အဲဒီရွေးကောက်ပွဲကို စစ်အုပ်စုက စပွန်ဆာပေးထားတဲ့ ရွေးကောက်ပွဲလို့ ခေါ်မယ်။ ဒါတွေဟာ အာဏာသိမ်းအစိုးရက ကြီးကြပ်ကျင်းပတာဖြစ်တယ်ဆိုရင် ရလဒ်ကလည်း တစ်မျိုးတည်းသာ ဖြစ်လာမှာ" လို့ ကွာလာလမ်ပူရှိ မီဒီယာတွေနှင့် သီးသန့်တွေ့ဆုံခန်းမှာ ပြောကြားခဲ့တယ်။
EU ရဲ့ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် ကက်ဂျ်ဆာ အိုလွန်ဂရန်Kajsa Ollongren က ဒီရွေးကောက်ပွဲကို " မယုံကြည်သလို စောင့်ကြည့်လေ့လာမယ် ကိုယ်စားလှယ်ကိုလည်း စေလွှတ်မှာ မဟုတ်ဘူးလို့မလေးရှားနိုင်ငံ မှာ အောက်တိုဘာလ ၁၆ ရက်နေ့က ကျင်းပခဲ့တဲ့ အာဆီယံ EU နဲ့အရပ်ဖက် လူ့မှုအဖွဲ့အစည်းများဖိုရမ်နဲ့လူ့အခွင့်အရေး ဆိုင်ရာ အာဆီယံ ၊EU မူဝါဒဆွေးနွေးပွဲအပြီးမှာ EU ရဲ့ သဘောထားကို ထုတ်ဖော်ပြောကြားခဲ့တာပါ။