SKIP TO MAIN CONTENT

ပဋိပက္ခတွေကြားက ရလာတဲ့ စိတ်ဒဏ်ရာတွေကို ဘယ်လိုကိုင်တွယ်ကြမလဲ

Green tree

မြန်မာနိုင်ငံမှာ လက်ရှိရင်ဆိုင်နေရတဲ့ အကျပ်အတည်းတွေ အဓိအားဖြင့် စစ်ပွဲတွေစီးပွားရေးကျဆင်းမှုတွေ၊ ငွေကြေးဖောင်းပွမှု၊ အလုပ်အကိုင်ဆုံးရှုံးမှု၊ စစ်ဘေးကြောင့် ရွှေ့ပြောင်းနေမှု နဲ့ နေ့စဉ်ဘဝမရေရာမှုတွေကြောင့် လူတွေဟာ စိတ်ကျန်းမာရေးကို သိသိသာသာထိခိုက်ခံစား လာရပါတယ်။

Published

By Nyunt Thu Sein

Presented by Nyunt Thu Sein

Source: SBS

Skip to podcast episode content

မြန်မာနိုင်ငံမှာ လက်ရှိရင်ဆိုင်နေရတဲ့ အကျပ်အတည်းတွေ အဓိအားဖြင့် စစ်ပွဲတွေစီးပွားရေးကျဆင်းမှုတွေ၊ ငွေကြေးဖောင်းပွမှု၊ အလုပ်အကိုင်ဆုံးရှုံးမှု၊ စစ်ဘေးကြောင့် ရွှေ့ပြောင်းနေမှု နဲ့ နေ့စဉ်ဘဝမရေရာမှုတွေကြောင့် လူတွေဟာ စိတ်ကျန်းမာရေးကို သိသိသာသာထိခိုက်ခံစား လာရပါတယ်။

အထူးသဖြင့် လူငယ်တွေ၊ အိမ်ထောင်ရှင်တွေ၊ အမျိုးသမီးတွေ၊ ကလေးတွေနဲ့ ရွှေ့ပြောင်းနေရသူတွေမှာ စိတ်ပိုင်းဆိုင်ရာ ဒဏ်ရာတွေ ပိုပြင်းထန်လာနေကြပါတယ်။

ဒီနေ့ခေတ် မြန်မာနိုင်ငံရဲ့ နံနက်ခင်းတွေဟာ အရင်လို အေးချမ်းခြင်း မရှိတော့တာ အားလုံးအသိပဲ ဖြစ်ပါတယ်။

မနက်ခင်း မျက်လုံးပွင့်တာနဲ့ သတင်းဆိုးတွေ၊ တရိပ်ရိပ်တက်နေတဲ့ ကုန်ဈေးနှုန်းတွေ၊ လုံခြုံမှုမရှိတော့တဲ့ ပတ်ဝန်းကျင်နဲ့ အနာဂတ်အတွက် ဝေဝါးနေတဲ့ မျှော်လင့်ချက်တွေဟာ နေ့စဉ် ခြောက်လှန့်နေပါတယ်။

ဒီလိုအခြေအနေမျိုးမှာ လူတော်တော်များများဟာ ညဖက်အိပ်မပျော်တာ၊ စိတ်တိုလွယ်တာ၊ အာရုံစူးစိုက်မှု မရတာနဲ့ အရာရာကို လက်လျှော့ချင်စိတ် ပေါက်တာတွေကို ခံစားနေရပါတယ်။

ဒီလို ခံစားချက်တွေကို လက်လွတ်ထားလို့မရပါဘူး ။ခက်ခဲတဲ့ကာလမှာပဲ စိတ်ကို အကောင်းဆုံး ကာကွယ်နိုင်ဖို့ နည်းလမ်းတွေ လိုအပ်ပါတယ်။

ဒီလို ခံစားနေရတာတွေဟာ ကိုဘ်တစ်ယောက်တည်း ဖြစ်နေတာ မဟုတ်ပါဘူး။

Latest podcast episodes

Follow SBS Burmese

Download our apps

Watch on SBS

SBS World News

Take a global view with Australia's most comprehensive world news service

Stream now