မြန်မာနိုင်ငံဆိုင်ရာ သံအမတ်ကြီး ဦးကျော်မိုးထွန်း ကုလသမဂ္ဂမှာ ဆက်လက်တည်ရှိရေး “Global Action for Credential Campaign 2025” လှုပ်ရှားမှုအဖြစ် ဒီလ စက်တင်ဘာ ၂၀ ရက်နေ့မှာ ပြည်ပရောက်မြန်မာနိုင်ငံသားတွေက တညီတညွတ်တည်းတောင်းဆို ဆန္ဒပြခဲ့ကြပါတယ်။
Australia၊ Melbourne, Canada နိုင်ငံ Vancouver, Ottawa၊, Germany, Seoul Korea, Netherlands နိုင်ငံ Amsterdam မြို့တော်, France, UK နိုင်ငံ, New York and San Francisco, America, စတဲ့နိုင်ငံတွေက ပြည်သူ ရာထောင်ချီ ပါဝင် ထောက်ခံ ဆန္ဒပြခဲ့ကြပါတယ်။
ဆန္ဒပြသူတွေထဲမှာ အမျိုးသားညီညွတ်ရေးအစိုးရ NUG ကဝန်ကြီးတွေ၊ NUCC ကကောင်စီဝင်တွေ၊ တိုင်းရင်းသား ခေါင်းဆောင်ကိုယ်စားလှယ် တွေ၊ တာဝန်ခံ တွေသာမကပဲ ပြည်နယ်အသီးသီးက ကိုယ်စားလှယ်တွေ တက်တက်ကြွကြွ ပါဝင်ခဲ့ တာကို တွေ့ရပါတယ်။





