SKIP TO MAIN CONTENT

F A S T နည်းနဲ့ လေဖြတ်သူတွေကို ဘယ်လို ကယ်တင်နိုင်သလဲ။

Stroke FAST Signs
F A S T နည်းနဲ့ လေဖြတ်သူတွေကို ဘယ်လို ကယ်တင်နိုင်သလဲ။ Source: Stroke Foundation

သြစတြေးလျနိုင်ငံသားတွေအနေနဲ့ လေဖြတ်မှု ဖြစ်နေတာကို တွေ့ကြုံရတဲ့အခါ အတိုကောက်အားဖြင့် FAST ဆိုတဲ့ နည်းကို အသုံးပြုပြီး ကယ်တင်မှုတွေ လုပ်နိုင်တယ်လို့ ကျန်းမာရေးပညာရှင်တွေက ပြောပါတယ်။


Published

By Amy Hall

Source: SBS


Skip to podcast episode content

သြစတြေးလျနိုင်ငံသားတွေအနေနဲ့ လေဖြတ်မှု ဖြစ်နေတာကို တွေ့ကြုံရတဲ့အခါ အတိုကောက်အားဖြင့် FAST ဆိုတဲ့ နည်းကို အသုံးပြုပြီး ကယ်တင်မှုတွေ လုပ်နိုင်တယ်လို့ ကျန်းမာရေးပညာရှင်တွေက ပြောပါတယ်။


F ဆိုတာ Face မျက်နှာကို ပြောတာဖြစ်ပြီး ပြုံးပြီး ပါးရွဲ့တာရှိမရှိ စစ်ဆေးဖို့ ပြောတာ ဖြစ်ပါတယ်။

A ဆိုတာ arms လက်ကို ပြောတာဖြစ်ပြီး လက်နှစ်ဖက်ကို ရှေ့ထုတ်ဆန့်ကြည့်ခိုင်းပြီး လက်မဆန့်နိုင်တာ၊ ချိနဲ့အားပျော့နေတာမျိုး ရှိမရှိ စစ်ဆေးခိုင်းတာ ဖြစ်ပါတယ်။

S ဆိုတာ speech စကားပြောခိုင်းကြည့်ဖို့ ဖြစ်ပါတယ်။ စကားလေးတာ၊ လုံးထွေးတာမျိုး ဖြစ်နေတာမျိုး ရှိမရှိ စစ်ဆေးခိုင်းတာ ဖြစ်ပါတယ်။

T ဆိုတာကတော့ time အချိန်ကို ပြောတာ ဖြစ်ပါတယ်။ အခုဏတုန်းက ပြောထားခဲ့တဲ့ အချက်တွေထဲမှာ တစ်ခုခုရှိနေပြီ ဆိုရင် အရေးပေါ်ဌာနကို ဆက်သွယ်ပြီး လက္ခဏာပြတဲ့အချိန်ကို မှတ်သားထားဖို့ ဖြစ်ပါတယ်။

လေဖြတ်နေတဲ့လူကို ကျန်းမာရေးစစ်ဆေးစောင့်ရှောက်မှု အမြန်ဆုံး ခံယူနိုင်မှု မလုပ်နိုင်လေလေ ဦးနှောက်လုံးဝ ပျက်စီးသွားတဲ့နှုန်း များလေလေ ဖြစ်ပါတယ်။

လေဖြတ်တဲ့အခါ ဦးနှောက်မှာ သွေးကို အလုံအလောက် မရတဲ့အတွက် ဖြစ်ပြီး ဦးနှောက်ဆီ သွေးမရောက်အောင် သွေးကြောပိတ်နေတာ ဒါမှမဟုတ် သွေးကြောပြဲနေတာမျိုး ဖြစ်နိုင်ပါတယ်။ အဲဒီကနေ ဦးနှောက်ပျက်စီးတာ၊ မသန်စွမ်းဖြစ်တာ ဒါမှမဟုတ် အသက်သေဆုံးတဲ့အထိ ဖြစ်စေနိုင်ပါတယ်။

ကမာ္ဘပေါ်မှာ လူ ၄ ယောက်ထဲမှာ ၁ ယောက်နှုန်းလောက် လေဖြတ်ရောဂါ ခံစားရနိုင်ပြီး သြစတြေးလျနိုင်ငံမှာဆိုရင် ရင်သားကင်ဆာရောဂါကြောင့် သေဆုံးရတဲ့ အမျိုးသမီးဦးရေထက် လေဖြတ်လို့ သေဆုံးရတဲ့ အမျိုးသမီးဦးရေက ပိုများပြီး အမျိုးသားတွေမှာဆိုရင်လည်း ဆီးကြိတ်ကင်ဆာရောဂါနဲ့ သေဆုံးရတဲ့ အမျိုးသားဦးရေထက် လေဖြတ်သေဆုံးရတဲ့ အမျိုးသား ဦးရေက ပိုများပြားတာ ဖြစ်ပါတယ်။

အပြည့်အစုံ နားဆင်နိုင်ပါပြီ။ 

 


Latest podcast episodes

Follow SBS Burmese

Download our apps

Watch on SBS

SBS World News

Take a global view with Australia's most comprehensive world news service

Stream now