Watch FIFA World Cup 2026™

LIVE, FREE and EXCLUSIVE

၂၀၂၂ ခုနှစ် ရွေးကောက်ပွဲ - ကြိုတင်မဲပေးခြင်းအကြောင်း

호주 연방 총선/ Postal Vote Counting In Marginal Seat Of Hasluck Continues
Voters who can not attend a polling place due to COVID-19 can still apply for a postal vote until 18 May Source: Getty Images AsiaPac

ဩစတြေးလျနိင်ငံသားတွေဟာ မကြာခင်မှာ မဲထည့်ကြရတော့မှာဖြစ်ပေမယ့် မဲအများအပြားကတော့ ကြိုတင်မဲ့ကြောင့် ရွေးကောက်ပွဲနေ့မတိုင်ခင်ကတည်းက ထည့်နှင့်ပြီးသား ဖြစ်နိုင်ပါတယ်။


Published

By Stephanie Corsetti

Source: SBS


Share this with family and friends


ဩစတြေးလျနိင်ငံသားတွေဟာ မကြာခင်မှာ မဲထည့်ကြရတော့မှာဖြစ်ပေမယ့် မဲအများအပြားကတော့ ကြိုတင်မဲ့ကြောင့် ရွေးကောက်ပွဲနေ့မတိုင်ခင်ကတည်းက ထည့်နှင့်ပြီးသား ဖြစ်နိုင်ပါတယ်။


ကြိုတင်မဲပေးခြင်းကို တဖြေးဖြေးပိုခေတ်စားလာကြတယ်လို့ တက္ကသိုလ်တစ်ခုက သုတေသီက ပြောဆိုထားသလို ရွေးကောက်ပွဲကော်မရှင် အေအီးစီကလည်း အဲဒီလို ဖြစ်နေတဲ့အကြောင်း ပြောဆိုထားတာ ရှိပါတယ်။

ဒီနှစ်ရွေးကောက်ပွဲဟာ ကိုဗစ်ကူးစက်မှုတွေ ဖြစ်နေတဲ့အချိန်ဆိုပေမယ့် တင်းကြပ်မှုတွေ မရှိသလောက် ဖြေလျှော့မှု လုပ်ထားတဲ့အတွက် နိုင်ငံရေးပါတီခေါင်းဆောင်တွေနဲ့ ကိုယ်စားလှယ်လောင်းတွေဟာ မဲပေးသူတွေနဲ့ မျက်နှာခြင်းဆိုင် တွေ့ဆုံပြီး မဲဆွယ်စည်းရုံးမှုတွေ ပြုလုပ်နိုင်ကြပါတယ်။

တွေ့ဆုံနှုတ်ဆက်ပွဲတွေ စားပွဲဝိုင်းဆွေးနွေးမှုတွေနဲ့ အမှတ်တရ ဓာတ်ပုံရိုက်ကြတဲ့ လုပ်ရပ်တွေဟာ ကမ်ပိန်းကာလမှာ မီဒီယာတွေရဲ့ အာရုံစိုက်မှု၊ အများပြည်သူတွေရဲ့ အာရုံစိုက်မှုတွေ ရစေနိုင်ပြီး ဘယ်သူ့ကို မဲပေးသင့်သလဲ ဆိုတဲ့ဆုံးဖြတ်ချက်တွေလည်း ရရှိစေနိုင်ပါတယ်။

အနီးဆုံး မဲရုံက သူတို့နဲ့ ၈ ကီလိုမီတာအကျော်မှာ ရှိနေတဲ့လူတွေ ကြိုတင်မဲပေးနိုင်သလို ရွေးကောက်ပွဲနေ့ကြရင် ကိုယ့်ရဲ့ မဲဆန္ဒနယ်နဲ့ ဝေးနေမှာကို သိတဲ့လူတွေ ကြိုတင်မဲပေးနိုင်သလို အဲဒီနေ့မှာ အလုပ်လုပ်ရမှာမို့ မဲပေးဖို့ အချိန်မမှီတဲ့လူတွေအနေနဲ့ ကြိုတင်မဲထည့်နိုင်ပါတယ်။

အဲဒါ့အပြင် ဘာသာရေးအရ မဲပေးရမယ့်နေ့မှာ မဲမထည့်နိုင်တာတွေ ဖမ်းဆီးခံထားရလို့ ဒါမှမဟုတ် လုံခြုံရေးအရ မဲရုံကို သွားပြီး မဲမထည့်နိုင်ရင်လည်း ကြိုတင်မဲ ပေးနိုင်ပါတယ်။

ကိုယ်ဝန်ဆောင်ခြင်းအပြင် အခြားသော ကျန်းမာရေးအခြေအနေအရ ကြောင့်လည်း ကြိုတင်မဲပေးခွင့်ရှိပါတယ်။

နားဆင်နိုင်ပါပြီ။ 


Latest podcast episodes

Follow SBS Burmese

Download our apps

Watch on SBS

SBS World News

Take a global view with Australia's most comprehensive world news service

Stream now