SKIP TO MAIN CONTENT

တရုတ်က ဩစီနဲ့ ပူးပေါင်းမှုပိုလုပ်ဖို့ လိုလား

Chinese Ambassador Xiao Qian
Chinese Ambassador Xiao Qian Source: China Embassy

ဩစတြေးလျနိုင်ငံဆိုင်ရာ တရုတ်သံအမတ်က ဩစတြေးလျနိုင်ငံနဲ့ တရုတ်အကြား ဆက်ဆံရေးကို ပိုမိုကောင်းမွန်လာဖို့မျှော်လင့်တယ်လို့ ပြောဆိုထားပါတယ်။


Published

Source: SBS


Skip to podcast episode content

ဩစတြေးလျနိုင်ငံဆိုင်ရာ တရုတ်သံအမတ်က ဩစတြေးလျနိုင်ငံနဲ့ တရုတ်အကြား ဆက်ဆံရေးကို ပိုမိုကောင်းမွန်လာဖို့မျှော်လင့်တယ်လို့ ပြောဆိုထားပါတယ်။


ဆစ်ဒနီမြို့မှာ ကျင်းပခဲ့တဲ့ အခမ်းအနားတစ်ခုမှာ တရုတ်သံအမတ် Xiao Qian က လွန်ခဲ့တဲ့ နှစ်တွေအတွင်း တရုတ်နဲ့ ဩစတြေးလျအကြား ဆက်ဆံရေး သိပ်မကောင်းမွန်ခဲ့တာကို အသိအမှတ်ပြု ပြောဆိုခဲ့ပြီး တရုတ်အနေနဲ့ ဩစတြေးလျနဲ့ ရင်းနှီးတဲ့ပူးပေါင်းဆောင်ရွက်မှု ထားရှိချင်တဲ့ မူဝါဒကတော့ မပြောင်းမလဲ ရှိနေတုန်းပဲလို့ ပြောသွားခဲ့ပါတယ်။

ဩစတြေးလျနဲ့ တရုတ်အကြား တင်းမာမှုတွေ ဖြစ်ပေါ်ပြီး ၂ နှစ်အကြာမှာ အေးစက်တဲ့ ဆက်ဆံရေးမှာ နွေးထွေးတဲ့ လက္ခဏာတွေ ပြလာနေတုန်း တရုတ်ဖက်က အဲဒီလို ပြောဆိုခဲ့တာလည်း ဖြစ်ပါတယ်။ လေဘာပါတီ အစိုးရဖြစ်လာပြီးတဲ့နောက် ဩစတြေးလျရဲ့ ကာကွယ်ရေးဝန်ကြီးအသစ် Richard Marles  ဟာ လွန်ခဲ့တဲ့ သတင်းပတ် ၃ ပတ်လောက်မှာ စင်ကာပူနိုင်ငံကို သွားရောက်တုန်း တရုတ်ကာကွယ်ရေး ဝန်ကြီးနဲ့ သီးသန့်တွေ့ဆုံမှု လုပ်ခဲ့ပါတယ်။

အဲဒါ့အပြင် လေဘာပါတီက ရွေးကောက်ပွဲမှာ အနိုင်ရရှိပြီးတဲ့နောက် တရုတ်နိုင်ငံမှာ ဒုတိယ ဩဇာအာဏာအရှိဆုံးဖြစ်တဲ့ ဝန်ကြီးချုပ် Li Keqiang ကလည်း ဝန်ကြီးချုပ်အသစ် အန်ထော်နီ အယ်လ်ဘာနီဇီကို ဂုဏ်ပြုတဲ့ သတင်းစကားပေးပို့ခဲ့တာ ရှိပါတယ်။

ဆက်ဆံရေး တိုးတက်လာတဲ့ လက္ခဏာ ရှိလာပေမယ့် ဩစတြေးလျနဲ့ တရုတ်အကြား ဆက်ဆံရေးက တင်းမာလျက်ရှိနေပါတယ်။

မကြာခင်တုန်းကပဲ တရုတ်နိုင်ငံက တိုက်လေယာဥ်တစ်စင်းဟာ ပိုင်ဆိုင်မှု အငြင်းပွားနေကြတဲ့ တောင်တရုတ်ပင်လယ်ပြင်အပေါ်မှာ ရှိနေတဲ့ ဩစတြေးလျ လေယာဥ်အနားကို လင်းကျဥ် အချက်ပြမီးနဲ့ သံစတွေကို လွတ်လိုက်တာမျိုး ရှိခဲ့သလို ဩစတြေးလျရဲ့ ထုတ်ကုန်တွေအပေါ် ချမှတ်တဲ့ တရုတ်ရဲ့ အခွန်ကိစ္စတွေမှာတော့ တိုးတက်မှုတွေမရှိသေးပါဘူး။

ဆက်ဆံရေးတိုးမြင့်ချင်ရင် တရုတ်ဖက်က ဩစတြေးလျအပေါ် ချမှတ်ထားတဲ့ ဒဏ်ခတ်ပိတ်ဆို့မှုတွေကို ဖယ်ရှားပေးမှ ရမယ်လို့လည်း မကြာခင်က ဝန်ကြီးချုပ် အယ်လ်ဘာနီဇီက ပြောပါတယ်။

နားဆင်နိုင်ပါပြီ။ 


Latest podcast episodes

Follow SBS Burmese

Download our apps

Watch on SBS

SBS World News

Take a global view with Australia's most comprehensive world news service

Stream now