တယ်၊ မိသားစုကို ထောက်ပံ့ချင်ကြတယ်။ သူတို့က Centrelink မှငွေမလိုချင်ပေမယ့် တန်းတူအခွင့်အရေးမရှိဘူး” ဟု Hedayat ကပြောကြားခဲ့သည်။

ပြည်ထဲရေးဝန်ကြီးဌာန၏ အဆိုအရ ၂၀၁၁ ခုနှစ်မှ ၂၀၂၃ ခုနှစ်အတွင်း ကမ်းလွန်ပင်လယ်ပြင် အစီအစဉ်၌ အမေရိကန်ဒေါ်လာ ၁၃ ဘီလီယံကျော် သုံးစွဲခဲ့သည်။

"ကျွန်ုပ်တို့ မ်းလွန်သို့ ပို့လိုက်သော လူတစ်ဦးလျှင် ထိုအချိန်က၊ ပျမ်းမျှအားဖြင့် ဒေါ်လာ တစ်သန်းခွဲကျော် ကုန်ကျသည်၊" ဟု Asylum Seeker Resource Centre ၏ လက်ထောက် CEO Jana Favero က ပြောကြားခဲ့သည်။

Onshore စီမံဆောင်ရွက်မှုသည် အလားအလာရှိသော ဖြေရှင်းချက်ဖြစ်သည်ဟု သူမယုံကြည် သည်။

“Malcolm Fraser လက်အောက်မှာ ယူဆောင်လာခဲ့တဲ့ ကျယ်ကျယ်ပြန့်ပြန့် အစီအစဥ်က ကြိုဆို ခဲ့ပြီး သြစတြေးလျမှာ လူတွေကို တိုက်ရိုက် အခြေချနေထိုင်စေခဲ့တယ်၊ ဒါကြောင့် သူတို့ အသက် အန္တရာယ် ပေးစရာ မလိုပါဘူး… သူတို့လည်း ဝင်လာပြီး သြစတြေးလျကို ဖြည့်ဆည်းပေး ခဲ့ပါ တယ်” ဟု သူမက ပြောကြားခဲ့သည်။

ဤအပိုင်းတွင်၊ SBS Examines သည် သြစတြေးလျ၏ ဒုက္ခသည်မူဝါဒများကို စုံစမ်းပြီး လူ့အခွင့် အရေးနှင့် စီးပွားရေးကို ကျွန်ုပ်တို့ မည်ကဲ့သို့ ဦးစားပေးရမည်ကို မေးခွန်းထုတ်ပါသည်။


Latest podcast episodes

Follow SBS Burmese

Download our apps

Watch on SBS

SBS World News

Take a global view with Australia's most comprehensive world news service

Stream now