West Australian လွှတ်တော်အမတ် Dorinda Cox က ဂရင်းပါတီကနေ နှုတ်ထွက်ပြီး လေဘာပါတီရဲ့ လွှတ်တော်အမတ်အဖြစ် ရပ်တည်မယ်လို့ ဒီကနေ့ဇွန်လ ၃ ရက်မှာ ကြေညာလိုက်ပါတယ်။
အိုသွေး အလှူရှင်များ အရေးပေါ် လိုအပ်
ဩစတြေးလျနိုင်ငံ ကြက်ခြေနီအသင်း Red Cross က သွေးတွေ လျူဒါန်းကြဖို့ အရေးပေါ် တိုက်တွန်းမှု လုပ်လိုက်ပါတယ်။
O negative နဲ့ O positive သွေးအမျိုးအစား စုဆောင်းမှုဟာ လုံးဝကို နိမ့်ကျတဲ့ အဆင့်ကို ရောက်ရှိနေတဲ့အတွက် လာမယ် ၇ ရက် သတင်းပတ် တစ်ခုအတွင်းမှာ သွေးအလှူရှင် ၉၅၀၀ လိုအပ်တယ်လို့ ပြောပါတယ်။ ဒီလိုမှသာ နိုင်ငံတလွှားမှာ သွေးလိုအပ်နေတဲ့ လူနာတွေကို ကူညီနိုင်မှာ ဖြစ်တယ်လို့ ပြောပါတယ်။