Watch FIFA World Cup 2026™

LIVE, FREE and EXCLUSIVE

ပြင်သစ်နဲ့ မော်ရိုကိုတို့ ဆီမီးဖိုင်နယ်အဆင့်မှာ ထပ်ယှဥ်ပြိုင်ကြမယ်

France Morocco World Cup Daily
France's Kylian Mbappe (10) exercises with his team during a training session ahead of the World Cup quarterfinal soccer match between France and Morocco. (AP Photo/Martin Meissner) Source: AP / Martin Meissner/AP Photo/Martin Meissner

လာမယ့်သောကြာနေ့မှာတော့ ဖီဖာကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ စိတ်လှုပ်ရှားစရာ ကွာတားဖိုင်နယ်ပွဲစဉ်အဖြစ် ပြင်သစ်နဲ့ မော်ရိုကိုတို့ ယှဥ်ပြိုင်ကြမှာ ဖြစ်ပါတယ်။ အဲဒီနှစ်သင်းဟာ ၂၀၂၂ ကာတာမှာ ကျင်းပတဲ့ ကမ္ဘာ့ဖလား ဆီမီးဖိုင်နယ်တုန်းက တစ်ကြိမ် ဆုံဖူးခဲ့ကြပြီးသား ဖြစ်ပါတယ်။ ဒီပွဲမှာ မော်ရိုကိုအသင်းက ပြင်သစ်အသင်းကို လက်စားချေနိုင်မလား၊ ဒါမှမဟုတ် ပြင်သစ်အသင်းကပဲ နောက်တစ်ကြိမ် ထပ်မံအနိုင်ရသွားမလားဆိုတာ ရင်ခုန်စရာပါပဲ။ ကျွန်မက မူလှိုင်းသိမ့် ဖြစ်ပါတယ်။ ဒါကတော့ ၂၀၂၆ ဖီဖာကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ ၂၈ ရက်မြောက်နေ့ သတင်းစုစည်းမှုပဲ ဖြစ်ပါတယ်။


Published

Updated

By Gonzalo Aguirregomezcorta

Presented by Mu Laing Thein

Source: SBS



Share this with family and friends


လာမယ့်သောကြာနေ့မှာတော့ ဖီဖာကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ စိတ်လှုပ်ရှားစရာ ကွာတားဖိုင်နယ်ပွဲစဉ်အဖြစ် ပြင်သစ်နဲ့ မော်ရိုကိုတို့ ယှဥ်ပြိုင်ကြမှာ ဖြစ်ပါတယ်။ အဲဒီနှစ်သင်းဟာ ၂၀၂၂ ကာတာမှာ ကျင်းပတဲ့ ကမ္ဘာ့ဖလား ဆီမီးဖိုင်နယ်တုန်းက တစ်ကြိမ် ဆုံဖူးခဲ့ကြပြီးသား ဖြစ်ပါတယ်။ ဒီပွဲမှာ မော်ရိုကိုအသင်းက ပြင်သစ်အသင်းကို လက်စားချေနိုင်မလား၊ ဒါမှမဟုတ် ပြင်သစ်အသင်းကပဲ နောက်တစ်ကြိမ် ထပ်မံအနိုင်ရသွားမလားဆိုတာ ရင်ခုန်စရာပါပဲ။ ကျွန်မက မူလှိုင်းသိမ့် ဖြစ်ပါတယ်။ ဒါကတော့ ၂၀၂၆ ဖီဖာကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ ၂၈ ရက်မြောက်နေ့ သတင်းစုစည်းမှုပဲ ဖြစ်ပါတယ်။


၂၇ ရက်တာကာလအတွင်း ပွဲစဉ်ပေါင်း ၉၆ ပွဲ ယှဉ်ပြိုင်ကစားပြီးတဲ့နောက်မှာတော့ ဖီဖာကမ္ဘာ့ဖလားပြိုင်ပွဲဟာ လာမယ့်သောကြာနေ့ ကွာတားဖိုင်နယ်ပွဲစဉ်တွေမစတင်မီ ပထမဆုံးအနားယူမယ့်ရက်ကို ရောက်ရှိလို့လာခဲ့ပါပြီ။

ချန်ပီယံဆုကို ဆွတ်ခူးဖို့အတွက် ပြင်သစ်၊ စပိန်၊ ဘယ်လ်ဂျီယံ၊ နော်ဝေး၊ အင်္ဂလန်နဲ့ ဆွစ်ဇာလန်တို့ အပါအဝင် ဥရောပက ခြောက်သင်း၊ အာဖရိကတိုက်ရဲ့ တစ်ခုတည်းသော မျှော်လင့်ချက် မော်ရိုကိုအသင်းနဲ့ တောင်အမေရိကရဲ့ ဘီလူးကြီး အာဂျင်တီးနားအသင်းတို့ဖြစ်ပြီး စုစုပေါင်း ရှစ်သင်းပဲ ကျန်ရှိပါတော့တယ်။

နောက်ဆုံးမှာတော့ ချန်ပီယံက တစ်သင်းတည်းပဲ ရှိမှာပါ။

ကွာတားဖိုင်နယ်ပွဲစဉ်တွေကိုတော့ မော်ရိုကိုအသင်းက ၂၀၂၂ ကာတာကမ္ဘာ့ဖလား ဆီမီးဖိုင်နယ်ပွဲမှာ ရှုံးနိမ့်ခဲ့ဖူးလို့ ပြင်သစ်အသင်းအပေါ် လက်စားချေပြီး နောက်ဆုံးလေးသင်းအဆင့်ကို တက်လှမ်းနိုင်ဖို့ ကြိုးစားမှာ ဖြစ်ပါတယ်။

 

———-

ပြင်သစ်အသင်းဟာ ၅ ပွဲမှာ ၁၄ ဂိုးအထိ သွင်းယူထားနိုင်ပြီး ကီလီယန် အမ်ဘာပေ (Kylian Mbappé) ရဲ့ သွင်းဂိုး ၇ ဂိုးနဲ့အတူ ဒီပြိုင်ပွဲမှာ အန္တရာယ်အရှိဆုံး တိုက်စစ်ကို ပိုင်ဆိုင်ထားတာပါ။

ပြင်သစ်အသင်းက ရေပန်းစားနေပေမယ့်လည်း နောက်ခံလူ ဒါယို အူပါမီကာနို (Dayot Upamecano) ကတော့ မော်ရိုကိုအသင်းအပေါ် အပြည့်အဝ ချီးမွမ်းစကားဆိုခဲ့ပါတယ်။

"သူတို့က ကမ္ဘာ့အဆင့် ၆ ရှိတဲ့ တကယ့်ကို အသင်းကောင်းတစ်သင်းပါ။ ၂၀၂၂ တုန်းကနဲ့ယှဥ်ရင် သူတို့ တိုးတက်လာခဲ့ပါပြီ။ သူတို့က ဘောလုံးပိုင်ဆိုင်မှုယူပြီး ကစားရတာကို သဘောကျသလို၊ တစ်ဦးချင်း ရင်ဆိုင်ရတဲ့ အခြေအနေတွေကိုလည်း နှစ်သက်ကြပြီး ဂိုးတွေအများကြီးလည်း သွင်းထားပါတယ်။ ကျွန်တော်တို့အနေနဲ့ ခံစစ်ရော တိုက်စစ်ပါ သတိထားကစားရပါလိမ့်မယ်၊ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်တို့ ဒီအသင်းကို လေးစားလို့ပါ။ ဒါပေမဲ့ ပြိုင်ပွဲမှာ ရှေ့ဆက်သွားနိုင်ဖို့အတွက် ဒီပွဲကို ကျွန်တော်တို့ အနိုင်ရချင်ပါတယ်"

ပြင်သစ်အသင်းဟာ ဒီပွဲစဉ်ကို အော်ရီလီယန် ချူအာမေနီ (Aurélien Tchouaméni) နဲ့ မားကပ်စ် သူရမ် (Marcus Thuram) တို့ ဒဏ်ရာပြဿနာတွေကြောင့် ပါဝင်ဖို့ မသေချာတဲ့ အခြေအနေနဲ့ ရင်ဆိုင်နေရပါတယ်။

———-

မော်ရိုကိုအသင်းကတော့ ရှုံးပွဲမရှိသေးဘဲ ဂိုးကွာခြားချက် အပေါင်း ၆ ဂိုးနဲ့ ကွာတားဖိုင်နယ်ကို တက်ရောက်လာတာဖြစ်ပြီး ဒုတိယအကြိမ်မြောက် ကမ္ဘာ့ဖလား ဆီမီးဖိုင်နယ်ကို ဆက်တိုက်တက်လှမ်းနိုင်ဖို့ မျှော်မှန်းနေတာပါ။

"အတ္တလတ်စ် ခြင်္သေ့များ" (The Atlas Lions) ဟာ ၂၀၂၂ ကာတာကမ္ဘာ့ဖလား ဆီမီးဖိုင်နယ်တုန်းက ပြင်သစ်ကို ၂ ဂိုး - ဂိုးမရှိနဲ့ ရှုံးနိမ့်ခဲ့ရမှုကို အကြွေးပြန်ဆပ်ဖို့ ကြိုးစားနေတာ ဖြစ်ပေမယ့်လည်း ကွင်းလယ်လူ ဘရာဟင် ဒီယက်ဇ် (Brahim Díaz) ကတော့ လက်စားချေဖို့ဆိုတာ သူတို့အသင်းရဲ့ အဓိကရည်ရွယ်ချက် မဟုတ်ဘူးလို့ ဆိုပါတယ်။

"ကျွန်တော်က နှိမ့်ချမှုရှိရှိနဲ့ အရှိတရားအတိုင်းပဲ ဖြတ်သန်းချင်သူဖြစ်လို့ လက်စားချေဖို့အကြောင်းတွေကို သိပ်ပြီး မပြောချင်ပါဘူး"

မော်ရိုကိုအသင်းရဲ့ အဓိကတိုက်စစ်မှူး အစ္စမာအီ ဆိုင်ဘာရီ (Ismael Saibari) ကတော့ ပေါင်နောက်ကြောဒဏ်ရာကြောင့် ဒီပွဲကို လွဲချော်မှာ သေချာသွားခဲ့ပါပြီ။

———-

ပြိုင်ပွဲရဲ့ နောက်ဆုံး ၁0 ရက်တာကာလဟာ ရွှေဖိနပ်ဆု (Golden Boot) အတွက် အပြိုင်အဆိုင်ကိုလည်း ဆုံးဖြတ်ပေးတော့မှာပါ။ လက်ရှိမှာတော့ လီယွန်နယ် မက်ဆီ (Lionel Messi) က ၈ ဂိုးနဲ့ ဦးဆောင်နေပြီး၊ အာလင်း ဟာလန်း (Erling Haaland) နဲ့ ကီလီယန် အမ်ဘာပေ (Kylian Mbappé) တို့က ၇ ဂိုးစီနဲ့ ကပ်လိုက်နေသလို၊ ဟာရီ ကိန်း (Harry Kane) ကလည်း ၆ ဂိုးနဲ့ နောက်ကနေ ရှိနေပါတယ်။

ကွင်းရဲ့ တစ်ဖက်ခြမ်းမှာတော့ စပိန်ဂိုးသမား အူနိုင်း ဆီမွန် (Unai Simón) ဟာ ဒီကမ္ဘာ့ဖလားပြိုင်ပွဲမှာ အခုထိ ဂိုးတစ်ဂိုးမှ အသွင်းမခံတဲ့ဂိုးသမားဖြစ်တဲ့အတွက် ရွှေလက်အိတ်ဆု (Golden Glove) အတွက် ထိပ်ဆုံးကနေ ဦးဆောင်နေပါတယ်။

 ———-

ကွာတားဖိုင်နယ် ပွဲစဉ်တွေကိုတော့ လာမယ့်သောကြာနေ့ အရှေ့ဩစတြေးလျ စံတော်ချိန် (AEST) မနက် ၆ နာရီမှာ ပြင်သစ်နဲ့ မော်ရိုကိုတို့ရဲ့ ပွဲစဉ်နဲ့ စတင်သွားမှာ ဖြစ်ပါတယ်။ ပွဲစဉ်တွေအနေနဲ့ စနေနေ့မှာ ဘယ်လ်ဂျီယံနဲ့ စပိန်၊ တနင်္ဂနွေနေ့မှာ နော်ဝေးနဲ့ အင်္ဂလန်၊ အာဂျင်တီးနားနဲ့ ဆွစ်ဇာလန်တို့ ဆက်လက်ယှဉ်ပြိုင် ကစားသွားကြမှာပါ။

ဒါကတော့ ၂၈ ရက်မြောက်နေ့ရဲ့ ကမ္ဘာ့ဖလားနေ့စဉ်သတင်း သုံးသပ်ချက်ဖြစ်ပါတယ်။

၂၀၂၆ ဖီဖာကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ ပွဲစဉ်တိုင်းကို SBS နဲ့ SBS On Demand တို့ကနေ တိုက်ရိုက်နဲ့ အခမဲ့ ကြည့်ရှုနိုင်ပါတယ်ရှင်။


Latest podcast episodes

Follow SBS Burmese

Download our apps

Watch on SBS

SBS World News

Take a global view with Australia's most comprehensive world news service

Stream now