ရိုဟင်ဂျာ မွတ်ဆလင်တွေအပေါ် လူမျိုးတုံး သတ်ဖြတ်မှု ကျူးလွန်တယ်ဆိုပြီး မြန်မာနိုင်ငံကို ဂမ်ဘီယာနိုင်ငံက အပြည်ပြည်ဆိုင်ရာ တရားရုံး ICJ မှာ တရားစွဲဆိုတဲ့ အမှုနဲ့ ဆက်စပ်ပြီး မြန်မာရဲ့ ကနဦး ကန့်ကွက်ချက်တွေကို အိုင်စီဂျေက ပယ်ချလိုက်ပြီ ဖြစ်ပါတယ်။
မြန်မာနိုင်ငံက ကနဦး ကန့်ကွက်ချက် ၄ ချက် တင်သွင်းခဲ့ရာမှာ ၄ ချက်စလုံး ပယ်ချခံရတာဖြစ်ပါတယ်။
အိုင်စီဂျေ တရားရုံးရဲ့ ဆုံးဖြတ်ချက်က ဘာကြောင့် အရေးကြီးသလဲ၊ ဘယ်လို သက်ရောက်မှုတွေ ရှိစေနိုင်သလဲ ဆိုတာနဲ့ ပတ်သက်ပြီး ဆစ်ဒနီမြို့ အခြေစိုက် မြန်မာ့အရေး လှုပ်ရှားသူ ဒေါက်တာ မြင့်ချိုကို ဆက်သွယ် မေးမြန်းထားပါတယ်။
Share






