Watch FIFA World Cup 2026™

LIVE, FREE and EXCLUSIVE

ဩစတြေးလျမှာ အရက်သေစာနဲ့ ပတ်သက်ပြီး ဘယ်လို ကြီးကြပ်သလဲ

Alcohol Free Zone Sign
File image of Alcohol Free Zone sign. Source: Getty / Getty Images

ဒီတစ်ပတ်အတွက် Australia Explained အစီအစဥ်မှာ အရက်သေစာအကြောင်းနဲ့ပတ်သက်ပြီး တင်ဆက်ပေးမှာ ဖြစ်ပါတယ်။ ဩစတြေးလျနိုင်ငံက လူတွေဟာ အရက်တော်တော် သောက်နိုင်ကြတယ် ဆိုတဲ့ စကားကိုတခါတရံ ကြားဖူးနိုင်ပါတယ်၊ အထူးသဖြင့် အားကစားပွဲကြီးပွဲကောင်းနဲ့ ရုံးပိတ်ကျောင်းပိတ်ရက်တွေမှာ အရက်သေစာ သောက်သုံးမှု ပိုများနိုင်ပါတယ်။


Published

Updated

By Zoe Thomaidou

Presented by Mu Laing Thein

Source: SBS



Share this with family and friends


ဒီတစ်ပတ်အတွက် Australia Explained အစီအစဥ်မှာ အရက်သေစာအကြောင်းနဲ့ပတ်သက်ပြီး တင်ဆက်ပေးမှာ ဖြစ်ပါတယ်။ ဩစတြေးလျနိုင်ငံက လူတွေဟာ အရက်တော်တော် သောက်နိုင်ကြတယ် ဆိုတဲ့ စကားကိုတခါတရံ ကြားဖူးနိုင်ပါတယ်၊ အထူးသဖြင့် အားကစားပွဲကြီးပွဲကောင်းနဲ့ ရုံးပိတ်ကျောင်းပိတ်ရက်တွေမှာ အရက်သေစာ သောက်သုံးမှု ပိုများနိုင်ပါတယ်။


အရက်အကြောင်း ပြောဆိုတဲ့အခါ အရက်ယာမကာကြောင့် တစ်ဦးတစ်ယောက်ခြင်းစီအပေါ်သာမက မိသားစုတွေအပေါ် ဆိုးဝါးတဲ့ သက်ရောက်မှု ဖြစ်နိုင်တဲ့အကြောင်းကိုလည်းပြောဆိုရမှာ ဖြစ်ပါတယ်။

ဒါ့အပြင် ဩစတြေးလျနိုင်ငံမှာ အရက်ယာမကာကို ဘယ်လိုရောင်းချကြသလဲ၊ ဘယ်ကနေ ရနိုင်သလဲ၊ ဘယ်လိုအချိန်နဲ့ ဘယ်နေရာမှာသောက်သုံးနိုင်သလဲ ဆိုတဲ့အကြောင်းတွေကို လေ့လာသွားတာ ဖြစ်ပါတယ်။

ဩစတြေးလျနိုင်ငံမှာ သိပ္ပံအချက်အလက်အပေါ် အခြေခံပြီး လူတစ်ယောက်အနေနဲ့အရက်ဘယ်လောက်သာ သောက်သုံးသင့်တယ် ဆိုတဲ့ တရားဝင် လမ်းညွှန်ချက်တွေရှိပါတယ်။

အဲဒီလို လမ်းညွှန်ချက်တွေကို National Medical and Research Council က ထုတ်ဝေခဲ့တာဖြစ်ပြီး အရက်သောက်ခြင်းကနေ ဖြစ်နိုင်တဲ့ အန္တရာယ်ကို လျှော့ချနိုင်ဖို့အတွက် ရည်ရွယ်ထုတ်ဝေခဲ့တာ ဖြစ်ပါတယ်။

ဩစတြေးလျနိုင်ငံမှာ အရက်ယာမကာနဲ့ ပတ်သက်ပြီး သတ်မှတ်ထားတဲ့ standard drinkအရက်ယာမကာဆိုင်ရာ စံနှုန်း ဆိုတာ ရှိပါတယ်။ 1 standard drink လို့ ပြောရင် ၁၀ဂရမ်လောက်ရှိတဲ့ အရက်သန့်ပါဝင်မှု ပမာဏကို ပြောတာ ဖြစ်ပါတယ်။

အဲဒီတော့မိမိသောက်တဲ့ ယာမကကာ အရက်ဖြစ်စေ၊ ဘီယာဖြစ်စေ ဘာယာမကာပဲ ဖြစ်ဖြစ်အဲဒီအထဲမှာ အရက်ရဲ့ ပမာဏက ၁၀ ဂရမ် ပါဝင်ရင် အဲဒါက 1 standard drink ဖြစ်ပါတယ်။

ဘီယာဆိုရင် ပုလင်းသေး တစ်လုံး၊ ဝိုင်ဆိုရင်လည်း ခွက်သေးတစ်ခွက်၊အရက်ဆိုရင် 1 shot ကို ဆိုလိုတာ ဖြစ်ပါတယ်။

အဲဒီ လမ်းညွှန်မှုအရ ကျန်းမာရေး ကောင်းမွန်တဲ့ အရွယ်ရောက်ပြီးသူ တစ်ဦးအနေနဲ့တစ်ပတ်မှာ သူတို့သတ်မှတ်တဲ့ standard drink 10 ထက် ပိုမသောက်သင့်ဘူးလို့ပြောပါတယ်။ ရက်တိုင်း မသောက်ပဲ ဝေးဝေးတခါသောက်တယ်ဆိုရင်တောင်တစ်ရက်မှာ ဂရမ် ၄၀ ထက် ပိုမသောက်သင့်ဘူးလို့ ပြောပါတယ်။

နားဆင်နိုင်ပါပြီ။


Latest podcast episodes

Follow SBS Burmese

Download our apps

Watch on SBS

SBS World News

Take a global view with Australia's most comprehensive world news service

Stream now