Key Points
- Government payments are designed for every life stage.
- Services Australia delivers payments on behalf of the government via programs such as Centrelink.
- Strict eligibility requirements and waiting periods apply to payments.
- Protection or Humanitarian Visa holders have access to the same payments as Australian citizens.
နိုင်ငံသားတစ်ဦး အနေနဲ့ ဒါမှမဟုတ် ဒီနိုင်ငံမှာ အမြဲတမ်းနေထိုင်ဖူးသူတွေ အများစုအနေနဲ့ သူတို့ရဲ့ ဘဝတကွေ့ကွေ့မှာ အစိုးရရဲ့ ထောက်ပံ့ကြေး တမျိုးမျိုးကို ရရှိကြတာ ဖြစ်ပါတယ်။
အစိုးရဆီက ထောက်ပံ့ကြေးတခုခု ရဖို့အတွက် တင်းကြပ်တဲ့ သတ်မှတ်ချက်တွေရှိပြီး သတ်မှတ်ချက်တွေ ပြည့်မီမှသာ ခံစားခွင့်ရတာ ဖြစ်ပါတယ်။ ဒီအစီအစဥ်မှာတော့ ဘယ်လို ပံ့ပိုးမှုတွေ ရှိသလဲ ဆိုတာကို ရှင်းပြမှာ ဖြစ်ပါတယ်။
Hank Jongen ဟာ Services Australia က အထွေထွေမန်နေဂျာဖြစ်ပြီး Services Australia ဟာ အစိုးရကိုယ်စား ထောက်ပံ့ကြေးရသင့်တဲ့လူတွေကို ထောက်ပံ့ကြေးထည့်ပေးတဲ့ ဌာန ဖြစ်ပါတယ်။

ဩစတြေးလျနိုင်ငံက လူတိုင်းနီးပါး သူတို့ရဲ့ ဘဝ တကွေ့ကွေ့မှာ ကျနော်တို့နဲ့ ဆက်ဆံမှု လုပ်ရလေ့ရှိပါတယ်။ အကယ်၍ မိမိအနေနဲ့ ကျောင်းတက်နေရင်၊ အလုပ်ရှာနေရင်၊ ကလေးကို ကြည့်ရှုစောင့်ရှောက်နေရရင်၊ ပင်စင်စားရင် ဒါမှမဟုတ် မယ်ဒီခဲ ဝန်ဆောင်မှု ဒါမှမဟုတ် တခြားအရေးပေါ် ကိစ္စတွေမှာ ကျနော်တို့နဲ့ အဆက်အဆံ လုပ်ရနိုင်ပါတယ်။ ကျနော်တို့က အဲဒီလို ဝန်ဆောင်မှုတွေမှာ ပံ့ပိုးမှုတွေ လုပ်တာဖြစ်ပါတယ်။ ကျနော်တို့ Services Australia က Centrelink, Medicare နဲ့ Child Support payments စတဲ့ ဝန်ဆောင်မှုတွေအတွက် တာဝန်ရှိတဲ့အတွက် ဖြစ်တယ်လို့ ရှင်းပြထားပါတယ်။
အဲဒီလို ထောက်ပံ့ကြေးအများစုကို ရရှိဖို့ သတ်မှတ်ချက်တွေ ရှိပြီး အဲဒီ သတ်မှတ်ချက်တွေက ဝန်ဆောင်မှု တစ်ခုခြင်းစီအတွက် ကွာခြားနိုင်ပေမယ့် အများအားဖြင့် ဩစတြေးလျမှာ နေထိုင်ရတဲ့ ဗီဇာ သတ်မှတ်ချက်ပြည့်မီဖို့လိုအပ်ပြီး တချို့ ဝန်ဆောင်မှုကို ရရှိဖို့ဆိုရင် နိုင်ငံသား ဒါမှမဟုတ် အမြဲတမ်းနေထိုင်ခွင့်ရှိသူ ဖြစ်ဖို့ လိုအပ်ပါတယ်။
အဲလို ဝန်ဆောင်မှု တချို့အတွက် ခံစားခွင့်ရချင်ရင် သင့်ရဲ့ ဝင်ငွေအနေအထား၊ ပိုင်ဆိုင်မှုနဲ့ ဘဏ်အကောင့်တွေကို အစိုးရက ကြည့်ပြီးမှ သင့်ကို ထောက်ပံ့ကြေးပေးသင့်မသင့်နဲ့ သင်ခံစားခွင့်ရှိသူဖြစ်တယ်ဆိုရင် ဘယ်လောက် ခံစားခွင့်ရသင့်သလဲ စတာတွေကို ဆုံးဖြတ်ပေးမှာ ဖြစ်ပါတယ်။
ဘယ်လို ပံ့ပိုးမှုက မိမိနဲ့ သင့်တော်မလဲ ဆိုတာကို သိနိုင်ဖို့ Services Australia ဝဘ်ဆိုက်မှာ ရှာကြည့်နိုင်တယ်လို့ Mr Jongen က ပြောပါတယ်။
JobSeeker Payment
Jobseeker Payment ဆိုတာကတော့ အခြေခံအားဖြင့် အသက် ၂၂ နှစ်နဲ့ အသက် ၆၇ ဖြစ်တဲ့ ပင်စင်စားအရွယ်အကြားက အလုပ်ရှာဖွေနေတဲ့ လူတွေအတွက် ငွေကြေးထောက်ပံ့မှုဖြစ်ပါတယ်။ သင်အလုပ်လက်မဲ့ ဖြစ်နေတယ် ဒါမှမဟုတ် အလုပ်ရှာဖို့ လိုအပ်နေတယ် ဆိုရင် ဒီထောက်ပံ့ကြေးက သင်နဲ့ သင့်တော်တဲ့ ထောက်ပံ့ကြေးဖြစ်ပါတယ်။ သင်အချိန်အတိုင်းအတာ တစ်ခုအထိ နေထိုင်မကောင်းဖြစ်လို့ အလုပ်ကနေ ဒါမှမဟုတ် ကျောင်းကနေ နားနေရတဲ့အခါမျိုးမှာလည်း လျှောက်ထားနိုင်တဲ့ ထောက်ပံ့ကြေး ဖြစ်ပါတယ်။
သင်ရရှိတဲ့ ထောက်ပံ့ကြေးနှုန်းကတော့ သင်ဟာ တစ်ယောက်တည်းသမားလား ဒါမှမဟုတ် အိမ်ထောင်ဖက်ရှိသလား ဆိုတဲ့အပေါ်မူတည်သလို ကလေးတွေ ရှိမရှိ ဆိုတဲ့အပေါ်မှာလည်း မူတည်နိုင်ပါတယ်။

Youth Allowance
နောက်ထပ် လူတွေ ရရှိမှုများတဲ့ ထောက်ပံ့ကြေးက Youth Allowance ဖြစ်ပြီး အချိန်ပြည့် ကျောင်းတက်နေသူ ဒါမှမဟုတ် အလုပ်သင် apprenticeship လုပ်နေတဲ့ အသက် ၂၄ နှစ်အောက် လူငယ်တွေ ဒါမှမဟုတ် အလုပ်ရဖို့ ရှာဖွေနေတဲ့ အသက် ၂၂ နှစ်အောက် လူငယ်တွေအတွက် ဖြစ်ပါတယ်။
Austudy ဆိုတာကတော့ အသက် ၂၅ နှစ်နဲ့အထက်ရှိပြီး အချိန်ပြည့် ကျောင်းတက်နေတဲ့ လူတွေအတွက် ဖြစ်ပါတယ်။
Family Tax Benefit
အကယ်၍ သင်ကိုယ်တိုင် ဒါမှမဟုတ် သင့်ရဲ့ မိသားစုဝင်ဟာ ဝင်ငွေနည်းသူဖြစ်ရင် အစိုးရဆီက ထောက်ပံ့ကြေး ရရှိနိုင်ပြီး အဲဒီ ထောက်ပံ့ကြေးတွေကFamily Tax Benefit ဖြစ်တယ်လို့ Mr Jongen က ရှင်းပြထားပါတယ်။
Family Tax Benefit ကတော့ ကလေးကို ကြည့်ရှုစောင့်ရှောက်နေရတဲ့ မိသားစုဝင်တွေအတွက် ရည်ရွယ်တဲ့ ထောက်ပံ့ကြေး အမျိုးအစား ဖြစ်ပါတယ်။ သင်ရရှိတဲ့ နှုန်းထားကတော့ သင့်ရဲ့ မိသားစု အနေအထားအပေါ် မူတည်ပါတယ်။ သင့်ရဲ့ မိသားစုဝင်တွေရဲ့ လစာ၊ ကလေးဘယ်နှစ်ယောက်ရှိသလဲ၊ ကလေးတွေက ဘယ်အရွယ်လဲ စတဲ့ အနေအထားအပေါ်မူတည်ပြီး သင်ဘယ်လောက် ရသင့်သလဲ ဆိုတာကို ဆုံးဖြတ်တာ ဖြစ်တယ်လို့ ပြောပါတယ်။
Age Pension
အစိုးရဟာ လူတွေရဲ့ ဘဝ တဆင့်ခြင်းစီမှာ ကူညီနိုင်ဖို့ စီစဥ်ထားတာဖြစ်ပြီး Age Pension ဆိုတာကတော့ အသက် ၆၇ နှစ်နဲ့ အထက် ရှိတဲ့ ပင်စင်စားတွေအတွက် ရည်ရွယ်တဲ့ ထောက်ပံ့ကြေးဖြစ်ပါတယ်။
ပင်စင်လို့ ပြောတဲ့အခါ မြန်မာနိုင်ငံမှာ အစိုးရဝန်ထမ်းဖြစ်တဲ့ လူတွေသာ ပင်စင်ရတာမဟုတ်ပဲ ဩစတြေးလျနိုင်ငံမှာတော့ ပင်စင်လို့ ပြောတဲ့အခါမှာ အစိုးရ ဝန်ထမ်းမဟုတ်တဲ့ အသက် ၆၇ နှစ်နဲ့အထက် ရှိသူအားလုံးကို ပင်စင်စားအရွယ်လို့ သတ်မှတ်တာ ဖြစ်ပါတယ်။
To get Age Pension you generally need to have been an Australian resident for at least 10 years in total. And for at least five of these years there must have been no break in your residence in Australia.Hank Jongen, General Manager Services Australia
ပင်စင်ဆိုင်ရာ ထောက်ပံ့ကြေးဟာလည်း မိမိမှာ အိမ်ထောင်ဖက်ရှိသလား မရှိဘူးလားဆိုတဲ့အပေါ် မူတည်ပြီး ရရှိတဲ့ ထောက်ပံ့ကြေးက ကွာခြားပါတယ်။

Disability Support Pension
ပင်စင်ဆိုင်ရာ ထောက်ပံ့ကြေးဟာလည်း မိမိမှာ အိမ်ထောင်ဖက်ရှိသလား မရှိဘူးလားဆိုတဲ့အပေါ် မူတည်ပြီး ရရှိတဲ့ ထောက်ပံ့ကြေးက ကွာခြားပါတယ်။
တခါတလေ ကိုယ်က အလုပ်လုပ်နိုင်သေးတဲ့ အရွယ်ဆိုပေမယ့် ကျန်းမာရေး အနေအထားကြောင့် အလုပ်အကိုင် ရှာဖွေဖို့ မဖြစ်နိုင်တာမျိုး ဖြစ်တတ်ပါတယ်။ သင့်အနေနဲ့ အသက်ငယ်သေးပေမယ့် အလုပ် လုံးဝ လုပ်လို့မရတော့တဲ့ အနေအထားမျိုးမှာဆိုရင် အသက်မပြည့်တဲ့လူတွေကိုပေးတဲ့ Disability Support Pension ကို ခံစားခွင့်ရနိုင်ပါတယ်။
Carer Payment
Disability Support Pension ဆိုတာ ကိုယ်ခန္စာပိုင်းဆိုင်ရာ၊ ဦးနှောက်ပိုင်းဆိုင် ဒါမှမဟုတ် စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးအခြေအနေကြောင့် နှစ်နှစ်နဲ့အထက် အလုပ်မလုပ်နိုင်အောင် ဖြစ်စေတဲ့ ချို့ယွင်းချက် တခုခုဖြစ်သူတွေအတွက် ပေးတဲ့ ထောက်ပံ့ကြေး ဖြစ်ပါတယ်။ ဥပမာ သင့်မှာ နာတာရှည်ရောဂါရှိတဲ့အခါလည်း ရနိုင်ပေမယ့် ထောက်ပံ့ကြေး မပေးခင်မှာ ဆရာဝန်တွေရဲ့ ထောက်ခံချက်တွေ၊ မသန်စွမ်းသူ ဖြစ်သွားတယ်ဆိုရင်လည်း သက်သေအထောက်အထားတွေ အရင်ကြည့်ပြီးမှ အဲဒီ ထောက်ပံ့ကြေး ရသင့်မသင့် ဆုံးဖြတ်မှာ ဖြစ်ပါတယ်။

ပင်စင်အရွယ်မဟုတ်ပေမဲ့ အနေအထား တစ်ခုခုကြောင့် မလုပ်မလုပ်နိုင်တော့ပဲ Disability Support Pension ရရှိတယ်ဆိုရင် အဲဒါနဲ့ ဆက်စပ်တဲ့ ထောက်ပံ့ကြေးတစ်ခုက ပြုစုစောင့်ရှောက်သူတွေကိုပေးတဲ့ Carer Payment ဖြစ်ပါတယ်။ မသန်စွမ်းဖြစ်နေသူ ဒါမှမဟုတ် အင်မတန် နာမကျန်းဖြစ်နေသူကို အချိန်ပြည့် ကြည့်ရှုစောင့်ရှောက်တဲ့ လူတွေက Carer Payment ရရှိနိုင်ပါတယ်။
People granted Protection or Humanitarian Visas have access to Centrelink and other mainstream services, the same as other residents and citizens, whereas people seeking asylum do not have access to Centrelink.Shaheen Whyte, Senior Policy Officer, Refugee Council of Australia
အဲဒါအပြင် အချိန်ပြည့် ကြည့်ရှုရတာမဟုတ်ပဲ တခါတလေ မသန်စွမ်းဖြစ်နေသူကို ဆေးသွားဝယ်ပေးရတာတွေ ဒါမှမဟုတ် အဲဒီလူကို ရက်ချိန်း appointment လိုက်ပို့ရတာမျိုးဆိုရင်လည်း Carer Allowance ရရှိနိုင်ပါတယ်။
အဲဒီလို ထောက်ပံ့ကြေးအတွက် ဩစတြေးလျနိုင်ငံသား ဒါမှမဟုတ် အမြဲတမ်းနေထိုင်ခွင့်ရသူတွေ စင်တာလင့်ခ်ကနေတဆင့် လျှောက်ထားနိုင်ပါတယ်။ အကယ်၍ သင်ဟာ မကြာခင်ကမှ ဩစတြေးလျကို ရောက်ရှိလာသူဖြစ်တယ်ဆိုရင်
newly arrived resident’s waiting period (NARWP) ဆိုတာရှိပြီး အဲဒါကတော့ ရောက်လာခါစလူတိုင်း ထောက်ပံ့ကြေးမရပဲ စောင့်ဆိုင်းရတဲ့ ကာလရှိတဲ့အတွက် ဖြစ်ပါတယ်။ အသစ်ရောက်လာတဲ့ လူသစ်တွေဟာ စင်တာလင့်ခ် ထောက်ပံ့ကြေးရရှိဖို့ ၄ နှစ်ကြာတဲ့အထိ စောင့်ဆိုင်းရနိုင်ပါတယ်။ ဒါပေမဲ့ ဒုက္ခသည်အဖြစ် ရောက်လာတဲ့ လူတွေကတော့ စောင့်ဆိုင်းစရာမလိုပဲ အဲဒီထောက်ပံ့ကြေးတွေကို ရောက်လာတာနဲ့ ရရှိနိုင်တယ်လို့ Refugee Council of Australia က Senior Policy Officer Shaheen Whyte က ပြောပါတယ်။
သင့်အနေနဲ့ ဘယ်လောက်အထိ ထောက်ပံ့ကြေး ရနိုင်သလဲ ဆိုတာကို သိချင်ရင် Services Australia ရဲ့ ဝဘ်ဆိုက်ကို ဝင်ကြည့်ပြီး ဘယ်လို အနေအထားမျိုးမှာ ဘယ်လောက်ရနိုင်သလဲ ဆိုတာကို လေ့လာနိုင်ပါတယ်။
မကြာသေးခင်ကမှာ ဩစတြေးလျနိုင်ငံကို ပြောင်းရွှေ့လာသူဆိုရင် ‘Moving to Australia’ ဆိုတဲ့ ကဏ္ဏကို သွားကြည့်ပြီး ဒုက္ခသည်အနေနဲ့ ရောက်လာသလား၊ ခိုလှုံခွင့်တောင်းလိုသူလား ဒါမှမဟုတ် သာမာန် ရွှေ့ပြောင်းနေထိုင်သူလား စသည်ဖြင့် မိမိရဲ့ အနေအထားနဲ့ သက်ဆိုင်တဲ့ အကြောင်းအရာကို အင်္ဂလိပ်နဲ့ မဟုတ်တဲ့ တခြားဘာသာစကားတွေနဲ့လည်း ရှာကြည့်နိုင်တယ်လို့ Mr Jongen က ပြောပါတယ်။
ပြည်ပကနေ ရွှေ့ပြောင်းနေထိုင်သူနဲ့ အသစ်ရောက်လာတဲ့ လူတွေမှာ ဘာသာစကားအပါအဝင် အဟန့်အတားတွေ အများကြီး ရှိနိုင်တယ်ဆိုတာကို ကျနော်တို့ သိပါတယ်။ အဲဒါကြောင့် မဟန့်အတားတွေ နည်းနိုင်သလောက်နည်းအောင် တချို့ကိစ္စတွေမှာ အဆင်ပြေအောင် လုပ်ပေးထားတာ ရှိပါတယ်။ ပထမဆုံးအနေနဲ့ ကျနော်တို့ရဲ့ ဝဘ်ဆိုက်ကို သွားကြည့်ပြီး သင့်ဘာသာစကားနဲ့ ရေးထားတဲ့ အချက်အလက်တွေကို ရှာဖွေဖတ်ရှု နားဆင်နိုင်ပါတယ်။ ဘာသာစကား ၇၅ ခုနဲ့ ဘာသာပြန်ထားတဲ့ အချက်အလက်တွေကိုလည်း ရှာဖွေကြည့်နိုင်တယ်လို့ ပြောသွားခဲ့ပါတယ်။
Centrelink ရဲ့ စကားပြန်ဝန်ဆောင်မှုရဲ့ ဖုန်းဖြစ်တဲ့ ၁၃၁၂၀၂ ကို ဖုန်းဆက်ပြီး မိမိဘာသာစကားကို ပြောတတ်တဲ့ စကားပြန်တစ်ဦးနဲ့ အခမဲ့ ချိတ်ပေးဖို့ တောင်းဆိုနိုင်တဲ့အကြောင်း ရေးထားတဲ့ Melissa Compagnoni [COM-PAN-YON-I] ရဲ့ ဆောင်းပါးကို တင်ဆက်လိုက်ပါတယ်ရှင်။
Subscribe to or follow the Australia Explained podcast for more valuable information and tips about settling into your new life in Australia.
Do you have any questions or topic ideas? Send us an email to australiaexplained@sbs.com.au








