Watch FIFA World Cup 2026™

LIVE, FREE and EXCLUSIVE

အမေရိကန် ရှေ့ဆက်တက်လှမ်းနိုင်ခဲ့ပေမယ့် အင်္ဂလန်နဲ့ ဘယ်လ်ဂျီယံတို့ အသည်းအသန် ကစားခဲ့ရ

Harry Kane - World Cup Daily
Harry Kane celebrates after scoring England's first goal during the 2026 FIFA Men's World Cup Round of 32 match between England and the Democratic Republic of Congo, at Atlanta Stadium. (Photo by Richard Callis / SPP/Sipa USA) Source: SIPA USA / Richard Callis / SPP/Richard Callis / SPP/Sipa USA

ဒုတိယပိုင်းမှာ အစွမ်းပြခဲ့တဲ့ Harry Kane ဟာရီကိန်းနဲ့ Youri Tielemans ယူရီ တီလမန်းစ်တို့ကြောင့် အင်္ဂလန်နဲ့ ဘယ်လ်ဂျီယံတို့ဟာ ၁၆ သင်းအဆင့်ကို တက်လှမ်းသွားနိုင်ခဲ့ပါတယ်။ အမေရိကန်ကတော့ ဘော့စနီးယားနဲ့ ဟာဇီဂိုဗီးနားကို အနိုင်ရပြီး နောက်တစ်ဆင့်ကို အေးအေးဆေးဆေး တက်သွားနိုင်ခဲ့ပါပြီ။ ဒါကတော့ ၂၀၂၆ ဖီဖာကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ ၂၁ ရက်မြောက်နေ့ သတင်းသုံးသပ်ချက် ဖြစ်ပါတယ်။


Published

Updated

By Gonzalo Aguirregomezcorta

Presented by Mu Laing Thein

Source: SBS



Share this with family and friends


ဒုတိယပိုင်းမှာ အစွမ်းပြခဲ့တဲ့ Harry Kane ဟာရီကိန်းနဲ့ Youri Tielemans ယူရီ တီလမန်းစ်တို့ကြောင့် အင်္ဂလန်နဲ့ ဘယ်လ်ဂျီယံတို့ဟာ ၁၆ သင်းအဆင့်ကို တက်လှမ်းသွားနိုင်ခဲ့ပါတယ်။ အမေရိကန်ကတော့ ဘော့စနီးယားနဲ့ ဟာဇီဂိုဗီးနားကို အနိုင်ရပြီး နောက်တစ်ဆင့်ကို အေးအေးဆေးဆေး တက်သွားနိုင်ခဲ့ပါပြီ။ ဒါကတော့ ၂၀၂၆ ဖီဖာကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ ၂၁ ရက်မြောက်နေ့ သတင်းသုံးသပ်ချက် ဖြစ်ပါတယ်။


ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ ၂၁ ရက်မြောက်နေ့ကို အက်တလန်တာမြို့မှာ စတင်ခဲ့ပြီး၊ အင်္ဂလန်ဟာ ပွဲစလို့ ၇ မိနစ်မှာတင် ဂိုးပေးလိုက်ရပေမဲ့ ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံအသင်းကို ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ယူပြီး ပွဲကို အလှည့်အပြောင်း လုပ်နိုင်ခဲ့ပါတယ်။ အင်္ဂလန်အသင်းဟာ ပွဲအတွင်း သူတို့ရဲ့ ကစားကွက်ကို ရှာမတွေ့ဘဲ ရုန်းကန်ခဲ့ရသလို၊ လက်စွမ်းပြနေတဲ့ ကွန်ဂိုဂိုးသမားကြောင့်လည်း ဂိုးရမယ့်အခွင့်အရေးတွေ ခဏခဏ ဆုံးရှုံးခဲ့ရပါတယ်။ ဒါတင်မကသေးပါဘူး၊ ပထမပိုင်းမပြီးခင်လေးမှာ ဟာရီကိန်းက Penalty ဧရိယာထဲမှာ အဖျက်ခံလိုက်ရလို့ ပင်နယ်တီရဖို့ အယူခံဝင်ခဲ့တာကို ကွင်းလယ်ဒိုင်နဲ့ VAR က ပယ်ချခဲ့တဲ့အတွက် ‘ခြင်္သေ့သုံးကောင်’ အသင်းဟာ စိတ်ပျက်ခဲ့ရပါသေးတယ်။ ဒါပေမဲ့ ဟာရီကိန်းကပဲ ပွဲပြီးခါနီးမှာ ၂ ဂိုးသွင်းယူပြီး အင်္ဂလန်အသင်းကို ၁၆ သင်းအဆင့်ဆီ ပို့ဆောင်ပေးနိုင်ခဲ့ပါတယ်။ ၁၆ သင်းအဆင့်မှာတော့ သမိုင်းဝင် အက်ဇ်တီကာ (Azteca) ကွင်းကြီးထဲမှာ မက္ကဆီကိုအသင်းနဲ့ ရင်ဆိုင်ရမှာပါ။

———-

Seattle ဆီအက်တဲလ်မြို့မှာတော့ ဘယ်လ်ဂျီယံအသင်းဟာ ဆီနီဂေါကို ၃ ဂိုး ၂ ဂိုးနဲ့ အနိုင်ရဖို့အတွက် အံ့ဩစရာကောင်းတဲ့ နောက်ကောက်ပြန်အလှည့်အပြောင်းကို ဖန်တီးခဲ့ပြီး၊ အသင်းခေါင်းဆောင် ယူရီ တီလမန်းစ်က ၂ ဂိုး သွင်းယူပေးခဲ့ပါတယ်။ ပွဲချိန် ၈၆ မိနစ်အထိ ဆီနီဂေါက ၂ ဂိုး ဂိုးမရှိနဲ့ ဦးဆောင်နေခဲ့ပေမဲ့ ဘယ်လ်ဂျီယံက အသည်းအသန် ပြန်ကစားပြီး အချိန်ပိုအထိ ဆွဲခေါ်နိုင်ခဲ့တာပါ။ ပင်နယ်တီအဆုံးအဖြတ် ခံယူရတော့မယ့်အချိန်မှာ VAR ကို အကြာကြီးပြန်ကြည့်ပြီးနောက် Tielemans တီလမန်းစ်က ပင်နယ်တီ ရရှိခဲ့ပြီး၊ ပွဲချိန် ၁၂၅ မိနစ်မှာ အေးအေးဆေးဆေး ကန်သွင်းပြီး အနိုင်ဂိုးကို သေချာအောင် လုပ်ပေးခဲ့ပါတယ်။ ဘယ်လ်ဂျီယံဟာ ၁၆ သင်းအဆင့်မှာ အမေရိကန်အသင်းနဲ့ ရင်ဆိုင်ရတော့မှာ ဖြစ်ပါတယ်။

————

အမေရိကန်အသင်းဟာ ဘော့စနီးယားနဲ့ ဟာဇီဂိုဗီးနားကို ၂ ဂိုး ဂိုးမရှိနဲ့ အနိုင်ရပြီး ၁၆ သင်းအဆင့် နေရာကို အပိုင်ရခဲ့သလို၊ ဒါဟာ ၂၀၀၂ ခုနှစ်နောက်ပိုင်း ကမ္ဘာ့ဖလား ရှုံးထွက်အဆင့်မှာ ပထမဆုံး တက်နိုင်တဲ့ ပွဲလည်း ဖြစ်ပါတယ်။ ပထမပိုင်းပြီးခါနီးမှာ Folarin Balogun ဖိုလာရင် ဘာလိုဂန်က အဖွင့်ဂိုး သွင်းယူပေးခဲ့ပြီး၊ အဲ့ဒီနောက် ပွဲချိန် ၈၂ မိနစ်မှာ Malik Tillman မာလစ် တီလ်မန်က ဖရီးကစ်ကနေတစ်ဆင့် အနိုင်ဂိုးကို အဆုံးသတ် ပေးခဲ့ပါတယ်။ ဒါပေမဲ့ ဘာလိုဂန်ဟာ VAR စစ်ဆေးပြီးနောက် အနီကတ်ပြ ထုတ်ပယ်ခံခဲ့ရလို့ ဘယ်လ်ဂျီယံနဲ့ ကစားရမယ့် အမေရိကန်ရဲ့ ပွဲစဉ်ကို လွဲချော်ရတော့မှာ ဖြစ်ပါတယ်။

 ————

အခု ဆော့ကာရူးစ် (Socceroos) အသင်းဘက်က နောက်ဆုံးရသတင်းကို တင်ဆက်ပေးပါမယ်။

ဩစတြေးလျ ဆော့ကာရူးစ်အသင်းဟာ စနေနေ့မှာ အီဂျစ်အသင်းနဲ့ ကစားရမယ့် ၃၂ သင်းအဆင့် ပွဲစဉ်မတိုင်ခင် ဒါးလပ်စ်မြို့မှာ သူတို့ရဲ့ ပထမဆုံး လေ့ကျင့်ရေးဆင်းမှုကို ပြုလုပ်ခဲ့ပါတယ်။ လက်ထောက်နည်းပြ Mile Jedinak MEE-lay YED-ih-nak မိုင်လီ ယီဒီနက်ကတော့ သူတို့အသင်းအနေနဲ့ အဓိကတိုက်စစ်မှူး မိုဟာမက် ဆာလာရဲ့ ခြေကောက်ဝတ်ဒဏ်ရာ အချိန်မီသက်သာလာမလား ဆိုတာထက် အီဂျစ်တစ်သင်းလုံးကိုပဲ အဓိက အာရုံစိုက်ထားတယ်လို့ ပြောကြားခဲ့ပါတယ်။

သူတို့က ကွင်းထဲက ဘယ်နေရာကမဆို အန္တရာယ်ပေးနိုင်တဲ့အသင်းပါ၊ ဒါဟာ သူတို့ရဲ့ ကစားဟန်ပါပဲ။ အဆင့်မြင့်မြင့် ကစားနိုင်တဲ့ ကစားသမားတွေ သူတို့မှာ ရှိပါတယ်။ ဆာလာ ဆိုရင်လည်း အကြာကြီး ဒီလိုအဆင့်မှာ ကစားလာနိုင်တာ အားလုံးအသိပါ။ ကလပ်အသင်းမှာရော၊ လက်ရွေးစင်အသင်းမှာပါ သူတို့အလုပ်ကိုသူတို့ ကောင်းကောင်းလုပ်နိုင်တဲ့ တခြားကစားသမားတွေလည်း ရှိနေပါသေးတယ်။ ဒါကြောင့် ကျွန်တော်တို့ဘက်ကကြည့်ရင်တော့ တစ်ဦးတစ်ယောက်တည်းကို မဟုတ်ဘဲ တစ်သင်းလုံးကိုပဲ စုပေါင်းရင်ဆိုင်သွားမယ့် ပုံစံမျိုးပါ။

ဆော့ကာရူးစ်အသင်းဟာ အီဂျစ်အသင်းနဲ့ စနေနေ့ မနက်ပိုင်းမှာ ရင်ဆိုင်ရမှာဖြစ်ပြီး၊ SBS နဲ့ SBS On Demand တို့ကနေ မနက် ၃ နာရီကစလို့ တိုက်ရိုက်ထုတ်လွှင့်ပြသသွားမှာ ဖြစ်ပါတယ်။

————

သောကြာနေ့မှာ ယှဉ်ပြိုင်မယ့် ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ ၂၂ ရက်မြောက်နေ့ ပွဲစဉ်တွေမှာတော့ စပိန်က ဩစတြီးယားနဲ့လည်းကောင်း၊ ပေါ်တူဂီက ခရိုအေးရှားနဲ့လည်းကောင်း၊ ဆွစ်ဇာလန်က အယ်လ်ဂျီးရီးယားနဲ့လည်းကောင်း အသီးသီး ရင်ဆိုင်သွားကြရမှာပါ။

အခု နားဆင်ခဲ့ရတာကတော့ ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ ၂၁ ရက်မြောက်နေ့အတွက် 'World Cup Daily Update' ပဲ ဖြစ်ပါတယ်။ ၂၀၂၆ ဖီဖာကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ ပွဲစဉ်တိုင်းကို SBS နဲ့ SBS On Demand တို့ကနေ မိနစ်တိုင်း တိုက်ရိုက်နဲ့ အခမဲ့ ကြည့်ရှုနိုင်ပါတယ်။


Latest podcast episodes

Follow SBS Burmese

Download our apps

Watch on SBS

SBS World News

Take a global view with Australia's most comprehensive world news service

Stream now