SKIP TO MAIN CONTENT

သြစီမှာ သေတမ်းစာ ထားရှိဖို့ ဘာကြောင့်အရေးကြီးသလဲ

Experts points out that having a will is important, not just for asset distribution, but also for nominating guardians for minors.
Experts points out that having a will is important, not just for asset distribution, but also for nominating guardians for minors. Source: Getty Images/Paul Bradbury

သြစတြေးလျနိုင်ငံက လူအများအပြားဟာ သေတမ်းစာ ထားရှိခြင်းရဲ့ အရေးပါမှုကို လျှော့တွက်ကြလေ့ရှိတယ်လို့ သုတေသနတွေမှာ ပြသထားပါတယ်။


Published

By Zoe Thomaidou

Source: SBS


Skip to podcast episode content

သြစတြေးလျနိုင်ငံက လူအများအပြားဟာ သေတမ်းစာ ထားရှိခြင်းရဲ့ အရေးပါမှုကို လျှော့တွက်ကြလေ့ရှိတယ်လို့ သုတေသနတွေမှာ ပြသထားပါတယ်။


ကျွမ်းကျင်သူတွေကတော့ မိမိ ဘယ်အသက်အရွယ်ပဲ ရောက်ရောက်၊ ဘာလူမျိုးပဲ ဖြစ်နေပါစေ အနာဂတ်မှာ မိမိချစ်ခင်ရသူတေါ စိတ်အေးရဖို့အတွက် သေတမ်းစာ ရေးထားဖို့က အရေးကြီးတယ်လို့ ပြောဆိုကြတဲ့အကြောင်း ရေးထားတဲ့ ဆောင်းပါးရှင် Zoe Thomaidou ရဲ့ ဆောင်းပါးကို တင်ဆက်ပေးမှာ ဖြစ်ပါတယ်။

သေတမ်းစာဆိုတာ ဘာလဲ၊ ဘယ်သူတွေ ထားရှိသင့်သလဲ၊ သေတမ်းစာထဲမှာ ဘာတွေ ထည့်ရေးသင့်သလဲ စတာတွေကို လေ့လာကြမှာပါ။

သေတမ်းစာဆိုတာ တရားရေးဆိုင်ရာ စာရွက်စာတမ်းတစ်ခုဖြစ်ပြီး မိမိသေဆုံးသွားတဲ့အခါ မိမိရဲ့ အိမ်ကို ဘယ်သူ့ကို အမွေပေးချင်သလဲ၊ မိမိသားသမီးကို ဘယ်သူကို စောင့်ရှောက်စေချင်သလဲ၊ ဘယ်သူ့ကို သေတမ်းစာ အတည်ပြုသူ ဖြစ်စေမလဲ စတဲ့ မိမိရဲ့ ဆန္ဒကို ဖော်ပြထားတဲ့ တရားဝင် စာရွက်စာတမ်း ဖြစ်ပါတယ်။

၂၀၁၅ ခုနှစ်မှာ ပြုလုပ်တဲ့ လေ့လာမှု တစ်ခုအရ သြစတြေးလျနိုင်ငံမှာ တော်တန်ရုံ ပိုင်ဆိုင်မှုများတဲ့ သက်ကြီးတွေမှာ သေတမ်းစာ ထားလေ့ရှိကြတယ်ဆိုတာကို တွေ့ခဲ့ရပါတယ်။

Deakin တက္ကသိုလ်က ပါမောက္ခ Adam Steen ကနေ ၂၀၁၇ ခုနှစ်မှာ လေ့လာမှု လုပ်တဲ့အခါ စစ်တမ်းမှာ ပါဝင်သူ တဝက်နီးပါးမှာ သေတမ်းစာတွေ မရှိကြတာကို တွေ့ခဲ့ရတယ်လို့ ပြောပါတယ်။

တစ်ယောက်ယောက်က သေတမ်းစာ မထားခဲ့ပဲ သေဆုံးသွားခဲ့ရင် အဲဒါကို သေတမ်းစာမရှိတဲ့အတွက် မိမိရဲ့ ပိုင်ဆိုင်မှုတွေကို မိမိနေထိုင်ရာ ပြည်နယ်နဲ့ အထူးဒေသရဲ့ ဥပဒေအရ သက်ဆိုင်ရာက ဆုံးဖြတ်ပေးသွားမှာ ဖြစ်ပါတယ်။ 

ရှေ့နေတစ်ဦးဖြစ်သူ Dean Kalymnios ကတော့ သေတမ်းစာကို ချန်ထားခြင်းအားဖြင့် ကျန်ရစ်သူ မိသားစုဝင်တွေအကြား ပြဿနာ မဖြစ်အောင် ရှောင်ရှားစေနိုင်တယ်လို့ ပြောပါတယ်။

နားဆင်နိုင်ပါပြီ။


Latest podcast episodes

Follow SBS Burmese

Download our apps

Watch on SBS

SBS World News

Take a global view with Australia's most comprehensive world news service

Stream now