TNLA နဲ့ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေ ထိန်းချုပ်ထားတဲ့မိုးကုတ်မြို့ကို စစ်ကောင်စီက နေ့စဉ်နီးပါး လေကြောင်းဗုံးကြဲတိုက်ခိုက်နေပါတယ်။
အဲဒီတိုက်ခိုက်မှုတွေကြောင့် တလကျော်အတွင်း သံဃာ၊ ကလေးငယ်များအပါအဝင် လူ ၄၀ ကျော် သေဆုံးသလို အဆောက်အဦးနဲ့ အိမ်ရာတွေပါ ပျက်စီးထိခိုက်နေပါတယ်။
ဒီလို အဆက်မပြတ် ဗုံးကြဲတိုက်ခိုက်မှုတွေကြောင့် မိုးကုတ်မြို့ခံပြည်သူတွေဟာ မလုံမခြုံဘဝနဲ့ နေထိုင်နေရပြီး အချို့တွေက အရေးပေါ်ကတုတ်ကျင်းတူးကာ အသက်ကယ်ဖို့ ကြိုးစားနေကြရပါတယ်။
Share





