Watch FIFA World Cup 2026™

LIVE, FREE and EXCLUSIVE

မေလ ၄ ရက် ၂၀၂၁ သတင်းပေါ့ကဒ်စ်

Burmese Podcast News
SBS မြန်မာပိုင်း အစီအစဉ်ပေါ့ကတ်စ် သတင်းများ။ Source: SBS Burmese

မြန်မာနိုင်ငံ နေရာအများအပြားမှာ ဖောက်ခွဲမှုတွေ၊ ပစ်ခတ်မှုတွေ ဆက်လက် ဖြစ်ပေါ်တဲ့အကြောင်း၊ တရုတ်အနေနဲ့ တောင်တရုတ်ပင်လယ်ပြင်မှာ ပိုင်ဆိုင်မှု အငြင်းပွားနေတဲ့ နေရာကနေ ထွက်ခွာဖို့ ဖိလစ်ပိုင်က ပြောဆိုလိုက်တဲ့ သတင်းအပြင် တခြား သတင်းတွေကိုလည်း နားဆင်ရမှာ ဖြစ်ပါတယ်။


Published

Presented by Mu Laing Thein

Source: SBS


Share this with family and friends


မြန်မာနိုင်ငံ နေရာအများအပြားမှာ ဖောက်ခွဲမှုတွေ၊ ပစ်ခတ်မှုတွေ ဆက်လက် ဖြစ်ပေါ်တဲ့အကြောင်း၊ တရုတ်အနေနဲ့ တောင်တရုတ်ပင်လယ်ပြင်မှာ ပိုင်ဆိုင်မှု အငြင်းပွားနေတဲ့ နေရာကနေ ထွက်ခွာဖို့ ဖိလစ်ပိုင်က ပြောဆိုလိုက်တဲ့ သတင်းအပြင် တခြား သတင်းတွေကိုလည်း နားဆင်ရမှာ ဖြစ်ပါတယ်။


ကမာ္ဘ့ထိပ်သီး စက်မှုနိုင်ငံများ G7 ရဲ့ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးမှာ မြန်မာနိုင်ငံအကြောင်း၊ ဆီးရီးယား၊ အာဖဂန်နစ္စတန်အကြောင်းတွေအပြင် တရုတ်နဲ့ ရုရှားအကြောငး်တွေလည်း ဆွေးနွေးခဲ့ကြပါတယ်။

အင်္ဂါနေ့မှာ ပြုလုပ်တဲ့ အစည်းအဝေးအတွင်း G7 အဖွဲ့ဝင်တွေအနေနဲ့ မြန်မာစစ်တပ်နဲ့ ဆက်စပ်နေတဲ့ တသီးပုဂ္ဂလတွေနဲ့ အဖွဲ့တွေကို ဒဏ်ခတ်ပိတ်ဆို့မှု လုပ်ဖို့ မျှော်လင့်ပြီး လက်နက်ရောင်းချမှု ပိတ်ပင်တာနဲ့ မြန်မာပြည်သူတွေကို လူသားခြင်း စာနာရေးအကူညီတွေ ပေးကြဖို့ မျှော်လင့်မိတယ်လို့ ဗြိတိန်နိုင်ငံခြားရေး ဝန်ကြီး Dominic Rabb က ပြောပါတယ်။


သူဟာ အာဏာသိမ်းမှု ဖြစ်ပေါ်ပြီးနောက် တရားစှဲဆိုခံရတဲ့ပထမဆုံးနိုငျငံခွားသားသတငျးထောကျဖွဈပါတယျ။


မြန်မာနိုင်ငံ တလွှားက နေရာတချို့မှာ ဗုံးပေါက်ကွဲမှုတွေ ပစ်ခတ်မှုတွေ ဖြစ်ပေါ်နေပါတယ်။


ချင်းပြည်နယ်မှာ မေလ ၂ ၇က်ကတည်းက ချင်းဒေသ ကာကွယ်ရေးတပ်နဲ့ စစ်ကောင်စီတပ်အကြား တိုက်ပွဲတွေ ဖြစ်နေပြီး သေဆုံးမှုတွေလည်း ရှိပါတယ်။ 

ကချင်ပြည်နယ်မှာ စစ်ရဟတ်ယာဉ် တစ်စင်း ပစ်ခတ်ခံရပြီးနောက် အလော့ဘွမ်တောင်တန်းမှာ တိုက်ပွဲတွေ ပြင်းထန်နေပါတယ်။

ဒါ့အပြင် လက်နက်ကြီးပစ်ခတ်မှုကြောင့် ကချင်မှာ ဘုန်းကြီးတစ်ပါး ပျံလွန်သလို တခြားလူ တွေလည်း သေဆုံးမှုတွေ၊ ဒဏ်ရာရမှုတွေ ရှိခဲ့ပါတယ်။

ကချင် ကေအိုင်အေရဲ့ တိုက်ခိုက်မှုကြောင့် မံစီမြို့နယ် ရဲမှူးသေဆုံးခဲ့ရပါတယ်။

ကယားပြည်နယ် ဖရူဆိုမြို့နယ် အထွေထွေအုပ်ချုပ်ရေးရုံးမှာလည်း ဒီကနေ့မှာ ဗုံး ၂ လုံးပေါက်ကွဲမှုဖြစ်ခဲ့ပါတယ်။

အရင်ရက်တုန်းက ပြည်မြို့နယ်ထဲမှာ ဗုံးပေါက်ကွဲတာကြောင့် NLD ပါတီရဲ့ ပဲခူးတိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်ဖြစ်ခဲ့သူ ဦးသက်ဝင်းလှိုင် အပါအဝင် လူတချို့ သေဆုံးခဲ့ရပါတယ်။

အိန္ဒိယနိုင်ငံမှာ သောင်တင်နေတဲ့ သြစတြေးလျနိုင်ငံသားတွေကို ဝင်ခွင့်မပေးတာဟာ ခွဲခြားမှုဖြစ်ပြီး အစိုးရအနေနဲ့ နောင်ကြရင် တရားရင်ဆိုင်ရနိုင်တယ်လို့ ပြောဆိုမှုတွေ ရှိပါတယ်။

ဝေဖန်သူတွေကတော့ အမေရိကန်နဲ့ ယူကေတို့ ဥရောပတို့မှာ ရောဂါအဖြစ်များတုန်းကလည်း သြစတြေးလျကို ဝင်လာခွင့်ရပေမယ့် အိန္ဒိယမျာ သောင်တင်တဲ့လူတွေကို ဝင်ခွင့်မပေးတဲ့အတွက် ဒါဟာ နိုင်ငံသားဖြစ်တာခြင်း အတူတူ ခွဲခြားမှု လုပ်တာလို့ ဝေဖန်ကြပါတယ်။

ဝန်ကြီးချုပ် Scott Morrison ကတော့ ခွဲခြားမှု လုပ်တာမဟုတ်ပဲ ကျန်းမာရေးအရ လုပ်ဆောင်ခြင်းသာ ဖြစ်တယ်လို့ ပြောပါတယ်။

အစိုးရက မေလ အစောပိုင်းကနေ မေလ ၁၅ ရက်အထိ အိန္ဒိယနိုင်ငံက လူတွေကို ဝင်ခွင့်ပိတ်ပင်ထားတာ ဖြစ်ပြီး လိုက်နာမှု မရှိရင် ထောင်ဒဏ် ၅ နှစ် သို့ ဒဏ်ငွေ ၆၆၀၀၀ ပေးရမယ်လို့ ထုတ်ပြန်ခဲ့တဲ့အပေါ် ဝေဖန်ခံရတာ ဖြစ်ပါတယ်။

အိန္ဒိယမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ သန်း ၂၀ ကျော်သွားပြီး အယောက်ပေါင်း နှစ်သိန်းနှစ်သောင်းကျော် သေဆုံးရပြီ ဖြစ်ပါတယ်။

တစ်ရက်မှာ လူပေါင်း ၂.၁ သန်းလောက် ကာကွယ်ဆေး ထိုးနေကြတာဖြစ်ပေမယ့် ဒါဟာ လူဦးရေရဲ့ ၀.၁၅ နှုန်းသာ ရှိတာ ဖြစ်ပါတယ်။

ကမာ္ဘ့ကျန်းမာရေးအဖွဲ့့ရဲ့ သိပ္ပံပညာရှင်တွေရဲ့ အဆိုအရ တချို့နိုင်ငံမှာ သူတို့ရဲ့ လူဦးရေ ၅၀% လောက်ကို ကိုဗစ်-၁၉ ကာကွယ်ဆေးတွေ ထိုးပေးတဲ့နောက်ပိုင်း ရောဂါ ကူးစက်မှုတွေ သိသိသာသာ ကျဆင်းလာတာကို တွေ့ရတယ်လို့ ပြောပါတယ်။

ဒီလို အချက်ကို တွေ့ရတာ အားရစရာ ဆိုပေမယ့် ဒီလေ့လာမှုက ကနဦးလေ့လာမှုသာ ဖြစ်ပြီး အိန္ဓိယနိုင်ငံအတွက်တော့ လူဦးရေ ၅၀% ကာကွယ်ဆေးထိုးဖို့အတွက် အချိန်ယူပြီး လုပ်ရဦးမှာ ဖြစ်တယ်လို့ ကမာ္ဘ့ကျန်းမာရေးအဖွဲ့ရဲ့ အကြီးအကဲ Doctor Soumya Swaminathan  က ပြောပါတယ်။

အိန္ဒိယလို နိုင်ငံမှာ လူပေါင်း ဘီလီယံ တ ဝက်လောက် ကာကွယ်ဆေး ထိုးရမှာ ဖြစ်ပါတယ်။ အဲဒီတော့ နေ့တွင်းခြင်း လုပ်နိုင်မယ့် အရာမဟုတ်ပါဘူး။ အဲဒါက အဓိက အစိတ်အပိုင်း ဖြစ်ပါတယ်။ ကာကွယ်ဆေး ထိုးပေးတဲ့ အစီအစဉ်နဲ့ ပတ်သက်လာရင် အိန္ဒိယရဲ့ လုပ်ဆောင်ချက်က ကောင်းမွန်တယ်လို့ မြင်ပါတယ်။ ပုဂလိဌာနတွေ၊ အစိုးရဌာနတွေကို အသုံးချပြီး လုပ်ဆောင်သွားပါတယ်။ ဒါပေမဲ့ အခုလောလောဆယ် ကြုံရတဲ့ ကန့်သတ်ချက်ကတော့ ဆေးဝါးလုံလောက်စွာ မရှိခြင်းပဲ ဖြစ်တယ်လို့ ပြောသွားခဲ့ပါတယ်။

ကမာ္ဘ့ကျန်းမာရေးအဖွဲ့ရဲ့ အဆိုအရ ကမာ္ဘရဲ့ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုနှုန်းဟာ ဖေဖော်ဝါရီလ လည်ပိုင်းကစပြီး ပထမဆုံးအကြိမ် ကျဆင်းလာနေပြီး ရောဂါကူးစက်မှုအားလုံးရဲ့ တဝက်ကတော့ အိန္ဒိယနဲ့ ဘရာဇီးလ်မှာ ဖြစ်နေတာလို့ ပြောပါတယ်။

တောင်တရုတ်ပင်လယ်မှာ နေရာပိုင်ဆိုင်မှုနဲ့ ဆက်စပ်ပြီး တရုတ်နဲ့ ဖိလစ်ပိုင်နိုင်ငံအကြား တင်းမာမှုတွေ ပြင်းထန်နေပါတယ်။

ရေပိုင်နက် အငြင်းပွားနေတဲ့ ကိစ္စနဲ့ ပတ်သတ်ပြီး တရုတ်နိုင်ငံခြားရေး ဝန်ကြီးက

မိတ်ဆွေ တရုတ်ကြီးရေ ဘယ်လောက်အထိ ယဉ်ယဉ်ကျေးကျေး ပြောရတော့မလဲ။ အင်း စဉ်းစားလိုက်ဦးမယ် - Get the F out.  ဆိုပြီးတော့ အဆဲစကားနဲ့ တွစ်တာပေါ်မှာ တွစ်လုပ်ခဲ့ပါတယ်။

နှစ်နိုင်ငံ ချစ်ကြည်ရေးကို ဘာကြောင့် ဒီလို ဖျက်ဆီးနေတာလဲ၊ ဖိလစ်ပိုင်ဖက်က ဖျက်တာမဟုတ်ပဲ တရုတ်ဖက်က ဖျက်နေတာဖြစ်ကြောင်းလည်း ရေးသားထားပါတယ်။

တောင်တရုတ်ပင်လယ် ရေပိုင်နက် ကိစ္စနဲ့ ဆက်စပ်ပြီး နိုင်ငံတကာ ရေပိုင်နက်ဆိုင်ရာ ဆုံးဖြတ်ရေးအဖွဲ့က တရုတ်အနေနဲ့ တောင်တရုတ်ပင်လယ်ပြင် နေရာ ၉၀% ပိုင်ဆိုင်တဲ့ ဆိုတဲ့ ပြောဆိုချက်ကို ပယ်ချခဲ့ပါတယ်။

တရုတ်နိုင်ငံကတော့ အဲဒီ ဆုံးဖြတ်ချက်ကို ငြင်းပယ်ထားပါတယ်။

Mexico City. မှာ ဂုံးကျော် တံတား ပြိုကျရာက အနည်းဆုံး လူ ၂၀ သေဆုံးခဲ့ရပါတယ်။

အဲဒီ တံတားပြိုကျလို့ ပြေးဆွဲနေတဲ့ ရထားလည်း လမ်းကြောင်းလွဲခဲ့ရသလို ကားတွေဟာလည်း အပျက်အစီးတွေကြားမှာ ပိတ်မိနေပါတယ်။

အနည်းဆုံး လူ ၄၉ ဦးလည်း ဒဏ်ရာ ရရှိထားပြီး အခုလောလောဆယ် ကယ်ဆယ်ရေးသမားတွေက အပျက်အစီးတွေကြား ရှာဖွေမှု လုပ်နေဆဲ ဖြစ်ပါတယ်။ 

သြစတြေးလျနိုင်ငံ ဗဟိုဘဏ်က အတိုးနှုန်းကို ၀.၁ % မှာပဲ ဆက်လက်ထားရှိဖို့ ဘုတ်အဖွဲ့ရဲ့ လစဉ် အစည်းအဝေးမှာ ဆုံးဖြတ်လိုက်ပါတယ်။

ငွေကြေးဖောင်းပွမှုတွေက ၂% ကနေ ၃% အထိ တိုးလာကြောင်း သက်သေနဲ့တကွ မတွေ့ရမခြင်း အတိုးနှုန်းကို မတိုးဘူးလို့ ဗဟိုဘဏ်အကြီးအကဲ Philip Lowe က ပြောပါတယ်။

အလုပ်အကိုင်ဈေးကွက်မှာလည်း လုပ်အားခလစာနှုန်းထားက ဒီထက်မက များလာဖို့ လိုအပ်တယ်လို့လည်း ပြောဆိုလိုက်ပါတယ်။

ခရစ်ကက် အားကစားသတင်းမှာတော့ ကိုရိုနာဗိုင်းရပ်စ် ရောဂါရဲ့ ခြိမ်းခြောက်မှုကြောင်း IPL Indian Premier League ကစားပွဲကို အချိန်အကန့်အသတ်မရှိ ဖျက်သိမ်းထားပါတယ်။

Sunrisers Hyderabad ရဲ့ ကစားသမား Wriddhiman Saha မှာ COVID-19 ရောဂါ ရှိကြောင်း သိရပြီးနောက် ပွဲကို ဖျက်သိမ်းလိုက်တာ ဖြစ်ပြီး ဒါဟာ ခရစ်ကက် အသင်း ၃ ခုမြောက်မှာ ရောဂါပိုး ရှိနေတာ ဖြစ်ပါတယ်။

သြစတြေးလျနိုင်ငံက ခရစ်ကက်ကစားသမားတချို့ကိုလည်း ကွာရန်တင်းဝင်ခိုင်းထားပြီး သြစတြေးလျံ ခရစ်ကက်ကစားသမားတွေ၊ အမှုထမ်းတွေနဲ့ အားကစားအရာရှိ စုစုပေါင်း အယောက် ၄၀ လောက် အိန္ဒိယမှာ သောင်တင်နေပါတယ်။


Latest podcast episodes

Follow SBS Burmese

Download our apps

Watch on SBS

SBS World News

Take a global view with Australia's most comprehensive world news service

Stream now