ဖက်ဒရယ် ရွေးကောက်ပွဲမှာ မဲဘယ်လို ပေးရမလဲ

Un uomo inserisce una scheda elettorale in un'urna.

Un uomo inserisce una scheda elettorale in un'urna. Source: iStockphoto / Sadeugra/Getty Images/iStockphoto

လာမယ့် ဖက်ဒရယ် ရွေးကောက်ပွဲကြရင် ဩစတြေးလျနိုင်ငံသား ၁၈ သန်းက မဲပေးဖို့အတွက် မဲစာရင်းသွင်းထားကြပြီ ဖြစ်ပါတယ်။ ဩစတြေးလျနိုင်ငံမှာ သီးသန့်လွတ်လပ်တဲ့ ဩစတြေးလျံ ရွေးကောက်ပွဲ ကော်မရှင်ကနေ ရွေးကောက်ပွဲစနစ်ကို စီမံခန့်ခွဲတာဖြစ်ပြီး နိုင်ငံသားတိုင်း အစိုးရရွေးချယ်ရေးမှာ ပုံဖော်ပါဝင်နိုင်အောင် လုပ်ဆောင်တာဖြစ်ပါတယ်။


Key Points
  • The AEC provides tools to help you find your electorate and polling centre.
  • Multiple voting options are available before and on election day.
  • Voting information is available in multiple languages.
  • The AEC provides a telephone interpreter service to help you cast your vote. 
ရွေးကောက်ပွဲ ကျင်းပတဲ့နေ့မှာ တနာရီမှာ မဲပေးသူ တစ်သန်းနှုန်းလောက် နိုင်ငံတလွှားက မဲရုံတွေမှာ မဲပေးကြဖို့ရှိတယ်လို့ ရွေးကောက်ပွဲကော်မရှင် AEC က ခန့်မှန်းထားပါတယ်။

ဩစတြေးလျနိုင်ငံမှာ နိုင်ငံသားတိုင်း မဖြစ်မနေ မဲပေးရမှာဖြစ်ပြီး သင်နေထိုင်ရာ ဒေသအတွက် ကိုယ်စားပြုသူကိုလည်း ရွေးချယ်ရမှာ ဖြစ်တယ်လို့ အေအီးစီရဲ့ ပြောခွင့်ရသူ Jess Lilleyက ပြောပါတယ်။

aec.gov.au ဝဘ်ဆိုက်ပေါ်မှာ အချက်အလက်တွေ ရှိပါတယ်။  မိမိနေထိုင်ရာ ရပ်ကွက်ရဲ့ စာတိုက်နံပါတ်ကို ရိုက်ထည့်လိုက်ရုံနဲ့ ဘယ်မဲဆန္ဒနယ်မြေအတါက် မဲပေးရမလဲ ဆိုတာကို သိရမှာဖြစ်ပါတယ်။  ဒါမှမဟုတ် ကျမတို့ကို ၁၃၂၃၂၆ မှာ ဖုန်းဆက်ပြီး AEC အမှုထမ်းတစ်ဦးဦးနဲ့ မေးမြန်းပြောဆိုနိုင်သလို ကျမတို့ရဲ့ တယ်လီဖုန်း စကားပြန် ဝန်ဆောင်မှုကိုလည်း အသုံးပြုနိုင်တယ်လို့ ပြောပါတယ်။ 

AEC အနေနဲ့ မဲရုံပေါင်း ထောင်နဲ့ချီကို ကြီးကြပ်ရတာဖြစ်ပြီး အများအားဖြင့် အဲဒီ မဲပေးရမယ့်နေ့ကြရင် စာသင်ကျောင်းတွေ၊ ဘုရားကျောင်းတွေကို မဲရုံအဖြစ် ပြောင်းလဲအသုံးပြုကြတာမျိုး လုပ်ဆောင်လေ့ရှိပါတယ်။

မိမိနေထိုင်ရာ ရပ်ကွက်အတွင်း မဲရုံတွေ ဘယ်မှာ ရှိသလဲဆိုတာကို အေအီးစီရဲ့ ဝဘ်ဆိုက်မှာ ရှာကြည့်နိုင်တယ်လို့ Ms Lilley က ပြောပါတယ်။

သင့်ရပ်ကွက်နဲ့ ရပ်ကွက်ရဲ့ စာတိုက်အမှတ်ကို ရိုက်ထည့်လိုက်ရင် သင့်နားက မဲရုံတွေအပြင် အမတ်လောင်းတွေက ဘယ်သူတွေလဲ ဆိုတာကိုပါ ဖော်ပြမှာ ဖြစ်တယ်လို့ ပြောပါတယ်။

မဲရုံတွေမှာ မဲဘယ်လို ပေးရမလဲ၊ အကူအညီလိုရင် အင်္ဂလိပ်ဘာသာမဟုတ်တဲ့ တခြား ဘာသာစကားတွေနဲ့လည်း ရရှိနိုင်အောင် ဆောင်ရွက်ပေးတတ်ပါတယ်။

အေအီးစီရဲ့ ဝဘ်ဆိုက်မှာ ဝန်ဆောင်မှုအမျိုးမျိုး ရနိုင်တယ်လို့ AEC ရဲ့ ပြောခွင့်ရသူ တစ်ဦးဖြစ်တဲ့ Evan Ekin-Smyth က ပြောပါတယ်။

သင်မဲပေးဖို့အတွက် တစ်ယောက်ယောက်ကို အကူအညီတောင်းနိုင်ပါတယ်။ ကျနော်တို့မှာ တယ်လီဖုန်းကနေတဆင့် စကားပြန် ဝန်ဆောင်မှုလည်းရှိပါတယ်။  အဲဒီလို ဝန်ဆောင်မှုတွေကို လိုအပ်မယ်လို့ ထင်ရင် ဆက်သွယ်ရမယ့် ဖုန်းနံပတ်ကို ကျနော်တို့ရဲ့ ဝဘ်ဆိုက်ဖြစ်တဲ့ aec.gov.au/translated မှာ တွေ့နိုင်ပါတယ်။  အဲဒီ ဖုန်းနံပါတ်ကို ခေါ်ဆိုလိုက်ရင် သင်မေးချင်တာတွေကို မေးနိုင်မှာဖြစ်ပြီး တဖက်လူကလည်း မဲကို မှန်ကန်စွာ ဘယ်လို ပေးနိုင်သလဲ ဆိုတာကို ရှင်းပြနိုင်မှာ ဖြစ်တယ်လို့ ပြောသွားခဲ့ပါတယ်။ 

AEC အဖွဲ့ထဲမှာ မဲရုံအထိ မလာနိုင်တဲ့ လူတွေအတွက် မဲပေးနိုင်အောင် စီစဥ်ထားတာရှိပြီး အဲဒီ mobile voting teams တွေဟာ သက်ကြီးရွယ်အို စောင့်ရှောက်ရေးစင်တာတွေ၊ ဝေးလံခေါင်သီတဲ့ အရပ်မှာ နေထိုင်တဲ့လူတွေ မဲပေးမှုမှာ ပါဝင်နိုင်အောင် အဲဒီလူတွေ ရှိရာအထိ ကိုယ်တိုင်သွားရောက်ပြီး မဲပေးနိုင်အောင် လုပ်ဆောင်ပေးတာ ရှိပါတယ်။

မဲပေးရမယ့်ရက်မှာ အကြောင်းအမျိုးမျိုးကြောင့် မဲမပေးနိုင်ဘူးဆိုရင်လည်း ကြိုတင်မဲ ပေးနိုင်တယ်လို့ ပြောပါတယ်။

မဲပေးရမယ့်နေ့မှာ မဲပေးဖို့အတွက် အခက်အခဲတွေ ရှိရင် ရွေးကောက်ပွဲနေ့ မတိုင်ခင် သတင်းပတ်အနည်းငယ်မှာ ဖွင့်ထားတဲ့ ကြိုတင်မဲပေးနိုင်တဲ့ မဲရုံတချို့ဆီကို သွားရောက်ပြီး မဲပေးနိုင်သလို စာတိုက်ကနေတဆင့်လည်း ကြိုတင်မဲတွေ ပေးနိုင်တယ်လို့ ပြောပါတယ်။

စာတိုက်ကနေတဆင့် ကြိုတင်မဲပေးချင်ရင် အေအီးစီရဲ့ ဝဘ်ဆိုက်ကို သွားပြီး တောင်းခံနိုင်ပါတယ်။ မဲထည့်ရမယ့် ရက်မှာ တခြားပြည်နယ် ရောက်နေမယ်ဆိုတာကို သိရင် စာတိုက်ကနေတဆင့် ကြိုတင်မဲထည့်နိုင်သလို ရွေးကောက်ပွဲကျင်းပတဲ့နေ့ကြမှပဲ မိမိရောက်နေတဲ့ ပြည်နယ်အတွင်းက မဲရုံတစ်ခုခုဆီကို သွားပြီးတော့လည်း မဲပေးနိုင်ပါတယ်။

ပြည်နယ်ခြားသာမက ပြည်ပနိုင်ငံကို ရောက်နေရင်တောင် မဲပေးနိုင်မှာ ဖြစ်ပါတယ်။ အေအီးစီရဲ့ ဝဘ်ဆိုက်မှာ ပြည်ပကို ရောက်နေမယ့် လူတွေအတွက် overseas notification forms တွေရှိပါတယ်။ မိမိရောက်နေတဲ့ နိုင်ငံတွေမှာလည်း ဩစတြေးလျ ကော်မရှင်နာ ရုံးတွေ၊ သံရုံးတွေရှိပြီး အဲဒီလို နေရာကို သွားပြီး မဲပေးနိုင်ပါတယ်။

မဲရုံပြင်ပတွေမှာ နိုင်ငံရေးပါတီ အသီးသီးက ကိုယ်စားလှယ်တွေ၊ တသီးပုဂ္ဂလတွေနဲ့ သူတို့ကို ထောက်ခံတဲ့လူတွေက ကိုယ်စား မဲဆွယ်တာမျိုး၊ အချက်အလက်တွေ ပါဝင်တဲ့ စာရွက်တွေ မျှဝေတာမျိုး လုပ်ကြလေ့ရှိပါတယ်။ သူတို့ ပေးတဲ့ စာရွက်ပေါ်မှာ မဲဘယ်လို ပေးရမလဲ ဆိုတာ ထည့်ထားပေမယ့် အဲဒီ ပါတီတွေကပေးတဲ့စာရွက်အတိုင်း မဲပေးစရာမလိုဘူးလို့ ရွေးကောက်ပွဲဆိုင်ရာ ကျွမ်းကျင်သူ William Bowe က ပြောပါတယ်။

ပါတီ အသီးသီးက မဲထည့်ရမယ့်နေ့ကြရင် မဲဘယ်လို ပေးရမလဲ ဆိုတဲ့ စာရွက်ကို ဝေလေ့ရှိပြီး သူတို့လိုချင်တဲ့ ပုံစံအတိုင်း လူတွေ မဲပေးအောင် အဲဒီစာရွက်ပေါ်မှာ ဖော်ပြထားပါတယ်။  အဲဒီအတိုင်း လိုက်လုပ်စရာ မလိုပါဘူး၊ သူတို့က သူတို့ကို ထောက်ခံရင် သူတို့လိုချင်တဲ့ ပုံစံအတိုင်း မဲပေးနိုင်အောင် လုပ်ပြထားခြင်းသာ ဖြစ်တယ်လို့ ရှင်းပြထားပါတယ်။ 

ဖက်ဒရယ် အထွေထွေ ရွေးကောက်ပွဲကြရင် မိမိနေထိုင်ရာ ဒေသအတွက် ကိုယ်စားလှယ်အတွက်ပါ မဲပေးရမှာ ဖြစ်တယ်လို့Mr Bowe က ပြောပါတယ်။

ရွေးကောက်ပွဲလို့ ပြောလိုက်ရင် နိုင်ငံတော်ရဲ့ ခေါင်းဆောင်ကို ရွေးချယ်တယ်၊ လွှတ်တော်ထိုင်ခုံအတွက် အများဆုံးအနိုင်ရတဲ့ ပါတီရဲ့ ခေါင်းဆောင်က နိုင်ငံတော်ရဲ့ ခေါင်းဆောင်ဖြစ်မယ်လို့သာ လူတွေ ထင်ကြနိုင်ပါတယ်။ တကယ်တော့ ကျနော်တို့ဟာ ခေါင်းဆောင်ကို တိုက်ရိုက် ရွေးချယ်ကြတာမျိုး မဟုတ်ပါဘူး။


PRAHRAN WERRIBEE BY-ELECTIONS COLOUR
Election corflute signs are seen at the polling booth for the Werribee by-elections at Werribee in Melbourne. Source: AAP / DIEGO FEDELE/AAPIMAGE

မဲပေးတဲ့အခါ မဲစာရွက် နှစ်ခုရရှိမှာဖြစ်ပြီး တစ်ခုက အစိမ်းရောင်ဖြစ်ပြီး နောက်တစ်ခုက အဖြူရောင် ဖြစ်ပါတယ်။

အစိမ်းရောင် မဲစာရွက်က အောက်လွှတ်တော်မှာ သင့်ရဲ့ နယ်ကို ကိုယ်စားပြုမယ့် ကိုယ်စားလှယ်ကို ရွေးချယ်ဖို့ ဖြစ်ပါတယ်။

အောက်လွှတ်တော်မှာ ထိုင်ခုံနေရာ ၁၅၀ ရှိတဲ့အတွက် လွှတ်တော်အမတ်လောင်းတွေက အဲဒီနေရာအတွက် ပြိုင်ဆိုင်ကြမယ်လို့ Mr Bowe က ပြောပါတယ်။

အောက်လွှတ်တော်ကနေ အစိုးရဆိုတာ ဖြစ်လာတာပါ။ အောက်လွှတ်တော်မှာ ထိုင်ခုံနေရာ အများဆုံးရတဲ့ ပါတီက အစိုးရဖွဲ့နိုင်တာ ဖြစ်တယ်လို့ ရှင်းပြခဲ့ပါတယ်။

မဲအများဆုံး ရထားတဲ့ ပါတီ ဒါမှမဟုတ် ညွန့်ပေါင်းဖွဲ့ပြီး မဲအများဆုံးရတဲ့ အဖွဲ့ရဲ့ ခေါင်းဆောင်က ဝန်ကြီးချုပ် ဖြစ်လာမှာ ဖြစ်ပါတယ်။

အစိမ်းရောင် မဲစာရွက်ပေါ်မှာ ကိုယ်စားလှယ်လောင်းတွေနဲ့ အဲဒီနဘေးမှာ နံပတ်တွေ ရေးဖို့ လေးထောင့်ကွက်လေး ထားရှိပေးထားတာဖြစ်ပြီး သင် အကြိုက်ဆုံး ကိုယ်စားလှယ်ရဲ့ ဘေးမှာ နံပတ်တစ် ဝမ်း ဆိုတာကို အင်္ဂလိပ်လို ရေးပေးရမှာဖြစ်ပြီး ဒုတိယ အကြိုက်ဆုံးသူကို ၂ (ထူး)၊ တတိယ အကြိုက်ဆုံးလူကို သရီး စသည်ဖြင့် ပေးထားတဲ့ ကိုယ်စားလှယ် လူဦးရေဘေးမှာ နံပါတ်တွေ အားလုံး တပ်ပေးရမှာ ဖြစ်ပါတယ်။

အဖြူရောင် မဲစာရွက်ကတော့ အထက်လွှတ်တော်အတွက် ထိုင်ခုံနေရာ ၇၆ နေရာအတွက် ရွေးကောက်တင်မြောက်ဖို့ ဖြစ်ပြီး သင့်ရဲ့ ပြည်နယ်ကို ကိုယ်စားပြုဖို့အတွက် ကိုယ်စားလှယ်ကို ရွေးချယ်တာ ဖြစ်ပါတယ်။ အဲဒီမဲစာရွက်ဖြူပေါ်မှာ ပြည်နယ်လွှတ်တော်အမတ်လောင်းတိုင်းကို ထည့်သွင်းထားတဲ့အတွက် မဲစာရွက် အကြီးကြီးဖြစ်နေတာ ဖြစ်ပြီး မဲပေးမှု ပုံစံက အစိမ်းရောင် မဲပြားနဲ့ ကွက်ပြားတယ်လို့ ဆိုပါတယ်။

မဲပေးရတဲ့အခါ ရိုးရှင်းနိုင်ပါတယ်။ အဖြူရောင် မဲပြားကို နည်းလမ်းနှစ်မျိုးနဲ့ မဲပေးနိုင်ပါတယ်။  မျဥ်းကြောင်းရဲ့ အပေါ်ပိုင်းနဲ့ အောက်ပိုင်းတွေမှာ လေးထောင့်ကွက်တွေ ရှိပါတယ်။  မျဥ်းကြောင်းရဲ့ အပေါ်ပိုင်းက ပါတီ တစ်ခုခြင်းစီအတွက် ဖြစ်ပါတယ်။  အမြန်ဆုံးနဲ့ အလွယ်ကူဆုံး မဲပေးနိုင်တဲ့ နည်းလမ်းက သင်အကြိုက်ဆုံး ပါတီက နံပါတ် ၁၊ ဒုတိယအကြိုက်ဆုံး ပါတီကို ၂ စသည်ဖြင့် နံပါတ် ၆ ခုအထိ ထည့်ရေးပေးလိုက်တာ ဖြစ်ပါတယ်။  ဒါပေမဲ့လည်း ပါတီကို မရွေးချင်ဘူး အဲဒီ ပါတီထဲက ကိုယ်စားလှယ်ကို ရွေးချယ်ချင်တယ်ဆိုရင် မျဥ်းကြောင်းရဲ့ အောက်ပိုင်းမှာ ပါတဲ့ လေးထောင့်ကွက်တွေကို ဖြည့်စွက်ရမှာ ဖြစ်ပါတယ်။  မျဥ်းကြောင်းအပေါ်ပိုင်းက ပါတီကို မရွေးပဲ မျဥ်းကြောင်းရဲ့ အောက်ပိုင်းက ကိုယ်စားလှယ်တွေကို ရွေးချယ်မယ်ဆိုရင် နံပါတ် ၁၂ အထိ ထပ်ပေးရမှာ ဖြစ်တယ်လို့ ရှင်းပြထားပါတယ်။ 


Australia Goes To The Polls
A dog stands as voters cast their ballots at a polling station during a federal election in Sydney, Australia, on Saturday, May 18, 2019. Credit: Bloomberg/Bloomberg via Getty Images

ဒီလို မဲပေးစနစ်ကို ‘preferential voting’ စနစ်လို့ ခေါ်ပြီး မိမိရဲ့ မဲရေတွက်မှုက ပိုပြီး သက်ရောက်မှု ရှိအောင် လုပ်ဆောင်တဲ့နည်း ဖြစ်တယ်လို့ ရှင်းပြပါတယ်။ ကိုယ်စားလှယ်တစ်ဦးအနေနဲ့ ဘယ်လို အနီုင်ရရှိတဲ့အကြောင်းကို Mr Bowe အခုလို ပြောပါတယ်။

လွှတ်တော်မှာ နေရာ တစ်ခုရဖို့အတွက် အနည်းဆုံး မဲ ၅၀% ကို အနိုင်ရရှိရမှာ ဖြစ်ပါတယ်။ အကယ်၍ ဘယ်ကိုယ်စားလှယ်မှ ၅၀% မရနိုင်ဘူးဆိုရင် မဲအနည်းဆုံး ရရှိတဲ့  ကိုယ်စားလှယ်ကို ဘေးဖယ်ပြီး နောက်တစ်ကြိမ် မဲရေတွက်မှု လုပ်ပြီး အဲဒီမဲတွေကို ဒုတိယနေရာ ရရှိထားတဲ့လူဆီ ထားပေးပါတယ်။  အဲဒီလိုနဲ့ မဲအနည်းဆုံး ရရှိတဲ့လူကို တဖြေးဖြေးခြင်း ဖယ်ထုတ်ပြီး ကိုယ်စားလှယ် တစ်ဦးဦး ၅၀% ရရှိသွားတဲ့အထိ ရွေးချယ်တဲ့နည်း ဖြစ်တယ်လို့ ရှင်းပြထားပါတယ်။ 

မဲပေးတဲ့အခါမှာ မဲပေးခြင်းလမ်းညွန်အတိုင်း မဲပေးဖို့ အရေးကြီးပါတယ်။ မဲကို မှန်ကန်စွာ မပေးထားဘူးဆိုရင် အဲဒီမဲက ပယ်မဲ ဖြစ်သွားပြီး မဲရေတွက်တဲ့အခါမှာ အသုံးပြုမှာ မဟုတ်ပါဘူး။

ပယ်မဲ ဖြစ်သွားနိုင်တဲ့ ဥပမာတွေကတော့ ပေးထားတဲ့ လေးထောင့်ကွက်တွေမှာ အင်္ဂလိပ်ဘာသာနဲ့ နံပတ်တွေ ထည့်မရေးနဲ့ အမှန်ခြစ်တာတွေ ဒါမှမဟုတ် ကြက်ခြေခတ် ခြစ်ထားတာမျိုးတွေဖြစ်နိုင်သလို မိမိမှန်းသိအောင် နာမည်ကို ရေးချတာတွေ ဒါမှမဟုတ် တခြားနည်းလမ်းနဲ့ ဖော်ပြထားတာမျိုးတွေကို ပယ်မဲအဖြစ် သတ်မှတ်မှာ ဖြစ်ပါတယ်။

ဩစတြေးလျနိုင်ငံမှာ နိုင်ငံသားတိုင်း မဖြစ်မနေ မဲပေးရမှာ ဖြစ်ပေမယ့် တချို့ အနေအထားအတွက် ချွင်းချက် ပေးထားတာတွေ ရှိပါတယ်။ မိမိရဲ့ အကြောင်းပြချက်တွေက ခိုင်လုံမှုရှိမရှိ ရွေးကောက်ပွဲ ကော်မရှင်က ဆုံးဖြတ်မှာ ဖြစ်ပါတယ်။ မဲပေးဖို့ ပျက်ကွက်ရင် ဒဏ်ကြေးပေးဆောင်ရနိုင်တယ်လို့လည်း Mr Ekin-Smyth က ပြောပါတယ်။


မဲစာရင်းမှာပါတဲ့ လူ မဲပေးဖို့ ပျက်ကွက်ရင် မဲပေးရန် ပျက်ကွက်ခြင်း ဆိုတဲ့ သတိပေးစာကို လက်ခံရရှိနိုင်ပါတယ်။ အဲဒီ စာရွက်ပေါ်မှာ မဲပေးဖို့ ပျက်ကွက်ရတဲ့ အကြောင်းရင်းကို ဖော်ပြရမှာ ဖြစ်ပါတယ်။ အဲလိုမှ မလုပ်ရင် ဒဏ်ကြေး ဒေါ်လာ ၂၀ ပေးဆောင်ရမှာဖြစ်ပါတယ်။ မဲပေးရန် ပျက်ကွက်ခြင်း သတိပေးစာကို ရရှိပြီး သင့်ဖက်က တုန့်ပြန်မှု ဘာမှမလုပ်ဘူး ဆိုရင် ဒဏ်ကြေး ဒေါ်လာ ၁၇၀ နဲ့ တရားရင်ဆိုင်ရတဲ့အထိ ဖြစ်နိုင်ပြီး တရားရုံးကုန်ကျစရိတ်အတွက် သင့်ဖက်က ကုန်ကျခံရတာမျိုးအထိ ဖြစ်နိုင်တယ်လို့ ပြောပါတယ်။

ဒါပေမဲ့ အဲဒီ ဒဏ်ကြေးတွေထက် ပိုကြီးမားတဲ့ ဒဏ်တစ်ခုကတော့ မိမိရဲ့ ပြောရေးဆိုခွင့်မှာ ပါဝင်မှု မလုပ်မိခဲ့ခြင်း ဖြစ်တဲ့အတွက် ရွေးကောက်ပွဲမှာ ဘယ်ပါတီကို ဘယ်သူ့ကို မဲပေးသင့်သလဲ ဆိုတာကို လေ့လာပြီး မဲပေးကြဖို့ တိုက်တွန်းထားပါတယ်။

အချက်အလက်ပိုမို သိချင်ရင် aec.gov.au ကို သွားရောက် လေ့လာနိုင်သလို 132326 ကိုလည်း ဖုန်းဆက်မေးမြန်းနိုင်တဲ့အကြောင်း တင်ဆက်လိုက်ပါတယ်။


ဩစတြေးလျနိုင်ငံမှာ အခြေချနေထိုင်ရေးနဲ့ ပတ်သက်ပြီး အသုံးဝင်မယ့် အချက်အလက်တွေ အကြောင်းအရာတွေကို သိရှိဖို့ Australia Explained podcast ကို subscribe လုပ်နိုင်ပါတယ်။ 

မေးစရာ မေးခွန်းတွေ ဒါမှမဟုတ် တင်ဆက်စေလိုတဲ့ အကြောင်းအရာတွေ ရှိရင်လည်း australiaexplained@sbs.com.au ကို အီးမေးလ်ပို့်နိုင်တဲ့အကြောင်း ရေးထားတဲ့ Audrey Bourget ရဲ့ ဆောင်းပါးကို တင်ဆက်လိုက်ပါတယ်ရှင်။  



Share
Follow SBS Burmese

Download our apps
SBS Audio
SBS On Demand

Listen to our podcasts
Independent news and stories connecting you to life in Australia and Burmese-speaking Australians.
Ease into the English language and Australian culture. We make learning English convenient, fun and practical.
Get the latest with our exclusive in-language podcasts on your favourite podcast apps.

Watch on SBS
SBS World News

SBS World News

Take a global view with Australia's most comprehensive world news service