ကပ်ရောဂါကာလမှာ လုပ်တဲ့ ဖက်ဒရယ် ရွေးကောက်ပွဲဖြစ်လို့ ကြိုတင်မဲပေးသူ များပြားနိုင်

At the voting centre of the Australian Consulate-General in Hong Kong

At the voting centre of the Australian Consulate-General in Hong Kong Source: AAP

ဩစတြေးလျနိုင်ငံမှာ မေလ ၂၁ ရက်ကြရင် ဖက်ဒရယ်ရွေးကောက်ပွဲ ကျင်းပမှာဖြစ်ပြီး ကပ်ရောဂါကာလအတွင်း ပထမဆုံးအကြိမ် ပြုလုပ်မယ့် တနိုင်ငံလုံးဆိုင်ရာ ရွေးကောက်ပွဲ ဖြစ်ပါတယ်။


 

ရွေးကောက်ပွဲ ကျင်းပမဲ့ရက်က မေလ ၂၁ ရက် ဆိုပေမယ့် မေလ ၉ ရက်ကစပြီး ကြိုတင်မဲတွေ စတင်ပေးနိုင်ကြမှာ ဖြစ်ပါတယ်။

 

ဒီလိုကာလအတွင်း ရွေးကောက်ပွဲ ဖြစ်မြောက်အောင် လုပ်ရတာ မလွယ်ပါဘူး။ မဲပေးသူတွေ ကိုဗစ်ဘေးကနေ လုံခြုံဘေးကင်းစွာ မဲပေးနိုင်အောင် ရွေးကောက်ပွဲကော်မရှင် အေအီးစီက လုပ်ဆောင်ရတာဖြစ်ပြီး ကြိုတင်မဲတွေလည်း များလာမယ့်အနေအထားရှိတဲ့အတွက် ပြင်ဆင်မှုတွေ လုပ်ဆောင်နေကြပါတယ်။

ဒီနှစ်မှာ ကြိုတင်မဲပေးရေးမှာ ဖြေလျှော့မှုတွေလည်း လုပ်ပေးထားပါတယ်။

ကိုဗစ်-၁၉ ကူးစက်မှာကြောက်လို့ မဲရုံမှာ မဲမပေးချင်ပဲ ကြိုတင်မဲ ပေးချင်တယ်ဆိုရင်လည်း ကြိုတင်မဲ ပေးခွင့်ရှိပါတယ်။

အေအီးစီအနေနဲ့ နှစ်သက်တဲ့ ကြိုတင်မဲပေးနည်းကတော့ ကြိုတင်မဲပေးနိုင်တဲ့ စင်တာ အခုပေါင်း ၅၀၀ ကျော်ကို နိုင်ငံတလွှားမှာ ထားရှိပေးတဲ့အတွက် အဲဒီစင်တာတွေကို သွားပြီး မဲပေးတာမျိုးကို လိုလားပါတယ်။ အဲဒီလို ကြိုတင်မဲစင်တာတွေကို ရွေးကာက်ပွဲမတိုင်ခင် ၂ ပတ်အလိုကတည်းက ဖွင့်လှစ်ပေးထားမှာ ဖြစ်ပါတယ်။

ဒါမှမဟုတ်ရင်လည်း စာတိုက်ကနေတဆင့် မဲပေးနိုင်ပြီး စနေနေ့ ရွေးကောက်ပွဲနေ့ မတိုင်ခင် ဗုဒ္ဓဟူးနေ့အထိ စာတိုက်ကနေတဆင့် မဲပေးနိုင်ပါတယ်။

ရွေးကောက်ပွဲနေ့အလွန် ၁၃ ရက်ကြာတဲ့အထိ ကြိုတင်မဲတွေ ရောက်လာဖို့ ရွေးကောက်ပွဲကော်မရှင်က စောင့်ဆိုင်းရယူမှာဖြစ်ပါတယ်။

အမေရိကန်နိုင်ငံလို အွန်လိုင်းပေါ်ကနေတဆင့် မဲပေးခြင်းကိုတော့ ဩစတြေးလျ ဖက်ဒရယ်ရွေးကောက်ပွဲမှာ လုပ်လို့မရပါဘူး။

ကိုဗစ်ကာလဖြစ်တဲ့အတွက် ကိုဗစ်ကူးစက်ခံရသူတွေ မဲပေးရမယ့်နေ့ ဒါမှမဟုတ် ရွေးကောက်ပွဲနေ့မတိုင်ခင် ၂ ရက်အလိုမှာ ရောဂါကူးစက်ခံရရင် ဒါမှမဟုတ် နေအိမ်မှာ သီးသန့်ခွဲခြားနေထိုင်မှု လုပ်နေရရင် တယ်လီဖုန်းကနေတဆင့် မဲဆန္ဒပေးနိုင်ပါတယ်။

 ဒီနည်းကတော့ အရေးပေါ်ကြုံတွေ့ရသူတွေအတွက်သာ ဖြစ်တယ်လို့ Mr Ekin-Smyth က ပြောပါတယ်။

နားဆင်နိုင်ပါပြီ။ 


Share
Follow SBS Burmese

Download our apps
SBS Audio
SBS On Demand

Listen to our podcasts
Independent news and stories connecting you to life in Australia and Burmese-speaking Australians.
Ease into the English language and Australian culture. We make learning English convenient, fun and practical.
Get the latest with our exclusive in-language podcasts on your favourite podcast apps.

Watch on SBS
SBS World News

SBS World News

Take a global view with Australia's most comprehensive world news service
ကပ်ရောဂါကာလမှာ လုပ်တဲ့ ဖက်ဒရယ် ရွေးကောက်ပွဲဖြစ်လို့ ကြိုတင်မဲပေးသူ များပြားနိုင် | SBS Burmese