ဩစတြေးလျ အစိုးရက မြန်မာနိုင်ငံက ငလျင်ဒဏ်သင့် ပြည်သူတွေကို ကူညီဖို့ နောက်ထပ် ဒေါ်လာ ၇ သန်း ပေးမယ်လို့ အရင်ရက်တွေက ကြေညာပါတယ်။ အရင်တစ်ပတ်က ဒေါ်လာ ၂ သန်း ပေးမယ်လို့ ကြေညာပြီး အခု နောက်ထပ် ၇ သန်း ကူညီတာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံရဲ့ ငလျင်နဲ့ ဆက်စပ်တဲ့ သတင်းတွေ ရက်ဆက်ဆိုသလို နိုင်ငံတကာသတင်းမီဒီယာတွေမှာ မြင်ရကြားရမှာဖြစ်ပါတယ်။
အဲလိုတွေ မြင်ရကြားရတဲ့အခါမှာ ဘယ်လိုတွေ ခံစားရသလဲ ဘယ်လိုတွေ တုန့်ပြန်ကြသလဲ ဆိုတဲ့အကြောင်း မဲလ်ဘုန်းမြို့က မြန်မာ့အရေးနဲ့ ပတ်သက်လာရင် တက်ကြွလှုပ်ရှားသူ ၃ ဦးကို ဆက်သွယ်မေးမြန်းထားပါတယ်။
Share





