Public health department officials, municipal officials and volunteer red cross members put up a billboard of awareness and precaution guidelines about the Cholera disease. Source: EPA / NYEIN CHAN NAING/EPA-EFE
ရန်ကုန်မြို့မှာ သြဂုတ်လအစောပိုင်းကနေ စပြီးကာလဝမ်းရောဂါဖြစ်တဲ့ ဝမ်းပျက်ဝမ်းလျှောရောဂါ ဖြစ်ပွားမှု အရှိန်အဟုန်နဲ့ တိုးလာနေပြီး လူသေဆုံးမှုတွေလည်းရှိနေကာ ရောဂါဖြစ်ပွားသူရေ ၂၆၀ကျော်နဲ့အထက် ရှိနေတယ်လို့သိရပါတယ်။ Published 18 August 2026 2:33pm
By Nyunt Thu Sein
Presented by Nyunt Thu Sein
Source: SBS
Skip to podcast episode content Share this with family and friends
ရန်ကုန်မြို့မှာ သြဂုတ်လအစောပိုင်းကနေ စပြီးကာလဝမ်းရောဂါဖြစ်တဲ့ ဝမ်းပျက်ဝမ်းလျှောရောဂါ ဖြစ်ပွားမှု အရှိန်အဟုန်နဲ့ တိုးလာနေပြီး လူသေဆုံးမှုတွေလည်းရှိနေကာ ရောဂါဖြစ်ပွားသူရေ ၂၆၀ကျော်နဲ့အထက် ရှိနေတယ်လို့သိရပါတယ်။ သြဂုတ် ၉ ရက်နေ့မှ စတင်ကာ ဝမ်းပျက်ဝမ်းလျှော လူနာတွေ့ရှိခဲ့တာဖြစ်ပြီး တစ်ရက်ကို ဆယ်ဂဏန်းမှ ၈၀ ကျော်အထိ တိုးလာခဲ့ပါတယ်။
ဝမ်းပျက်ဝမ်းလျှောရောဂါကြောင့် အသက် ၉၂ နှစ်အရွယ် သက်ကြီးရွယ်အိုတစ်ဦး သေဆုံးခဲ့ပြီး ပြင်းထန်ရောဂါပိုး စစ်ဆေးတွေ့ရှိသူ အရေအတွက်ဟာ ၉၀ ကျော်ရှိကြောင်း ရန်ကုန်တိုင်းဒေသ ကြီး ကျန်းမာရေးဌာန တာဝန်ရှိသူတွေက အတည်ပြုထားပါတယ်။