SKIP TO MAIN CONTENT

ပြင်သစ်ကုမ္ပဏီနဲ့ သဘောတူညီချက်ကို သြစီ ပယ်ဖျက်တဲ့အပေါ် ပြင်သစ်အမျက်ထွက်နေ

SBS Easy French Ep 96
A nuclear submarine underwater Source: Getty

သြစတြေးလျနိုင်ငံ အစိုးရက အမေရိန်နိုင်ငံ၊ ဗြိတိန်နိုင်ငံတို့နဲ့ သမိုင်းဝင်တဲ့ ကာကွယ်ရေးဆိုင်ရာ သဘောတူညီမှု ချုပ်ဆိုလိုက်ပြီး နျူကလီးယားနဲ့ လည်ပတ်တဲ့ ရေငုတ်သင်္ဘောကို ရရှိနိုင်ရေး အတွက် ဖြစ်ပါတယ်။


Published

Source: SBS


Skip to podcast episode content

သြစတြေးလျနိုင်ငံ အစိုးရက အမေရိန်နိုင်ငံ၊ ဗြိတိန်နိုင်ငံတို့နဲ့ သမိုင်းဝင်တဲ့ ကာကွယ်ရေးဆိုင်ရာ သဘောတူညီမှု ချုပ်ဆိုလိုက်ပြီး နျူကလီးယားနဲ့ လည်ပတ်တဲ့ ရေငုတ်သင်္ဘောကို ရရှိနိုင်ရေး အတွက် ဖြစ်ပါတယ်။


အဲဒီလို လုပ်ရပ်နဲ့ ပတ်သက်ပြီး သြစတြေးလျနိုင်ငံအတွင်းမှာ အမြင်သဘောထားကွဲလွဲမှု ဖြစ်နေကြသလို ပြင်သစ်နိုင်ငံနဲ့ တရုတ်နိုင်ငံကလည်း အမျက်ဒေါသထွက်နေကြပါတယ်။

AUKUS လို့ ခေါ်ဝေါ်တဲ့ သုံးနိုင်ငံ သဘောတူညီမှုနဲ့ ပတ်သက်ပြီး ဝန်ကြီးချုပ် စကော့တ်မော်ရီဆန်က ထာဝရမိတ်ဆွေဖွဲ့ခြင်းလို့ အဓိပ္ပာယ်ဖွင့်လိုက်ပါတယ်။

သဘောတူညီချက်အရ သြစတြေးလျအနေနဲ့ အမေ၇ိကန်နိုင်ငံရဲ့ နျူကလီးယားနဲ့ လည်ပတ်တဲ့ ရေငုတ်သင်္ဘောနည်းပညာကို ရရှိမှာ ဖြစ်ပါတယ်။

တဖက်မှာလည်း အဲဒီ သဘောတူညီချက်အသစ်ကြောင့် ပြင်သစ်နိုင်ငံက နေဗာကုမ္ပဏီနဲ့ ချုပ်ဆိုတဲ့ ဒေါ်လာ ဘီလီယံ ၉၀ တန် Future Submarine သဘောတူညီချက်ကို ဖျက်သိမ်းလိုက်တာ ဖြစ်ပါတယ်။

ပြင်သစ်နိုင်ငံပိုင် နေဗာ ကုမ္ပဏီဟာ အက်ဒလိတ်မြို့မှာ လူအယောက် ၃၅၀ ကို အလုပ်ခန့်ထားတဲ့ လုပ်ငန်းဖြစ်ပါတယ်။ အဲဒီအလုပ်သမားတွေ အလုပ်လက်မဲ့ဘဝ ရောက်နိုင်တဲ့အတွက် မကျေနပ်မှုတွေလည်း ရှိပါတယ်။

အဲဒီကုမ္ပဏီဟာ ပြင်သစ်အစိုးရနဲ့ ချုပ်ထားတဲ့ သဘောတူညီမှုကို ဖြည့်ဆည်းဖို့အတွက် South Australia ပြည်နယ်က အသေးစား၊ အလတ်စား လုပ်ငန်းတွေနဲ့ ပူးတွဲလုပ်ကိုင်ပြီး လူပေါင်း ၁၇၀၀ အထိ အလုပ်ခန့်နိုင်ဖို့ စီစဉ်ထားတာ ဖြစ်ပါတယ်။ ဒါပေမဲ့ အခုအခါမှာ သြစတြေးလျ အစိုးရက အမေရိကန်၊ ဗြိတိန်တို့နဲ့ သဘောတူညီချက် အသစ်ရယူလိုက်တဲ့အတွက် အဲဒီအစီအစဉ်တွေ ဖြစ်မလာတော့ပါဘူး။

သြစတြေးလျအစိုးရရဲ့ ဆုံးဖြတ်ချက်ကို ပြင်သစ်က နောက်ကျောကို ဓားထိုးခြင်း ဖြစ်တယ်လို့ ဝေဖန်ပြောဆိုထားပါတယ်။

ပြင်သစ်နိုင်ငံက နေဗာ ကုမ္ပဏီနဲ့ အလုပ်တွဲလုပ်မယ့် သြစတြေးလျနိုင်ငံက အသေးစားနဲ့ အလတ်စား လုပ်ငန်းရှင်တွေကလည်း စိတ်ပျက်နေကြပါတယ်။

ဒါပေမယ့် သြစတြေးလျအနေနဲ့ အခုလို အမေရိကန်၊ ဗြိတိန်နိုင်ငံတို့နဲ့ သဘောတူညီမှု ရယူလိုက်ခြင်းအားဖြင့် နယူးကလီးယား စွမ်းအင်နဲ့ ပြေးဆွဲတဲ့ ရေငုတ်သင်္ဘောကို ပိုင်ဆိုင်တဲ့ နိုင်ငံ ၇ နိုင်ငံထဲမှာ ပါဝင်လာမှာ ဖြစ်ပါတယ်။ အခုလောလောဆယ် နျူကလီးယားစွမ်းအင်နဲ့ လည်ပတ်တဲ့ ရေငုတ်သင်္ဘောကို ပိုင်ဆိုင်တဲ့ နိုင်ငံတွေက အမေရိကန်၊ ဗြိတိန်၊ တရုတ်၊ ရုရှား၊ အိန္ဒိယနဲ့ ပြင်သစ်နိုင်ငံတို့ ဖြစ်ကြပါတယ်။

South Australia ပြည်နယ်ဝန်ကြီးချုပ် Steven Marshall ကတော့ ဒီသဘောတူညီချက်အသစ်ကြောင့် သူတို့ပြည်နယ်မှာ ရေရှည်အလုပ်အကိုင်တွေ ရရှိစေမှာဖြစ်ပြီး ကျောင်းသား လူငယ်တွေအနေနဲ့ ကာကွယ်ရေးဆိုင်ရာ လုပ်ငန်းမှာ အလုပ်လုပ်ကိုင်ဖို့ စဉ်းစားမှုတွေ လုပ်သင့်တယ်လို့ တိုက်တွန်းထားပါတယ်။


Latest podcast episodes

Follow SBS Burmese

Download our apps

Watch on SBS

SBS World News

Take a global view with Australia's most comprehensive world news service

Stream now