SKIP TO MAIN CONTENT

နိုင်ငံရေးလှုပ်ရှားသူတွေကို စောင့်ကြည့်ဖို့ မြန်မာစစ်တပ် E-passport ဥပဒေသစ် ပြဌာန်း။

Burmese Passport.jpg
Burmese Military New E-Passport.

အာဏာသိမ်းစစ်တပ် က အခန်း (၈) ခန်းပါဝင်တဲ့ အီလက်ထရောနစ်ပတ်စ်ပို့ - မြန်မာနိုင်ငံကူးလက်မှတ်ဆိုင်ရာဥပဒေသစ်ကို မတ်လ ၁၇ ရက်နေ့မှာ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ(ကာလုံ) ကပြဋ္ဌာန်းလိုက်ပါတယ်။


Published

By Nyunt Thu Sein

Presented by Nyunt Thu Sein

Source: SBS


Skip to podcast episode content

အာဏာသိမ်းစစ်တပ် က အခန်း (၈) ခန်းပါဝင်တဲ့ အီလက်ထရောနစ်ပတ်စ်ပို့ - မြန်မာနိုင်ငံကူးလက်မှတ်ဆိုင်ရာဥပဒေသစ်ကို မတ်လ ၁၇ ရက်နေ့မှာ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ(ကာလုံ) ကပြဋ္ဌာန်းလိုက်ပါတယ်။


စစ်ကောင်စီက ဒီဥပဒေကို “နိုင်ငံလုံခြုံရေး ကာကွယ်ဖို့ စာရွက်စာတမ်း လိမ်လည်မှု တားဆီးဖို့လို့ပြောပေမဲ့လည်း လူ့အခွင့်အရေး အဖွဲ့အစည်းတွေ၊ ဥပဒေပညာရှင်တွေနဲ့ နည်းပညာလွတ်လပ်ခွင့် တက်ကြွလှုပ်ရှားသူတွေကတော့ ဒီဥပဒေဟာ တော်လှန်ရေးသမားတွေရဲ့လှုပ်ရှားမှုကို စောင့်ကြည့်ထိန်းချုပ်ဖို့ စစ်တပ်က လှမ်းလာတဲ့ ခြေလှမ်းအသစ်လို့ ပြောဆိုကြနေကြပါတယ်။

နိုင်ငံကူးလက်မှတ်ဆိုတာဟာ နိုင်ငံသားတစ်ဦးရဲ့ လွတ်လပ်စွာ သွားလာခွင့် (Freedom of Movement) ကို ကိုယ်စားပြုရမဲ့အစား၊ ထိန်းချုပ်ရေး ကိရိယာအဖြစ် ပြောင်းလဲသွားတာဟာ လူ့အခွင့်အရေး ချိုးဖောက်မှုဖြစ်တယ်လို့လည်း ဥပဒေပညာရှင်တွေက ပြောပါတယ်။


Latest podcast episodes

Follow SBS Burmese

Download our apps

Watch on SBS

SBS World News

Take a global view with Australia's most comprehensive world news service

Stream now