SKIP TO MAIN CONTENT

စကစနဲ့ NUG လွန်ဆွဲကာလအတွင်း ရွှေ့ပြောင်းမြန်မာအခြေအနေ ဘယ်လိုရှိသလဲ

 Myanmar workers from Thailand
Migrant Workers Stream Home as Thailand’s Economy Goes into Covid-19 Lockdown Source: IOM

ဒီဇင်ဘာလ ၁၈ ရက် ဒီကနေ့ဟာ အပြည်ပြည်ဆိုင်ရာ ရွှေ့ပြောင်းနေထိုင်သူများနေ့ International Migrants Day ဖြစ်ပါတယ်။


Published

By Mu Laing Thein

Source: SBS


Skip to podcast episode content

ဒီဇင်ဘာလ ၁၈ ရက် ဒီကနေ့ဟာ အပြည်ပြည်ဆိုင်ရာ ရွှေ့ပြောင်းနေထိုင်သူများနေ့ International Migrants Day ဖြစ်ပါတယ်။


၂၀၂၀ ပြည့်နှစ်တုန်းက လူသန်းပေါင်း ၂၈၁ သန်းဟာ ရွှေ့ပြောင်းနေထိုင်မှု လုပ်ခဲ့ကြပြီး ဒါဟာ ကမာ္ဘ့လူဦးရေရဲ့ ၃.၆% ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာဆိုရင်လည်း လူတွေဟာ ရေကြည်ရာ မြက်နုရာရှာဖွေရင်း အိမ်နီးချင်းနိုင်ငံနဲ့ တခြားနိုင်ငံတွေကို ရွှေ့ပြောင်းနေထိုင်တာတွေ၊ အလုပ်သွားရောက် လုပ်ကိုင်တာမျိုး ပြုလုပ်ကြပါတယ်။

အများဆုံးကတော့ ထိုင်းနိုင်ငံကို သွားကြတာဖြစ်ပြီး တရားဝင် အလုပ်သမားက ၂ သန်းကျော်ရှိပြီး တရားမဝင် သို့မဟုတ် အထောက်အထားမဲ့ မြန်မာတွေက ၁ သန်းကျော် ရှိမယ်လို့ ခန့်မှန်းထားကြပါတယ်။

စစ်ရေးနဲ့ ကိုဗစ်အရေး ကြုံတွေ့နေရတဲ့ မြန်မာနိုင်ငံမှာ လူငယ်တွေ အထူးသဖြင့် အိမ်နီးချင်းနိုင်ငံ သွားရောက် အလုပ်လုပ်တာမျိုး လုပ်ချင်နေကြပြီး ထိုင်းနိုင်ငံမှာ ရှိနေတဲ့ မြန်မာ အလုပ်သမားတွေရဲ့ လက်ရှိ အနေအထားက ဘယ်လို ရှိသလဲ ဆိုတာတွေနဲ့ပတ်သက်ပြီး မြန်မာရွှေ့ပြောင်းအလုပ်သမားတွေကို အကူအညီပေးနေတဲ့ ထိုင်းတောင်ပိုင်း အခြေစိုက် ပညာရေးနဲ့ ဖွံ့ဖြိုါ်တိုးတက်ရေး ဖောင်ဒေးရှင်း (FED) ရဲ့ အမှုဆောင် ဒါရိုက်တာ ဦးထူးချစ်နဲ့ ဆက်သွယ်မေးမြန်းထားတာကို နားဆင်ရမှာ ဖြစ်ပါတယ်။


Latest podcast episodes

Follow SBS Burmese

Download our apps

Watch on SBS

SBS World News

Take a global view with Australia's most comprehensive world news service

Stream now