SKIP TO MAIN CONTENT

ညွန့်‌ပေါင်းအစိုးရရဲ့ ဆူပါ အစီအစဥ် ဝေဖန်ခံနေရ

Australia currency on graphs
budget management, stock exchange, investment and business income report Source: iStockphoto

လစ်ဘရယ်နဲ့ နေရှင်နယ်ပူးပေါင်းထားတဲ့ ညွန့်ပေါင်းအစိုးရက ပထမဆုံးအိမ်ဝယ်မယ့်လူတွေအနေနဲ့ ဆူပါထုတ်ခွင့်ရှိမယ်လို့ ပြောဆိုတဲ့အပါ် ဝေဖန်ခံနေရပါတယ်။


Published

By Krishani Dhanji

Presented by Mu Laing Thein

Source: SBS


Skip to podcast episode content

လစ်ဘရယ်နဲ့ နေရှင်နယ်ပူးပေါင်းထားတဲ့ ညွန့်ပေါင်းအစိုးရက ပထမဆုံးအိမ်ဝယ်မယ့်လူတွေအနေနဲ့ ဆူပါထုတ်ခွင့်ရှိမယ်လို့ ပြောဆိုတဲ့အပါ် ဝေဖန်ခံနေရပါတယ်။


အဲဒီအစီအစဥ်ကြောင့် အိမ်စျေးတွေမြင့်သထက် မြင့်မယ့်အပြင် လူတွေရဲ့ အိုစာမင်းစာ ထိခိုက်မယ်လို့ ပြောဆိုနေကြပေမယ့် ဝန်ကြီးချုပ်ကတော့ သူတို့ရဲ့ ပေါ်လစီကို ကာကွယ်ပြောဆိုထားပါတယ်။

Superannuation ဆိုင်ရာဝန်ကြီး Jane Hume ကတော့ ပထမဆုံးအိမ်ဝယ်ရာမှာ ဆူပါယူသုံးခွင့်ရှိတဲ့အတွက် အိမ်စျေးတွေတက်နိုင်တယ်လို့ အေဘီစီရေဒီယိုနဲ့ အင်တာဗျူးမှာ ပြောသွားခဲ့ပါတယ်။

အစိုးရရဲ့ အစီအစဥ်အရ ပထမဆုံးအကြိမ် အိမ်ဝယ်မယ့်လူအနေနဲ့ မိမိရဲ့ ဆူပါ ၄၀ ရာခိုင်နှုန်း ဒါမှမဟုတ် အများဆုံး ဒေါ်လာ ငါးသောင်းကို ထုတ်ယူနိုင်မယ်လို့ ဆိုပါတယ်။

ဒါပေမဲ့ အိမ်ရောင်းတဲ့အခါကြရင် ဆူပါထဲကနေ ထုတ်ယူထားတဲ့ ငွေအပြင် အဲဒီနှုန်းနဲ့အညီ တက်လာတဲ့ အကျိုးအမြတ်ကိုလည်း ဆူပါထဲ ပြန်ထည့်ရမယ်လို့ သတ်မှတ်ထားတာ ဖြစ်ပါတယ်/

ဒီလိုအစီအစဥ်က အိမ်စျေးကွက်မှာ ဖိအားပေးမှုဖြစ်စေမှာမဟုတ်သလို သက်ကြီးဩစတြေးလျံတွေ အိမ်အသေးဝယ်ချင်ရင်လည်း အဆင်ပြေစေမယ်လို့ ပြောပါတယ်။

နားဆင်နိုင်ပါပြီ။ 


Latest podcast episodes

Follow SBS Burmese

Download our apps

Watch on SBS

SBS World News

Take a global view with Australia's most comprehensive world news service

Stream now