ဒီကြားနာပွဲကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့ (Human Rights Watch)၊ မြန်မာ့အရေးလှုံ့ဆော်ကွန်ရက်(Myanmar Campaign Network)၊ မြန်မာ့မဟာဗျူဟာနှင့် မူဝါဒလေ့လာရေး အင်စတီကျု(ISP-Myanmar)နဲ့ သြစတြေးလျရောက် CRPH/NUG ထောက်ခံတဲ့အဖွဲ့တို့က သူတို့ရဲ့ လေ့လာတွေ့ရှိချက် အစီရင်ခံစာတွေကို ကော်မတီမှာ တင်သွင်း ဖတ်ကြားခဲ့တာပါ။
ဒီကြားနားပွဲမှာ ဘာတွေကြားနာခဲ့လဲ။ ဒီပွဲကနေ မြန်မာ့တော်လှန်ရေးနဲ့ ပြည်သူတွေအတွက် ဘာတွေမျှော်လင့်လို့ ရနိုင်လဲဆိုတာကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG)Australia, Canberra ကိုယ်စားလှယ် ဒေါက်တာ ထွန်းအောင်ရွှေကို ဆက်သွယ်မေးမြန်းသွားမှာပဲဖြစ်ပါတယ်ရှင်။





