လက်ရှိတရားရုံးကြားနာပွဲကိုတော့ စစ်ကောင်စီခန့် သမ္မတရုံးဝန်ကြီးဌာန-၂ ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်နဲ့ ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာသီတာဦးတို့ ဦးဆောင်တဲ့အဖွဲ့က တက်ရောက်နေကြပါတယ်။
ဒီအမှုရဲ့ ရလဒ်ဟာ မြန်မာနိုင်ငံအတွက်တင်မကဘဲ ဂါဇာစစ်ပွဲနဲ့ ပတ်သက်ပြီး အစ္စရေးကို တောင်အာဖရိကက စွဲဆိုထားတဲ့ အမှုအပေါ်မှာလည်းသက်ရောက်မှုတွေ ရှိလာနိုင်ပါတယ်။





