သြစတြေးလျံ အိုပင်း တင်းနစ်ပြိုင်ပွဲ မစတင်ခင် ရက်ပိုင်းအလိုမှာ အခုလို ဗီဇာ ဖျက်သိမ်းခံလိုက်ရတဲ့အတွက် ချန်ဗီယံဆု ထပ်မံ ဆွတ်ခူးလိုတဲ့ နိုဗက်ဂျိုကိုဗစ်အတွက်တော့ သတင်းဆိုးပဲ ဖြစ်ပါတယ်။
သောကြာနေ့မှာတော့ လူဝင်မှု ကြီးကြပ်ရေးဝန်ကြီး Alex Hawke က သူ့ရဲ့ လုပ်ပိုင်ခွင့်အရ အများပြည်သူရဲ့ လိုလားချက်အတိုင်း public interest အရ နိုဗက်ဂျိုကိုဗစ်ရဲ့ ဗီဇာကို ဖျက်သိမ်းလိုက်ကြောင်း ပြောဆိုခဲ့ပါတယ်။
နိုဗက် ဂျိုကိုဗစ်ဖက်က တင်ပြလာတဲ့ အချက်အလက်တွေ၊ ပြည်ထဲရေးဌာနနဲ့ နယ်စပ်ရေးရာဌာနက တင်ပြချက်တွေကို အသေအခြာ လေ့လာစဉ်းစားပြီးမှာ လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ အက်ဥပဒေအရ ဗီဇာကို ဖျက်သိမ်းခဲ့တာလို့ ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။
ကိုဗစ်-၁၉ ကပ်ရောဂါနဲ့ ဆက်စပ်ပြီး သြစတြေးလျအနေနဲ့ မိမိရဲ့ နယ်စပ်ကို ကာကွယ်သွားမှာ ဖြစ်တယ်လို့လည်း ပြောပါတယ်။