SKIP TO MAIN CONTENT

ငါးနှစ်ကြာ တော်လှန်ရေးခရီးမှာ ပြည်သူတွေနဲ့ရဲဘော်တွေပင်ပန်းလာကြပြီ

Forest lanscape

မြန်မာနိုင်ငံရဲ့ နွေဦးတော်လှန်ရေးဟာ ငါးနှစ်တာ ကာလကိိုရောက်ရှိလာချိန်မှာတော့ တော်လှန်ရေးရဲဘော်တွေနဲ့ ပြည်သူလူထုကြားမှာ အောင်ပွဲအတွက် မျှော်လင့်ချက်တွေရှိသလို “တော်လှန်ရေး ပင်ပန်းနွမ်းနယ်မှု” (Revolution Fatigue) အငွေ့အသက်တွေကလည်းထင်ထင်ရှားရှားတွေ့လာရပါတယ်။


Published

By Nyunt Thu Sein

Presented by Nyunt Thu Sein

Source: SBS


Skip to podcast episode content

မြန်မာနိုင်ငံရဲ့ နွေဦးတော်လှန်ရေးဟာ ငါးနှစ်တာ ကာလကိိုရောက်ရှိလာချိန်မှာတော့ တော်လှန်ရေးရဲဘော်တွေနဲ့ ပြည်သူလူထုကြားမှာ အောင်ပွဲအတွက် မျှော်လင့်ချက်တွေရှိသလို “တော်လှန်ရေး ပင်ပန်းနွမ်းနယ်မှု” (Revolution Fatigue) အငွေ့အသက်တွေကလည်းထင်ထင်ရှားရှားတွေ့လာရပါတယ်။


အချို့ တော်လှန်ရေး တပ်ဖွဲ့ဝင်တွေဟာ တပ်ပြေးတာ၊နှုတ်ထွက်တာတွေ လုပ်လာကြသလို ပြည်သူအချို့ကလည်း ရှည်ကြာနေတဲ့ ပဋိပက္ခတွေကြားကနေ အေးအေးချမ်းချမ်းနေထိုင်နိုင်မယ့် ပုံမှန်ဘဝ ပြန်လည်ရရှိဖို့ မျှော်လင့်လာကြပါတယ်။

၂၀၂၁ အာဏာသိမ်းမှုနောက်ပိုင်း နိုင်ငံတစ်ဝန်း ဆန္ဒပြပွဲတွေမှ လက်နက်ကိုင် တော်လှန်ရေးကို ကူးပြောင်းခဲ့ပြီး PDF နှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ (EAOs) တွေရဲ့ပူးပေါင်းတိုက်ခိုက်မှုကြောင့် စစ်ကောင်စီ ထိန်းချုပ်နိုင်မှုကလည်းအားနည်းလာပါတယ်။

တော်လှန်ရေးတပ်တွေဟာနိုင်ငံတဝှမ်း မြို့ပေါင်း ၈၃ မြို့နယ်ကို ထိန်းချုပ်ထားသလို နယ်မြေအသီးသီးမှာလည်း ထိုးစစ်တွေစစ်နွှဲနေကြတာပါ။

ဒါပေမယ့်လည်း ပြည်တွင်းပဋိပက္ခ ရှည်ကြာလာတာနှင့်အမျှ အရပ်သားသေဆုံးမှုတွေဟာလည်း မြင့်တက်လာသလို နေရပ်စွန့်ခွာ ထွက်ပြေးသူဦးရေဟာလည်း ၅ နှစ်အတွင်း ၃.၆ သန်းကျော်ရှိလာကာ စီးပွားရေး ကျဆင်းမှု၊ လူသားချင်းစာနာမှု အကျပ်အတည်း တွေဟာလည်းတိုးမြင့်လာခဲ့ပါတယ်။

ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်တွေအတွက်လည်း တိုက်ပွဲ ရှည်ကြာလာတာနဲ့အမျှ စစ်ရေးထောက်ပံ့မှု နည်းပါးလာတွေရှိသလို ရိက္ခာပြတ်လပ်မှု ပိုများလာတာတွေကြာင့်လည်း တော်လှန်ရေးတပ်တွေမှာတပ်ပြေးအရေအတွက် ပိုများတယ်လို့ သတင်းအရင်းအမြစ်တွေကဆိုပါတယ်။

တော်လှန်ရေးရဲ့ အစောပိုင်းကာလတွေမှာတော့ လူငယ်တွေဟာ စိတ်အားထက်သန်မှုတွေရှိခဲ့ပေမယ့်လည်း ငါးနှစ်ကျော်ကြာလာချိန်မှာတော့ မြေပြင်ရဲဘော်များစွာစာ ရေရှည်စစ်ပွဲရဲ့ ဒဏ်ကို ခံစားလာကြရပါတယ်။


Latest podcast episodes

Follow SBS Burmese

Download our apps

Watch on SBS

SBS World News

Take a global view with Australia's most comprehensive world news service

Stream now