SKIP TO MAIN CONTENT

‘For us, by us'- အမှန်တရားကို ဖော်ထုတ်ဖို့နဲ့ အပြန်အလှန် ချိတ်ဆက်ကြဖို့ တောင်းဆို

Karen Mundine is seen during the launch of the Australian Olympic Committees (AOC) Reflect Reconciliation Action Plan in Brisbane Wednesday June 2 2021. (AAP Image.jpg

ဒီတစ်ပတ်ဟာ အမျိုးသား ရင်ကြားစေ့ရေး သီတင်းပတ် (National Reconciliation Week) ဖြစ်ပါတယ်။ ဒါကြောင့် မေလ ၂၇ ရက်ကနေ ဇွန်လ ၃ ရက်နေ့အထိ ကျင်းပတဲ့ အမျိုးသား ရင်ကြားစေ့ရေး သီတင်းပတ် (National Reconciliation Week) အထိမ်းအမှတ်အဖြစ် လူထုအခြေပြု အခမ်းအနားတွေကို နိုင်ငံတစ်ဝှမ်းမှာ ကျင်းပနေကြပါတယ်။ ဒီနှစ်ရဲ့ ဆောင်ပုဒ်ကတော့ 'All In' (အားလုံးပါဝင်စို့) ဖြစ်ပြီး သြစတြေးလျနိုင်ငံသား အားလုံးအနေနဲ့ ရင်ကြားစေ့ရေး လုပ်ငန်းစဉ်တွေမှာ စိတ်ရောကိုယ်ပါ နှစ်မြှုပ်လုပ်ဆောင်ကြဖို့နဲ့ (Aboriginal and Torres Strait Islander) ရဲ့ ရပိုင်ခွင့်တွေကို မြှင့်တင်ပေးကြဖို့ တိုက်တွန်းထားပါတယ်။


Published

By Angelica Waite, Kerri-Lee Barry

Presented by Mu Laing Thein

Source: SBS


Skip to podcast episode content

ဒီတစ်ပတ်ဟာ အမျိုးသား ရင်ကြားစေ့ရေး သီတင်းပတ် (National Reconciliation Week) ဖြစ်ပါတယ်။ ဒါကြောင့် မေလ ၂၇ ရက်ကနေ ဇွန်လ ၃ ရက်နေ့အထိ ကျင်းပတဲ့ အမျိုးသား ရင်ကြားစေ့ရေး သီတင်းပတ် (National Reconciliation Week) အထိမ်းအမှတ်အဖြစ် လူထုအခြေပြု အခမ်းအနားတွေကို နိုင်ငံတစ်ဝှမ်းမှာ ကျင်းပနေကြပါတယ်။ ဒီနှစ်ရဲ့ ဆောင်ပုဒ်ကတော့ 'All In' (အားလုံးပါဝင်စို့) ဖြစ်ပြီး သြစတြေးလျနိုင်ငံသား အားလုံးအနေနဲ့ ရင်ကြားစေ့ရေး လုပ်ငန်းစဉ်တွေမှာ စိတ်ရောကိုယ်ပါ နှစ်မြှုပ်လုပ်ဆောင်ကြဖို့နဲ့ (Aboriginal and Torres Strait Islander) ရဲ့ ရပိုင်ခွင့်တွေကို မြှင့်တင်ပေးကြဖို့ တိုက်တွန်းထားပါတယ်။


နယူးဆောက်ဝေးပြည်နယ် တောင်ဘက်ကမ်းရိုးတန်းမှာတော့ ဂေးလ် နိုလန် (Gayle Nolan) က ဒူဂါး (Dhurga) ဘာသာစကားဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲတစ်ခုကို ဦးဆောင်ကျင်းပပေးနေပါတယ်။

သူမက NITV ရေဒီယိုကို ပြောပြရာမှာတော့ ဒီသီတင်းပတ်ဟာ ဘာသာစကား ပြန်လည်အသက်သွင်းခြင်းရဲ့ အရေးပါမှုကို အသိအမှတ်ပြုဖို့ အခွင့်အရေးတစ်ခု ဖြစ်တယ်လို့ ဆိုပါတယ်။

"အင်္ဂလိပ်တို့ နယ်ချဲ့မလာခင်တုန်းက ကျမတို့နိုင်ငံဖြစ်တဲ့ သြစတြေးလျတစ်ဝှမ်းမှာ အာဘိုရီဂျီနယ် ဘာသာစကား ရာနဲ့ချီပြီး ပြောဆိုခဲ့ကြပါတယ်။ နေရာဒေသတွေနဲ့ နှုတ်ခွန်းဆက် စကားတွေလိုပဲ တကယ်တော့ အာဘိုရီဂျီနယ် သီးသန့်ဘာသာစကားပေါင်း ၂၅၀ ရှိပြီး မှတ်တမ်းတင်ထားတဲ့ dialect (လေယူလေသိမ်းကွဲတဲ့) ဒေသန္တရစကား ပေါင်း ၈၀၀ လောက် ရှိပါတယ်။"

အီလာဝါရာ (Illawarra) ဒေသမှာတော့ ဝီရက်ဂျူရီ (Wiradjuri) မျိုးနွယ်စုဝင် လူငယ်ရေးရာဝန်ထမ်း ဘရန်ဒန် နယူတန် (Brendan Newton) က ကူနာဝါရာ ရင်ကြားစေ့ရေး လမ်းလျှောက်ပွဲ (Koonawarra Reconciliation Walk) ကို ကူညီစီစဉ်ပေးခဲ့ပါတယ်။

ဒီလူထုအခမ်းအနားမှာ ဌာနေတိုင်းရင်းသား လူကြီးသူမတွေ ဦးဆောင်ပြီး ဒေသတွင်းက ကျောင်းသူကျောင်းသားတွေနဲ့ အခြားသူတွေအတွက် ရိုးရာအကနဲ့ သီချင်းဖျော်ဖြေမှုတွေ ပါဝင်ပါတယ်။

သူက NITV ရေဒီယိုကို ပြောကြားရာမှာတော့ သူ့အတွက် ရင်ကြားစေ့ရေးဆိုတာ ဌာနေတိုင်းရင်းသား အခွင့်အရေး လှုပ်ရှားမှု သမိုင်းကြောင်း ရှည်လျားခဲ့တဲ့ သူ့မိသားစုရဲ့ လုပ်ငန်းတွေကို ဆက်လက် လုပ်ဆောင်တာလည်း ဖြစ်တယ်လို့ ဆိုပါတယ်။

"ကျနော်ကတော့ အဲဒီအမွေအနှစ်ကို ဆက်ခံချင်ပါတယ်၊ အဓိကကတော့ သူတို့ ချန်ထားခဲ့တဲ့ ခြေရာတွေအတိုင်း လျှောက်လှမ်းတာပါ။ အခြေခံအားဖြင့်တော့ ဒီဒေသက လူငယ်တွေအတွက် မှန်ကန်တဲ့ လမ်းကြောင်းကို ပြသပေးဖို့ပါပဲ။ ဒါဟာ ကျနော့်ရဲ့ မျှော်မှန်းချက်ပါ။ ကျနော့်ရဲ့ တာဝန်ဝတ္တရားထဲမှာ ရင်ကြားစေ့ရေးက တကယ်ကို အရေးကြီးပါတယ်။"

ဒီနှစ် ရင်ကြားစေ့ရေး သီတင်းပတ်ရဲ့ ဆောင်ပုဒ်ကတော့“All In” -- a call for all Australians to commit to reconciliation every day (အားလုံးပါဝင်စို့) ဖြစ်ပြီး ဩစတြေးလျနိုင်ငံသား အားလုံးအနေနဲ့ ရင်ကြားစေ့ရေးအတွက် နေ့စဉ် တစိုက်မတ်မတ် လုပ်ဆောင်ကြဖို့ ဆိုတာပဲ ဖြစ်ပါတယ်။

မေ ၂၇ ရက်ကနေ ဇွန် ၃ ရက်အထိ ကျင်းပတဲ့ အမျိုးသား ရင်ကြားစေ့ရေး သီတင်းပတ်ဟာ ဩစတြေးလျရဲ့ ရင်ကြားစေ့ရေး ခရီးစဉ်မှာ အဓိကကျတဲ့ မှတ်တိုင်နှစ်ခု ဖြစ်တဲ့ ၁၉၆၇ ခုနှစ် ဆန္ဒခံယူပွဲနဲ့ မာဘို (Mabo) စီရင်ချက်တို့ကို အထိမ်းအမှတ်ပြုတာ ဖြစ်ပါတယ်။

၁၉၆၇ ခုနှစ်တုန်းက အော်စတြေးလျနိုင်ငံသား ၉၁ ရာခိုင်နှုန်းနီးပါးဟာ အာဘိုရီဂျီနယ်နဲ့ တောရက်စ် စထရိတ် အိုင်လန်ဒါစ်တွေကို နိုင်ငံလူဦးရေရဲ့ အစိတ်အပိုင်းတစ်ခုအဖြစ် ထည့်သွင်းရေတွက်ဖို့ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးကို ထောက်ခံမဲပေးခဲ့ကြပါတယ်။

၁၉၉၂ ခုနှစ်က မာဘို (Mabo decision) ဆုံးဖြတ်ချက်ကတော့ တောရက်စ် စထရိတ်က မီရီယမ် (Meriam) လူမျိုးတွေရဲ့ မြေယာပိုင်ဆိုင်ခွင့်ကို အသိအမှတ်ပြုခဲ့ပြီး ဩစတြေးလျဟာ နယ်ချဲ့ခံရစဉ်က 'တာရာ နူးလိယပ်စ်' (terra nullius) ခေါ် ဘယ်သူမှ မပိုင်တဲ့မြေ ဖြစ်တယ်ဆိုတဲ့ အယူအဆကို ပယ်ဖျက်ခဲ့ပါတယ်။

နားဆင်နိုင်ပါပြီ။


Latest podcast episodes

Follow SBS Burmese

Download our apps

Watch on SBS

SBS World News

Take a global view with Australia's most comprehensive world news service

Stream now