SKIP TO MAIN CONTENT

နှစ်သက်ရာအလိုက် မဲပေးခြင်းစနစ်မှာ ဘယ်လို လုပ်ဆောင်ကြပါသလဲ

The preferential voting system
Source: AAP

ဩစတြေးလျနိုင်ငံရဲ့ မဲပေးစနစ်ဟာ နှစ်သက်ရာအလိုက် မဲပေးခြင်းစနစ် preferential voting system ကို ကျင့်သုံးပြီး ကိုယ်စားလှယ်လောင်းတွေကို ရွေးချယ်တင်မြောက်ကြတာ ဖြစ်ပါတယ်။


Published

By Stephanie Corsetti

Presented by Mu Laing Thein

Source: SBS


Skip to podcast episode content

ဩစတြေးလျနိုင်ငံရဲ့ မဲပေးစနစ်ဟာ နှစ်သက်ရာအလိုက် မဲပေးခြင်းစနစ် preferential voting system ကို ကျင့်သုံးပြီး ကိုယ်စားလှယ်လောင်းတွေကို ရွေးချယ်တင်မြောက်ကြတာ ဖြစ်ပါတယ်။


ဒီစနစ်ဟာ အမေရိကန်နိုင်ငံ၊ ယူကေ၊ ကနေဒါနဲ့ အိန္ဒိယနိုင်ငံလို နိုင်ငံတွေမှာ ကျင့်သုံးတဲ့ past-the post system နဲ့ ကွာခြားပါတယ်။

နှစ်သက်ရာအလိုက် မဲပေးခြင်း preferential voting မှာ မိမိကြိုက်နှစ်သက်ရာ ကိုယ်စားလှယ်ကို မဲစာရွက်ပေါ်မှာ ဖော်ပြထားပြီး မဲစာရွက်ပေါ်က ကိုယ်စားလှယ်ကိုကြည့်ပြီး မဲပေးသူတွေက အကြိုက်ဆုံး ပုဂ္ဂိုလ်ကို နံပတ် ၁ နံပတ် ၂ စသည်ဖြင့် ကြိုက်နှစ်သက်ရာ အစဥ်အလိုက် ရွေးချယ်တဲ့နည်း ဖြစ်ပါတယ်။

မဲရုံကို လာတဲ့အခါကြရင် မဲစာရွက် ၂ ခု လက်ခံရရှိမှာ ဖြစ်ပါတယ်။ တခုကတော့ အစိမ်းရောင် စာရွက် သေးသေးလေးဖြစ်ပြီး အစိမ်းရောင် မဲစာရွက်ကတော့ အောက်လွှတ်တော်အတွက် ဖြစ်ပါတယ်။ နောက်တစ်ခုကတော့ အဖြူရောင် မဲစာရွက်ဖြစ်ပြီး သင်နေထိုင်ရာဒေသအပေါ်မူတည်ပြီး ရရှိတဲ့ မဲစာရွက်ဖြစ်ပါတယ်။ အဖြူရောင် မဲစာရွက်ကတော့ အထက်လွှတ်တော် ဆီးနိတ်အတွက် ဖြစ်ပါတယ်။ 

 


Latest podcast episodes

Follow SBS Burmese

Download our apps

Watch on SBS

SBS World News

Take a global view with Australia's most comprehensive world news service

Stream now