Key Points
- Blood donation is voluntary.
- Australian Red Cross Lifeblood manages blood donations.
- Lifeblood needs blood donations from all backgrounds to match Australia’s diverse population.
- If you’re unsure whether you can donate, you can call the Lifeblood hotline on 13 14 95.
- What is donated blood used for?
- Can anyone donate blood?
- What motivates someone to donate blood?
- What can I expect during a blood donation appointment?
- Why do we need blood diversity?
- Can you donate blood as a group?
- Where do you donate blood?
သြစတြေးလျရဲ့ သွေးလှူဒါန်းမှုဟာ ကမ္ဘာပေါ်မှာ လုံခြုံဘေးကင်းမှု အရှိဆုံးသော သွေးလှူဒါန်းမှု အစီအစဥ်ရှိပေမဲ့ တခါတရံမှာ သွေးရဲ့ ဘဏ်မှာ လှူဒါန်းထားကြတဲ့ သွေးပမာဏက မကြာခဏဆိုသလို နည်းနေတတ်ပါတယ်။ ဆေးရုံလူနာတွေရဲ့ သွေးလိုအပ်ချက်တွေကို ပြည့်မီဖို့အတွက် အပတ်စဉ် သွေးလှူဒါန်းမှု ၃၃,၀၀၀ ကျော် ရှိနေဖို့ လိုအပ်ပါတယ်။
သွေးရဲ့ အရေးပါပုံ
Emily Granland ဟာ အစိုးရကနေ ကူညီထောက်ပံ့ထားတဲ့ သြစတြေးလျ ကြက်ခြေနီအဖွဲ့ရဲ့ Lifeblood ရဲ့ သွေးထောက်ပံ့မှုကို စီမံခန့်ခွဲသူ တစ်ဦး ဖြစ်ပါတယ်။
သူမရဲ့ အဆိုအရ သွေးဟာ အလွန်ဘက်စုံအသုံးဝင်တဲ့ ထုတ်ကုန်တစ်ခု ဖြစ်တယ်လို့ ပြောပါတယ်။
“သွေးဆိုတာ လိုအပ်နေသူတွေအတွက် ဘဝကို ပြောင်းလဲပေးနိုင်တဲ့ အဖိုးတန်အရင်းအမြစ်တစ်ခုဖြစ်ပါတယ်။ အရေးပေါ်အခြေအနေတွေမှာ အသက်ကယ်နိုင်တယ်။ ကင်ဆာလိုမျိုး ကုသမှုခံယူနေသူတွေအတွက် သက်တမ်းကို ရှည်ကြာစေနိုင်ပြီး၊ ပုံမှန်သွေးသွင်းဖို့ လိုအပ်တဲ့သူတွေကိုအရည်အသွေး ပိုကောင်းတဲ့ ဘဝကို ပေးနိုင်ပါတယ်။ ပြီးတော့ သွေးလှူဒါန်းမှုဟာ လူအမျိုးအစားများစွာကို အမှန်တကယ် ကူညီပေးပါတယ်- အဲဒီအထဲမှာ ခွဲစိတ်ကုသမှု ခံယူနေတဲ့သူတွေ၊ ပြင်းထန်တဲ့ မတော်တဆမှုမှာ ပါဝင်ခဲ့သူတွေ၊ သွေးနဲ့ ကိုယ်ခံအားဆိုင်ရာ ရောဂါဝေဒနာရှင်တွေ၊ မီးဖွားနေတဲ့ အမျိုးသမီးတွေကနေ မမွေးသေးတဲ့ ကလေးငယ်တွေအတွက်တောင် အသုံးဝင်တယ်။” လို့ ပြောပါတယ်။

Lifeblood needs blood donations from all backgrounds to match Australia’s diverse population.
လူတိုင်း သွေးလှူနိုင်ပါသလား
လူတိုင်းက အချိန်တိုင်း သွေးလှူဒါန်းနိုင်တာ မဟုတ်ပါဘူး။ ဒါပေမဲ့ လူအများစုဟာ မိမိရဲ့ သွေးအစိတ်အပိုင်းတချို့ကို လှူဒါန်းနိုင်ပြီး၊ သင်ထင်တာထက် ပိုပြီး ပုံမှန်လှူဒါန်းနိုင်တယ်လို့ ပြောပါတယ်။
“သင်ဟာ အသက် ၁၈ နှစ်ကနေ ၇၅ နှစ်ကြား၊ ကိုယ်အလေးချိန် ၅၀ ကီလို (၅၀kg) ဒါမှမဟုတ် ဒီထက်ပိုပြီး ကျန်းမာရေး ကောင်းနေမယ်ဆိုရင် လှူဒါန်းမှု လုပ်နိုင်ပါတယ်။
Lifeblood ဟာ ပလာစမာလှူဒါန်းမှုတွေနဲ့ သွေးဥမွှာ (Platelet) လှူဒါန်းမှုတွေကိုလည်း စုဆောင်းပါတယ်။ အဲဒါတွေက သွေးရဲ့ မတူညီတဲ့ အစိတ်အပိုင်းတွေ ဖြစ်ပါတယ်။ ပြီးတော့ သြစတြေးလျမှာ သွေးကို ၁၂ ပတ်မှာ တစ်ကြိမ် လှူဒါန်းနိုင်ပြီး၊ ပလာစမာကိုတော့ နှစ်ပတ်တစ်ကြိမ် လှူဒါန်းနိုင်တယ်။” လို့ ရှင်းပြထားပါတယ်။
အချို့သောအနေအထားမှာ သင့်ကို သွေးလှူဒါန်းမှု မလုပ်ဖို့ အဟန့်အတား ဖြစ်စေနိုင်ပါတယ်။ ဥပမာ- သင်က ကိုယ်ဝန်ဆောင်နေရင် ဒါမှမဟုတ် လေဖြတ်ဖူးရင် ဒါမှမဟုတ် အခြားဆေးဘက်ဆိုင်ရာ အခြေအနေတွေရှိရင် လှူဒါန်းလို့မရတာမျိုး ဖြစ်နိုင်ပြီး အဲဒီလို ကန့်သတ်ရတာဟာလည်း သင့်ကျန်းမာရေးကို ကာကွယ်ဖို့အတွက် ဖြစ်ပါတယ်။
ဟီမိုဖီးလီးယား (haemophilia) နဲ့ သလပ်ဆီးမီးယား (thalassaemia) လိုမျိုး သွေးရောဂါရှိရင် သင့်ကို သွေးလှူခွင့်ပေးမှာ မဟုတ်ပါဘူး။
သေခြာသိချင်ရင် Lifeblood ရဲ့ဟော့လိုင်းဖြစ်တဲ့ 13 14 95 ကို ဖုန်းဆက်မေးမြန်းနိုင်ပါတယ်။ ဆေးဘက်ဆိုင်ရာအဖွဲ့က သင့်ကို လမ်းညွှန်ပေးပါလိမ့်မယ်။ Lifeblood ရဲ့ ဝက်ဘ်ဆိုက်မှာလည်း ဘယ်လို အနေအထားမှာ သွေးလှူနိုင်တယ် ဘယ်လို အနေအထားမှာ သွေးမလှူနိုင်ဘူး ဆိုတဲ့ အမေးအဖြေတွေကို ဖတ်ရှုပြီးတော့လည်း လေ့လာနိုင်ပါတယ်။

Frozen plasma in trolley - If you’re unsure whether you can donate, you can call the Lifeblood hotline on 13 14 95. Credit: /
သွေးလှူဒါန်းဖို့ ဘာက လှုံ့ဆော်မှု ဖြစ်စေတာလဲ
သွေးလှူရှင် Ed ဟာ ၂၀၀၉ ခုနှစ်ကတည်းက တစ်နှစ်မှာ သုံးကြိမ်ကနေ လေးကြိမ်အထိ သွေးလှူဒါန်းနေသူ ဖြစ်ပါတယ်။
လူအများအပြားဟာ သွေးလှူဒါန်းမှုအကြောင်း သိပ်ပြီး အလေးအနက် မထားတာ ဒါမှမဟုတ် သွေးထောက်ပံ့မှုကို ပေါ့ပေါ့တန်တန် သဘောထားနိုင်တယ်လို့ ပြောပါတယ်။
ဒါပေမဲ့ တချို့လူတွေအတွက်တော့ ဒီလို လှူဒါန်းမှုက သေရေးရှင်ရေးကိစ္စ ဖြစ်တယ်လို့ ပြောပါတယ်။
“ကျွန်တော့်ရဲ့ အဓိက လှုံ့ဆော်မှုကတော့ အသက်ကယ်ဖို့၊ အကူအညီပေးဖို့ပါပဲ။ ဒါကြောင့် ကျွန်တော့်အတွက်ကတော့ အချိန်နဲ့ သွေးတချို့ကို ပေးဆပ်ရတာကလွဲပြီး တခြားဘာမှ ကုန်ကျစရိတ်မရှိဘဲ ကူညီပေးနိုင်တဲ့ အရာတစ်ခု ဖြစ်တယ်လို့ ခံယူပါတယ်။ နောက်တစ်ခုကတော့ ကျွန်တော့်ရဲ့ မိသားစုနဲ့ သူငယ်ချင်းတွေ ဆေးရုံတက်ရဖူးပြီး သွေးသွင်းတာမျိုး လုပ်ခဲ့ရဖူးပါတယ်။ ဒါကြောင့် ကျွန်တော်က ကိုယ့်ရဲ့ ရပ်ရွာလူမှုအသိုက်အဝန်းကို တစ်ခုခု ပြန်ပေးဆပ်သင့်တယ်လို့ ခံယူပြီး သွေးလှူနေတာ။”လို့ ပြောပါတယ်။
I've had family and friends who’ve gone to the hospital, gone through blood transfusions, and something tells me that I should give something back to the community.Ed, regular donor
ဒါဆိုရင် သွေးလှူဖို့ သွားတဲ့အခါ ဘာတွေ မျှော်လင့်ထားသင့်လဲ။
Ms Granland က သွေးလှူဖို့အတွက် အချိန် တစ်နာရီ ကြာနိုင်ပြီး ပလာစမာလှူဒါန်းမှုအတွက် မိနစ် ၉၀ ကြာမြင့်နိုင်တယ်လို့ ပြောပါတယ်။ သင့်ရဲ့ သွေးကို လက်မောင်းကနေ အပ်တစ်ချောင်းနဲ့ မိနစ်အနည်းငယ်ကြာအောင် ထုတ်ယူတာ ဖြစ်တယ်လို့ ရှင်းပြထားပါတယ်။
“လှူဒါန်းတဲ့နေ့ မတိုင်ခင် တစ်ရက်အလိုမှာ ရေဖန်ခွက် ၁၂ ဖန်ခွက်လောက် ရှိတဲ့ ရေတွေကို သောက်ဖို့ တိုက်တွန်းထားပြီး သင် ရေဓာတ်ပြည့်ဝပြီး သွေးစီးဆင်းမှု ကောင်းစေဖို့အတွက် လှူဒါန်းတဲ့နေ့မှာလည်း ရေဆက်သောက်ဖို့ တိုက်တွန်း ပြောဆိုလေ့ရှိပါတယ်။ တချို့လူတွေက သွေးလှူဒါန်းဖို့ စိုးရိမ်နေတာ ဒါမှမဟုတ် အပ်ကို နည်းနည်းကြောက်နေတာမျိုး ဖြစ်နိုင်တာကို နားလည်ပါတယ်။ ဒါပေမဲ့ ကျွန်မတို့ရဲ့ ဝန်ထမ်းတွေက အလွန်ဖော်ရွေပြီး သင့်ကို စိတ်သက်သာမှုရအောင် လုပ်ပေးပါလိမ့်မယ်။ အကယ်၍ အင်္ဂလိပ်စကားက သင့်ရဲ့ မိခင်ဘာသာစကားမဟုတ်ရင် စကားပြန်တွေကို ကျွန်မတို့က ပံ့ပိုးပေးပါတယ်။ တဖက်က သွေးထုတ်နေတာကို မမြင်အောင် ဖန်သားပြင်ပေးထားတာနဲ့ လက်မောင်းကို ဖုံးထားပေးတာကိုလည်း ပေးနိုင်တယ်။” လို့ ပြောသွားခဲ့ပါတယ်။
ချိန်းဆိုမှုရဲ့ ပထမပိုင်းမှာ သင့်အနေနဲ့ သွေး လှူဒါန်းဖို့အတွက် အရည်အချင်းပြည့်မီသူ ဟုတ်မဟုတ် သေချာစေဖို့ မေးခွန်းလွှာတစ်ခုကို ဖြည့်စွက်ရပါမယ်။ ပြီးရင် သင့်ရဲ့ သွေးပေါင်ချိန်နဲ့ သံဓာတ်ပမာဏကို အမြန်စစ်ဆေးမှု ပြုလုပ်မှာ ဖြစ်တယ်လို့လည်း ရှင်းပြထားပါတယ်။
“ပြီးရင် သွေးလှူဒါန်းတဲ့အထပ်ရှိရာကို ခေါ်သွားပြီး သက်သောင့်သက်သာရှိတဲ့ ထိုင်ခုံမှာ ထိုင်ပြီး သွေးလှူဒါန်းရပါမယ်။ သွေးထုတ်တဲ့ အချိန်က ၅ မိနစ်ကနေ ၁၀ မိနစ်လောက်ပဲ ကြာပါတယ်။ သွေးလှူပြီးတဲ့နောက်မှာ သင် အနားယူဖို့နဲ့ အခမဲ့ သုံးဆောင်ဖို့ သွားရည်စာနဲ့ အရည်တချို့ ထားရှိပေးထားတဲ့အတွက် အဲဒီမှာ အချိန်ယူ နားနေနိုင်ပါတယ်။ ကျွန်မတို့မှာ အသီးအနှံကနေ ချောကလက်၊ ပါတီပိုင် (party pies)၊ မစ်ရှိတ်တွေအထိ သရေစာအမျိုးမျိုး ရှိပြီး၊ ဒါတွေက သင့်ရဲ့ တစ်နေ့တာကို ဆက်လက် လည်ပတ်လုပ်ဆောင်နိုင်ဖို့အတွက် ခွန်အားအချို့ကို ပြန်လည်ရရှိစေဖို့ အတွက် ထားရှိပေးတာ ဖြစ်တယ်။” လို့ ပြောသွားခဲ့ပါတယ်။

O-negative blood - Not everyone can donate blood regularly. But most of us can donate at least some parts of our blood.
သြစတြေးလျမှာ လူမျိုးပေါင်းစုံ နောက်ခံကနေလာတဲ့ လူတွေ သွေးလှူဒါန်းဖို့က အရေးကြီးပါတယ်။
ဒေါက်တာ Rachel Thorpe ဟာ သြစတြေးလျ ကြက်ခြေနီ Lifeblood ရဲ့ အကြီးတန်း သုတေသီတစ်ဦး ဖြစ်ပါတယ်။ လက်ရှိမှာ သွေးလှူရှင်အများစုဟာ ဥရောပနောက်ခံက လာတဲ့လူမျိုးတွေ အများစုဖြစ်တယ်လို့ ပြောပါတယ်။ ဒါပေမဲ့ သြစတြေးလျရဲ့ သွေးတွေ လူမျိုးပေါင်းစုံကနေ လာလေလေ ပိုမိုစုံလင်လေလေ၊ ရေရှည်တည်တံ့မှု ပိုရှိလေလေ ဖြစ်တယ်လို့ ပြောပါတယ်။
“နိုင်ငံက လူမျိုးပေါင်းစုံ ပိုဖြစ်လာတာနဲ့အမျှ ကျွန်မတို့ရဲ့ သွေးတွေလည်း စုံလင်လာပါတယ်၊ ဘာလို့လဲဆိုတော့ သွေးအမျိုးအစားတွေဟာ မျိုးရိုးလိုက်တဲ့အတွက် ဖြစ်ပါတယ်။ ဒါကြောင့် လိုအပ်နေတဲ့ လူနာတွေအတွက် ကိုက်ညီတဲ့သွေးကို ရရှိနိုင်ဖို့ နောက်ခံပေါင်းစုံက လာတဲ့ လူမျိုးပေါင်းစုံ၊ ကဏ္ဍပေါင်းစုံရဲ့ သွေးလှူဒါန်းမှုတွေ ရရှိဖို့က အလွန်အရေးကြီးတယ်။” လို့ ပြောသွားခဲ့ပါတယ်။
As the country becomes more ethnically diverse, so does our blood, because blood types are inherited. So it's really important that we receive blood donations from a diverse section of the population so that we have matched blood that's available for the patients that need it.Dr Rachel Thorpe
သွေးအမျိုးအစား အဓိကရှစ်မျိုးရှိပါတယ်။ လူအများစုက ABO နဲ့ rh သွေးအမျိုးအစားတွေကို ကြားဖူးကြပါလိမ့်မယ်။ သြစတြေးလျမှာ အတွေ့ရအများဆုံး သွေးအမျိုးအစားက O positive ဖြစ်ပြီး၊ ဒုတိယ အများဆုံး သွေအမျိုးအစားက A positive အမျိုးအစား ဖြစ်ပါတယ်။
ဒေါက်တာ Thorpe က တကယ်တော့ သွေးကွဲအမျိုးအစား ၃၀၀ ကျော်ရှိပြီး တချို့အမျိုးအစားက အင်မတန် ရှားပါးတဲ့ အမျိုးအစား ဖြစ်တယ်လို့ ပြောပါတယ်။
“ရှားပါးသွေးအမျိုးအစားရဲ့ ဥပမာတစ်ခုက 'JK null' သွေးအမျိုးအစား လို့ခေါ်ပါတယ်။ ဒါဟာ လူမျိုးစုအားလုံးမှာ ရှားပါးတဲ့ သွေးအမျိုးအစား ဖြစ်ပေမယ့် ပိုလီနီးရှားဒေသက လာတဲ့နောက်ခံက လူတွေ၊ နယူးဇီလန် မာအိုရီလူမျိုးနဲ့ ဖိလစ်ပိုင် နောက်ခံလူတွေကြားမှာ ပိုရှားပါးပါတယ်။ ဒါကြောင့် ဒီ JK null သွေးအမျိုးအစားရှိသူတွေကို ရှာဖွေဖို့နဲ့ အဲဒီ သွေးအမျိုးအစားရှိသူတွေ သွေးလှူဒါန်းဖို့အတွက် အဲဒီလို လူမျိုးနောက်ခံကနေ ဆင်းသက်လာတဲ့ လူတွေ ပိုပြီး သွေးလှူဒါန်းကြဖို့ ကျမတို့ အမြဲတမ်း ရှာဖွေနေတယ်။” လို့ ပြောပါတယ်။
အဖွဲ့လိုက် သွေးလှူနိုင်ပါသလား။
ပုံမှန်သွေးလှူရှင် Ed ဟာ သူ့ကိုယ်သူနဲ့ အခြားသူတွေကို သွေးလှူဒါန်းဖို့ လှုံ့ဆော်တဲ့နည်းလမ်းအနေနဲ့ သူ့ရဲ့ လုပ်ဖော်ကိုင်ဖက်တွေနဲ့ အဖွဲ့လိုက် သွေးလှူဒါန်းဖို့ ရက်ချိန်းဆိုမှုလုပ်ပြီး အဖွဲ့လိုက် တနေရာထဲမှာ သွေးလှူဒါန်းမှု ပြုလုပ်လေ့ရှိတယ်လို့ ပြောပါတယ်။
“ဒါက ပျော်စရာကောင်းပြီး ပိုပြီး လွယ်ကူစေပါတယ်။ အဖွဲ့လိုက် သွေးလှူဒါန်းရေးစင်တာကို သွားနေတဲ့အချိန်မှာ ပျော်ရွှင်စရာကောင်းတဲ့ ပတ်ဝန်းကျင်မျိုး ဖြစ်နေပြီး ဒါက အပ်ကို ကြောက်လို့ သွားဖို့ သိပ်မလိုလားတဲ့ တခြားသူတွေအတွက် ပိုပြီး လွယ်ကူစေပါတယ်။” လို့ ပြောပါတယ်။

Australian Red Cross Lifeblood Donor Centre.
ဘယ်နေရာမှာ လှူဒါန်းနိုင်သလဲ?
Lifeblood ဟာ နောက်ခံအမျိုးမျိုးကနေ လာတဲ့ လူမျိုးပေါင်းစုံ အလှူရှင်အသစ်တွေကို အမြဲတမ်း ကြိုဆိုနေပါတယ်။
Emily Granland က သွေးလှူဒါန်းဖို့အတွက် ကြိုတင်စာရင်းသွင်းပြီး ရက်ချိန်းရယူဖို့ အကြံပြုထားပါတယ်၊ ဒါပေမဲ့ လှူဒါန်းရေးစင်တာတွေက ချိန်းဆိုမှုမရှိဘဲ ရောက်လာသူတွေကိုလည်း သွေးလှူဒါန်းမှု လုပ်နိုင်စေဖို့ ကြိုးစား လုပ်ဆောင်ပေးပါတယ်။
လှူဒါန်းရေးစင်တာတွေကို နိုင်ငံတစ်ဝန်းလုံးမှာ ထားရှိပေးထားတယ်လို့လည်း ပြောပါတယ်။
“သြစတြေးလျမှာ အမြဲတမ်း Lifeblood လှူဒါန်းရေးစင်တာ ၈၀ နီးပါး ရှိပြီး အများစုက မြို့ကြီးတွေမှာ ရှိနေတာပါ။ တခါတလေ နယ်ဒေသကို သွားရောက်ပြီး ရွှေ့လျား သွေးလှူဒါန်းရေးစင်တာ နဲ့ မိုဘိုင်းလ်လှူဒါန်းရေးစင်တာလို ထားရှိပြီး လူတွေ သွေးလာလှူနိုင်အောင် မြို့တမြို့မှာ တစ်ပတ် ဒါမှမဟုတ် ၂ ပတ်ယာယီးနေပြီး သွေးလက်ခံတာမျိုး လုပ်ပါတယ်။ အဲဒီလို ရွှေ့လျှား သွေးစုဆောင်းရေးသမားတွေဟာ တစ်နှစ်မှာ နေရာပေါင်း ၃၆၅ ထက်မကတဲ့ နေရာတွေကို သွားရောက်ပြီး သွေးတွေကို စုဆောင်းလေ့ရှိတယ်" လို့ ပြောပါတယ်။
သွေးလှူဒါန်းမှုကို စမ်းကြည့်ချင်တယ်ဆိုရင် 13 14 95 ကို ဖုန်းခေါ်ဆိုနိုင်ပါတယ်၊ ဒါမှမဟုတ် lifeblood.com.au မှာ ဒါမှမဟုတ် Donate Blood app မှာ အွန်လိုင်းကနေတဆင့် ကြိုတင်စာရင်းသွင်းပြီး လှူဒါန်းဖို့ လုပ်နိုင်တဲ့အကြောင်း ရေးထားတဲ့ Melissa Compagnoni [COM-PAN-YON-I] ရဲ့ ဆောင်းပါးကို တင်ဆက်လိုက်ပါတယ်ရှင်။
Do you have any questions or topic ideas? Send us an email to australiaexplained@sbs.com.au











