အွန်လိုင်းပေါ်က အချစ်တုတွေကို ဘယ်လို ရှောင်ရှားမလဲ

Hacker Wearing Mask using laptop computer for cyber attack and calling on cellphone, Data thief, internet attack, darknet and cyber security concept

A romance scam involves fraudsters creating fake online identities to deceive victims into fake relationships. Source: Moment RF / Sutthichai Supapornpasupad/Getty Images

ပြီးခဲ့တဲ့ တစ်နှစ်ထဲမှာပဲ ဩစတြေးလျနိုင်ငံသား အယောက် ၃၂၀၀ က အွန်လိုင်းပေါ်က ချစ်သူအတုကြောင့် ဒုက္ခရောက်ခဲ့ရတယ်လို့ တိုင်တန်းကြပြီး ငွေကြေးပမာဏ ဆုံးရှုံးမှုက ဒေါ်လာ ၂၃ သန်း ရှိခဲ့ပါတယ်။ လူလိမ်လူညာတွေဟာရဲ့ ချည်းကပ်ပုံ ချည်းကပ်နည်းလမ်းတွေဟာလည်း ပိုပိုပြီး အဆင်မြင့်လာနေတဲ့အတွက် အချစ်ကို ရှာဖွေနေတဲ့ လူတွေက လူလိမ်လူညာတွေရဲ့ သားကောင်ဘဝကို ရောက်ရှိသွားခဲ့ရပါတယ်။


Key Points
  • Romance scams cost Australians over $23 million last year, with scammers using increasingly sophisticated tactics to deceive victims.
  • While older adults, widowers, divorcees, migrants and Indigenous people are often targeted, anyone looking for love online can fall victim.
  • Scammers build trust quickly, using emotional manipulation to ask for money or personal details.
  • Knowing the red flags (inability to meet in person, secrecy, and requests for money) can help protect you and your loved ones.

Kylee Dennis ရဲ့ မိခင်ဖြစ်သူဟာ လွန်ခဲ့တဲ့ ၂၅ နှစ်ကတည်းက အိမ်ထောင်ကွဲသူဖြစ်ပြီး ဒီနောက်ပိုင်းမှာတော့ လူတစ်ယောက်နဲ့ ချစ်ကြိုက်နေတဲ့အကြောင်း မိခင်ဖြစ်သူက ပြောပြလာတဲ့အတွက် မိခင်အတွက် အင်မတန်ကို ပျော်ခဲ့ရတယ်လို့ Kylee က ပြောပါတယ်။

ဒါပေမဲ့ သူ့မိခင်ရဲ့ ပြောပြချက်အရ အွန်လိုင်းပေါ်မှာ အဲဒီလူနဲ့ ချစ်သူဖြစ်ပြီး စကားပြောတာ ၆ လ တောင် ရှိပေမဲ့ အဲဒီလူရဲ့ မျက်နှာကို မမြင်ဖူးသေးဘူးလို့ မိခင်က ပြောလာတဲ့နောက် ရဲအမှုထမ်းဟောင်း ဖြစ်ခဲ့ဖူးသူ Kylee အဖို့ သတိကြီးကြီးထားစရာ တစ်ခု ဖြစ်သွားစေခဲ့ပါတယ်။

အမေရဲ့ ပြောပြချက်အရ အဲဒီလူက တူရကီနိုင်ငံမှာ နေထိုင်တဲ့အကြောင်း၊ သူက စာချုပ်တစ်ခုကို ချုပ်ဆိုနိုင်ဖို့ လုပ်နေတဲ့အကြောင်း၊ ပိုက်လိုင်းလုပ်ငန်းအတွက် စာချုပ်ဖြစ်တဲ့အကြောင်း ပြောပြပါတယ်။ အဲဒီလို ပြောဆိုချက်က ရုပ်တိတော့ရှိပါတယ်။ ဒါပေမဲ့ အမေက သူတို့ခြင်း စကားပြောကြတာ ၆ လ ရှိပြီလို့ ပြောတဲ့နောက်ပိုင်း ကျမ စိတ်ထဲ ထင့်ကနဲ့ ဖြစ်သွားခဲ့တယ်လို့ ပြောပါတယ်။

သူမရဲ့ မိခင်က ရည်စားဆိုသူရဲ့ ဓာတ်ပုံကို ပို့လာပေးတဲ့နောက်ပိုင်း သူက အဲဒီလူ ဘယ်သူလည်း ဆိုတာကို စတင် စုံစမ်းစစ်ဆေးမှု လုပ်ခဲ့ပါတယ်။

ကျမ စုံစမ်းမှုအရ အဲဒီလူဟာ အမေရိကန်နိုင်ငံမှာ အိမ်ရောင်းဝယ်ရေးလုပ်ငန်း လုပ်ကိုင်သူ တစ်ဦးရဲ့ပုံတွေ ဖြစ်နေပါတယ်။ အိမ်ရောင်းဝယ်ရေး အေးဂျင့်တစ်ဦးဖြစ်ပြီး အိမ်ထောင်ရှိသလို သမီးနဲ့ မြေးယောက်ကျား တစ်ဦးရှိသူ ဖြစ်နေပါတယ်။  တူရကီမှာ နေထိုင်သူ မဟုတ်သလို ဩစတြေးလျနိုင်ငံသားလည်း မဟုတ်သလို သူပြောသလို သူ့မိန်းမက Orange မှာ ကွယ်လွန်သွားတာလည်း မဟုတ်ပါဘူး။ ကျမရဲ့ စုံစမ်းတွေ့ရှိချက်တွေ အားလုံးကို စုစည်းပြီး စိတ်မကောင်းစွာနဲ့ပဲ ကျမတွေ့ရှိချက်တွေကို အမေ့ကို ပြပြီး အမေ့အသည်းကို ခွဲခဲ့ရပါတယ်။  ကျမရဲ့ အလုပ်နောက်ခံကြောင့် ကျမဟာ အမေနဲ့ ပြောတဲ့အခါမှာ အခိုင်အမာပြောဆိုခဲ့သလို ကြင်နာစွားနဲ့လည်း ပြောဆိုခဲ့ပါတယ်။ ကျမက အမေ၊ အမေကတော့ အွန်လိုင်းပေါ်ကနေ အလိမ်ခံနေရပြီးဆိုပြီး ပြောခဲ့တယ်လို့ ပြန်လည် ပြောပြခဲ့ပါတယ်။ 

အဲဒီလူလိမ်ဆီ ပိုက်ဆံပို့ပေးသေးလားလို့ မေးတဲ့အခါ မိခင်ဖြစ်သူက မပို့ရဘူးလို့ မိခင်ဖြစ်သူက ငြင်းဆိုပေမယ့် Kylee Dennis ကတော့ မိခင်ဖြစ်သူက အဲဒီ လူအိမ်ဆီ ပိုက်ဆံ ပို့ဖြစ်ရင်တောင် ရှက်လို့ သူ့ကို မပြောတာ ဖြစ်နိုင်တယ်လို့ ပြောပါတယ်။

သူမရဲ့ မိခင်ကြုံတွေ့ရတာကို ကြည့်ပြီး Kylee က Two Face Investigations ဆိုတဲ့ ဝန်ဆောင်မှုကို စတင်လိုက်ပြီး အွန်လိုင်းပေါ်က လူလိမ်တွေကို ဖော်ကောင်လုပ်တဲ့ ဝန်ဆောင်မှုပေးတဲ့ လုပ်ငန်းကို လုပ်ကိုင်လာခဲ့တာ ဖြစ်ပါတယ်။

သူ့ရဲ့ ရှင်းပြချက်အရ အွန်လိုင်းပေါ်က အချစ်တုတွေ အားလုံးနီးပါးဟာ dating app တွေနဲ့ ဖေ့စ်ဘွတ်လို ဆိုရှယ်မီဒီယာကနေ စတင်ဖြစ်ပေါ်လာတာလို့ ပြောပါတယ်။

အွန်လိုင်းပေါ်မှာ အဲဒီလူက သင်နဲ့ အတွဲအညီဆုံးလူ ဆိုပြီး ပေါ်လာနိုင်ပါတယ်၊ အဲဒီကနေ ခင်မင်တွေ နောက်တဆင့် အလျက်အမြန် ပြောင်းသွားမှာ ဖြစ်ပါတယ်။  ပြီးရင် အဲဒီ dating app မှာ ပြောဆိုကြမယ့်အစား တခြား မက်ဆေ့ချ်ပို့လို့ရတဲ့ ပလက်ဖောင်းတွေမှာ ပြောဆိုကြရအောင်လို့ ဖျားယောင်းပြီး အဲဒီလို ပလက်ဖောင်းမှာ ရင်ခုန်ကြည်နူးစရာတွေ ပြောမှာ ဖြစ်ပါတယ်။  အဲဒီ လူလိမ်တွေက သင်ဘာတွေ ကြိုက်တတ်သလဲ၊ ဘာတွေ မကြိုက်ဘူးလည်း ဆိုတာတွေကို ကောင်းကောင်းသိကြပါတယ်။  အဲဒီနောက်ပိုင်း အလျင်အမြန် ချစ်ကြိုက်သွားပြီး နောက်ပိုင်းမှာတော့ သူတို့ရဲ့ ငွေရေးကြေးရေး အဆင်မပြေမှုတွေကို အကြောင်းပြပြီး ငွေကြေးအရ ကူညီဖို့ ပြောလာလေ့ရှိတယ်လို့ ရှင်းပြထားပါတယ်။ 

Businessman holding white mask in his hand dishonest cheating agreement.Faking and betray business partnership concept
Knowing the red flags (inability to meet in person, secrecy, and requests for money) can help protect you and your loved ones. Source: iStockphoto / SPmemory/Getty Images/iStockphoto

Catriona Lowe [[Katrina Low]] ဟာ Australian Competition and Consumer Commission၊ ACCC [[A-triple-C]] လို့ အတိုကောက်ခေါ်တဲ့ အဖွဲ့ရဲ့ ဥက္ကဌဖြစ်ပြီး သူတို့ဟာ National Anti-Scam Centre ကို ကြီးကြပ်သူလည်း ဖြစ်ပါတယ်။

တချို့ အွန်လိုင်းအချစ်တုတွေဟာ အလျင်အမြန်နည်းနဲ့ ချစ်ကြိုက်သွားအောင် လုပ်ကြပေမယ့် တချို့ လူလိမ်တွေက အချိန်ယူပြီး လုပ်ဆောင်ကြတယ်လို့ သူက ပြောပါတယ်။

အများအားဖြင့် လူလိမ်လူညာတွေဟာ အချိန်အတော်များများကို ရင်းပြီး တဖက်လူနဲ့ ခံစားချက်ခြင်း နီးစပ်အောင်အရင်လုပ်ဆောင်ပြီး တဖက်လူက ဒါဟာ အစစ်အမှန်ပဲလို့ ထင်ရလောက်တဲ့အထိ ယုံကြည်မှု ရယူပြီးမှ သူတို့လိုသလို ခြူစားပြီး လှည့်ဖျားကြတာ ဖြစ်တယ်လို့ ပြောပါတယ်။ 

အွန်လိုင်းပေါ်မှာ ချစ်ကြိုက်မိရင် မိမိအနေနဲ့ လူလိမ်နဲ့ ပြောနေတာဟုတ်မဟုတ် သတိထားရမယ့် အချက်၊ မီးနီပြတဲ့ အချက်တွေ ရှိတတ်ပါတယ်။ သတိပြုရမယ့် အချက်တစ်ခုက love bombing အချစ်ဗုံးကျဲလိုက်သလို လုပ်ခြင်းဖြစ်တယ်လို့ Catriona Lowe က ပြောပါတယ်။

တွေ့ဆုံပြီး မကြာခင်မှာပဲ လူလိမ်ဖက်ကနေ တစ်ရက်မှာ အကြိမ်ပေါင်းများစွာ အဆက်အသွယ်လုပ်တတ်ပါတယ်။ အရမ်းကို ချစ်မိသွားတဲ့အကြောင်း၊ အရင်က တခါမှ ခုလို မခံစားဖူးတဲ့အကြောင်း တဖက်လူ ညွန့်ကျသွားလောက်တဲ့အထိ ချိုသာစကားတွေ ပြောဆိုတာမျိုး လုပ်တတ်တယ်လို့ ပြောပါတယ်။

အဲဒီလို အပြောတွေကနေ တဖက်လူကြွေလာပြီး ဆိုတာနဲ့ dating apps တွေမှာ စကားပြောမယ့်အစား အီးမေးလ်ကနေတဆင့် ဒါမှမဟုတ် WhatsApp ကနေ တဆင့် ဆက်သွယ်ရအောင်လို့ ပြောလာနိုင်ပါတယ်။ အကြောင်းရင်းကတော့ အဲဒီလို အရာတွေက သူတို့အတွက် ပိုမို လုံခြုံဘေးကင်းပြီး သူတို့ကို ခြေရာခံဖို့ ခက်ခဲတဲ့အတွက် ဖြစ်ပါတယ်။

romance fraud
Love bombing: is when the scammer professes love early on and floods you with messages and calls. Source: iStockphoto / Frank Brennan/Getty Images

မီးနီပြတဲ့ သတိထားစရာ အချက်

နောက်ထပ် မီးနီပြတဲ့ သတိထားစရာ အချက်တစ်ခုကတော့ အဲဒီလူက လူခြင်းတွေ့ဖို့အတွက် အကြောင်းအမျိုးမျိုးပြပြီး ငြင်းဆိုနေရင် သတိထားဖို့ Kylee Dennis က ပြောပါတယ်။

သူတို့က စီးပွားရေး သမားမို့လို့၊ ဒါမှမဟုတ် ရေနံတူးစင်မှာ ရှိနေလို့ လူခြင်းတွေ့ စကားပြောဖို့ ခက်ခဲတဲ့အကြောင်း၊ ဒါမှမဟုတ် သူတို့က ဆရာဝန်မို့လို့၊ စစ်သားမို့လို့ ဒါမှမဟုတ် တခြား အလုပ်လုပ်နေရလို့ ဩစတြေးလျနိုင်ငံဆီ ဒါမှမဟုတ် သင်ရှိရာဆီ လူခြင်းတွေ့ဖို့ မဖြစ်နိုင်သေးဘူးလို့ အကြောင်းအမျိုးမျိုးပြပြီး ပြောတတ်ပါတယ်။ လူခြင်းတွေ့ရအောင် ပြောတိုင်း တွေ့ဖို့ အဆင်မပြေသေးကြောင်း တစ်ခုပြီး တစ်ခု အကြောင်းပြလေ့ရှိတယ်လို့ ပြောပါတယ်။ 

Dr Ritesh Chugh [[Choog]] ဟာ Central Queensland တက္ကသိုလ်က တွဲဖက်ပါမောက္ခလည်းဖြစ် socio-tech ကျွမ်းကျင်သူ တစ်ဦးလည်း ဖြစ်ပါတယ်။

အွန်လိုင်းပေါ်က လိမ်ညာသူတွေဟာ အကြောင်းတစ်ခုခုကြောင့် သူတို့ အရေးပေါ် ငွေကြေးလိုအပ်လို့ ခဏလေးပေးအောင် ဇာတ်လမ်းဆင်ပြီး ပြောလေ့ရှိတယ်လို့ ပြောပါတယ်။

အရေးပေါ် ကျန်းမာရေး အခြေအနေ တစ်ခုခု ပေါ်လာတာမျိုး ဇာတ်လမ်းဆင်တတ်ပါတယ်။ ဒါမှမဟုတ် သူတို့မှာ လမ်းစရိတ်လိုလို့၊ သင့်ဆီလာလည်ဖို့ ငွေကြေးမတတ်နိုင်တဲ့အကြောင်း တစ်ခုခု ပြောတတ်ပါတယ်။  တခါတလေ သူတို့ စီးပွားရေးက ချက်ခြင်းကြီး အဆင်မပြေဖြစ်သွားရတဲ့အကြောင်း၊ လောလောဆယ် သူတို့ရဲ့ ဘဏ်အကောင့်ကနေ ပိုက်ဆံထုတ်လို့မရသေးတဲ့အတွက် ခဏလေး ချေးလို့ ရမလား စသည်ဖြင့် အကြောင်းပြနိုင်သလို တခါတလေ သူတို့ရဲ့ မိသားစုဝင် တစ်ဦးဦး အရေးပေါ် အကူအညီလိုတဲ့အကြောင်း ဇာတ်လမ်းဆင်ပြီး အကူအညီတောင်းကြတယ်လို့ ပြောပါတယ်။

If you’ve been the victim of a romance scam, please know that you’re not alone. It happens to millions of people in Australia and globally. And it is not your fault. Stop engaging with them, block them and report them.
Dr Ritesh Chugh
caution sign data unlocking hackers
Romance scams cost Australians over $23 million last year, with scammers using increasingly sophisticated tactics to deceive victims. Source: Moment RF / sarayut Thaneerat/Getty Images

IKylee Dennis ရဲ့ အဆိုအရ အွန်လိုင်းပေါ်က လူလိမ်တွေဟာ သူတို့နှစ်ယောက်အကြောင်း တခြားလူ မပြောနဲ့ဦး လျို့ဝှက်ထားရအောင် စသည်ဖြင့် ပြောပြီး ချယ်လှယ်တတ်တယ်လို့ ပြောပါတယ်။

ကျမရဲ့ မိခင်ဟာ အွန်လိုင်းပေါ်မှာ အဲဒီလူနဲ့ ၆ လ လောက် အဆက်အသွယ်ရှိခဲ့တာပါ၊ ကျမက အမေနဲ့ တစ်ပတ်မှာ တစ်ကြိမ်ထက်မနည်း အမေနဲ့ စကားပြောဆိုလေ့ရှိပါတယ်။  ဒါပေမဲ့ အဲဒီကာလအတွင်း အမေက သူ အွန်လိုင်းပေါ်မှာ ရည်းစားရှိတဲ့အကြောင်း ကျမကို လုံးဝမပြောခဲ့ပါဘူး။ အဲဒီ လူလိမ်က သူ့ကို မပြောနဲ့လို့ လှည့်ဖျားထားတာ ထင်ပါတယ်။  အဲဒါကြောင့် မိမိအနေနဲ့ အွန်လိုင်းမှာ ရည်းစားထားရင် တယောက်ယောက် သိအောင် ပြောပြဖို့ အရေးကြီးပါတယ်။  အွန်လိုင်းမှာ ရည်းစားထားတာ ဘာအပြစ်မှ မရှိပါဘူး၊ ထားလို့ရပါတယ်၊ အဲဒီကနေပဲ ကိုယ့်ရဲ့ အချစ်စစ်ကို ရှာကြတာပါပဲ ဒါပေမဲ့ အဲဒီ အွန်လိုင်းချစ်သူကို ပိုက်ဆံတွေ မပေးမိဖို့ အရေးကြီးတယ်လို့ ပြောသွားခဲ့ပါတယ်။ 

Dr Ritesh Chugh ရဲ့ အဆိုအရ တချို့ အွန်လိုင်းပေါ်က လူလိမ်တွေဟာ cryptocurrencies လို အရာတွေကို ဝယ်ပြီး သင့်ရဲ့ ငွေကို ရင်းနှီးမြုပ်နှံဖို့ ဘယ်လို အကျိုးအမြတ် ရနိုင်ကြောင်း ပြောပြီး လိမ်ညာသွားတတ်တယ်လို့ ပြောပါတယ်။

Cryptocurrencies တွေမှာ ရင်းနှီးမြုပ်နှံဖို့ ကိုယ့်ကို တိုက်တွန်းနိုင်ပါတယ်၊ အစပိုင်းမှာတော့ အဲဒီလို ရင်းနှီးမြုပ်နှံမှုကနေတဆင့် အမြတ်တွေ ရလာတဲ့ပုံစံမျိုး လုပ်တတ်ပါတယ်။ အဲဒီ အမြတ်အစွန်းနည်းနည်းကို ပြပြီး ဒီထက်မက ရင်းနှီးမြုပ်နှံရင် ဒီထက်မက အမြတ်အများကြီး ရမှာမို့ အများကြီး ရင်းနှီးဖို့ တိုက်တွန်းမှာဖြစ်ပါတယ်။  အဲဒါကို ယုံကြည်ပြီး အများကြီး ရင်းနှီးမြုပ်နှံတဲ့အခါ အဲဒီလူလိမ်က ဘာအဆက်သွယ်မှ မလုပ်တော့ပဲ ပျောက်ခြင်းမလှ ပျောက်သွားတယ်လို့ ပြောပါတယ်။

ပိုမိုလေ့လာလိုပါက scamwatch.gov.au မှာ လေ့လာနိုင်ပါတယ်။

Subscribe to or follow the Australia Explained podcast for more valuable information and tips about settling into your new life in Australia.   

Do you have any questions or topic ideas? Send us an email to australiaexplained@sbs.com.au.


Share

Follow SBS Burmese

Download our apps

Watch on SBS

SBS World News

Take a global view with Australia's most comprehensive world news service

Watch now