Watch FIFA World Cup 2026™

LIVE, FREE and EXCLUSIVE

၂၀၂၂ ရွေးကောက်ပွဲ - မဲဘယ်လို ပေးရမလဲ

General elections in Australia
Source: Getty Images

ဩစတြေးလျနိုင်ငံမှာ မဲပေးခွင့်ရှိသူတွေထဲက ၉၆% ဟာ မဲစာရင်းပေးသွင်းထားကြပြီ ဖြစ်ပါတယ်။ အသက်ပြည့်သူ ဩစတြေးလျနိုင်ငံသားတိုင်း မဖြစ်မနေ မဲပေးဖို့ တာဝန်ရှိပြီး မဲစာရင်းမှာ နာမည်ပါရဲ့သားနဲ့ မဲပေးဖို့ပျက်ကွက်ရင် ဒဏ်ကြေးပေးဆောင်ရနိုင်ပါတယ်။


Published

By Stephanie Corsetti

Presented by Mu Laing Thein

Source: SBS


Share this with family and friends


ဩစတြေးလျနိုင်ငံမှာ မဲပေးခွင့်ရှိသူတွေထဲက ၉၆% ဟာ မဲစာရင်းပေးသွင်းထားကြပြီ ဖြစ်ပါတယ်။ အသက်ပြည့်သူ ဩစတြေးလျနိုင်ငံသားတိုင်း မဖြစ်မနေ မဲပေးဖို့ တာဝန်ရှိပြီး မဲစာရင်းမှာ နာမည်ပါရဲ့သားနဲ့ မဲပေးဖို့ပျက်ကွက်ရင် ဒဏ်ကြေးပေးဆောင်ရနိုင်ပါတယ်။


ဒီနှစ်အစောပိုင်းတုန်းက မဲပေးခွင့်ရှိသူလူပေါင်း ၅၆၀၀၀၀ ဟာ မဲစာရင်းမှာ နာမည်ပါအောင် မှတ်ပုံတင်မှုတွေ မလုပ်ထားဘူးလို့ ပြောပါတယ်။

မေလ ၂၁ ရက်ကြရင် ဖက်ဒရယ်ရွေးကောက်ပွဲ ကျင်းပဖို့ရှိပြီး တချို့ပညာရှင်တွေကတော့ ဒီရွေးကောက်ပွဲမှာ ဘယ်ပါတီမှ မဲအသာမရတဲ့ hung parliament ဖြစ်နိုင်တယ်လို့ သုံးသပ်နေကြပါတယ်။

အဲလိုမျိုးဖြစ်ရင် တသီးပုဂ္ဂလအမတ်တွေအပေါ်သွားပြီး မူတည်တာမျိုး ဖြစ်နိုင်ပါတယ်။ အခုလောလောဆယ် တသီးပုဂ္ဂလလွှတ်တော်အမတ် ၇ ဦးရှိပြီး ပါတီကြီးတွေက အစိုးရဖွဲ့နိုင်ဖို့ တသီးပုဂ္ဂလအမတ်တွေရဲ့ ထောက်ခံမှုရအောင် လုပ်ဆောင်ရမှာ ဖြစ်တယ်လို့ ရှင်းပြပါတယ်။

Hung parliaments ဟာ အရင်တုန်းက ဖြစ်တောင့်ဖြစ်ခဲဆိုပေမယ့် ဒီနေ့ခေတ်မှာ ပါတီငယ်တွေနဲ့ တသီးပုဂ္ဂလတွေကို လူတွေ ကြိုက်နှစ်သက်ကြောင်း ပြသလာနေတဲ့အတွက် ပါတီကြီး နှစ်ခုရဲ့ လက်ထဲမှာပဲ အာဏာကရှိနေတာမဟုတ်ပဲ ပါတီငယ်တွေနဲ့ တသီးပုဂ္ဂလတွေရဲ့ လက်ထဲမှာလည်း အာဏာတွေရှိလာတဲ့အတွက် အာဏာကို မျှပြီး သုံးနေကြတာ ဖြစ်ပါတယ်။

နားဆင်နိုင်ပါပြီ။ 


Latest podcast episodes

Follow SBS Burmese

Download our apps

Watch on SBS

SBS World News

Take a global view with Australia's most comprehensive world news service

Stream now