Watch FIFA World Cup 2026™

LIVE, FREE and EXCLUSIVE

ရေဒီယိုရဲ့ အနာဂတ် အခန်းကဏ္ဏက ဘယ်လို ဖြစ်လာနိုင်သလဲ။

Nay Thwen.jpg
DVB သတင်းဌာန ရေဒီယိုနဲ့ ရုပ်မြင်သံကြားတင်ဆက်သူ ကိုနေသွင်ညိဏ်း။

ဖေဖော်ဝါရီလ ၁၃ ရက်နေ့ဟာ နိုင်ငံတကာ ရေဒီယိုနေ့ ဖြစ်ပါတယ်။ UNESCO အဖွဲ့ဝင်နိုင်ငံတွေကနေ ၂၀၁၁ ခုနှစ်တုန်းက ရေဒီယိုနေ့ကို ကြေညာခဲ့တာဖြစ်ပြီး ကုလသမဂ္ဂရဲ့ အထွေထွေ ညီလာခံကနေ ၂၀၁၃ ခုနှစ်မှာ နိုင်ငံတကာ ရေဒီယိုနေ့အဖြစ် သတ်မှတ်ပေးခဲ့တာ ဖြစ်ပါတယ်။


Published

Updated

By Mu Laing Thein

Presented by Mu Laing Thein

Source: SBS


Share this with family and friends


ဖေဖော်ဝါရီလ ၁၃ ရက်နေ့ဟာ နိုင်ငံတကာ ရေဒီယိုနေ့ ဖြစ်ပါတယ်။ UNESCO အဖွဲ့ဝင်နိုင်ငံတွေကနေ ၂၀၁၁ ခုနှစ်တုန်းက ရေဒီယိုနေ့ကို ကြေညာခဲ့တာဖြစ်ပြီး ကုလသမဂ္ဂရဲ့ အထွေထွေ ညီလာခံကနေ ၂၀၁၃ ခုနှစ်မှာ နိုင်ငံတကာ ရေဒီယိုနေ့အဖြစ် သတ်မှတ်ပေးခဲ့တာ ဖြစ်ပါတယ်။


1894 ခုနှစ်တုန်းက ပြင်သစ်နိုင်ငံက Albert Turpain ဆိုသူဟာ တယ်လီဖုန်းနဲ့ Morses Code ကို အသုံးပြုပြီး သူ့ကိုယ်သူ radio signal ပို့ဆောင်ခဲ့ရာက အဲဒီ signal ကို သူကပဲ လက်ခံ ရရှိခဲ့ပါတယ်။ အဲဒီတုန်းက ရေဒီလှိုင်းရဲ့ အကွာအဝေးဟာ ၂၅ မီတာသာ ရှိခဲ့တာပါ။

အခုဆိုရင် ဝေါ်ကီတော်ကီလို အနီးအနားအတွက် အသုံးပြုတဲ့ ရေဒီယိုလှိုင်းကနေ အတော်အတန်ဝေးတဲ့ FM လှိုင်းနဲ့ နိုင်ငံခြားတွေအထိတောင် ကြားနိုင်တဲ့ လှိုင်းတို ရေဒီလှိုင်းတွေ ပေါ်လာပါတယ်။

ရေဒီယိုကြောင့် ကမ္ဘာပေါ်က လူတွေ သတင်းတွေ အချက်အလက်တွေကို အများကြီး သိလာတဲ့အတွက် လူသားတွေ အားထားရာ အရာတစ်ခု ဖြစ်ပါတယ်။ ရေဒီယိုဆိုတာ မျိုးဆက်များစွာ လူများစွာအတွက် အလွယ်တကူ ရရှိနိုင်ပြီး လူမှုအသိုင်းအဝိုင်းကို သတင်းအချက်အလက်ပေးရုံသာမက ဖျော်ဖြေမှုတွေလည်း ပေးစွမ်းနိုင်ခဲ့ပါတယ်။

တချို့နိုင်ငံ တချို့နေရာမှာ ရေဒီယိုကို အမုန်းတရားလက်နက်၊ သွေးကွဲရေးလက်နက်၊ ပဋိပက္ခ ဖြစ်စေရေးလက်နက်အဖြစ် အသုံးပြုတာမျိုး ရှိခဲ့လို့ နောက်ပိုင်းမှာ တရားဥပဒေတွေ၊ စောင့်ကြည့်ရေးအဖွဲ့တွေနဲ့ စောင့်ထိန်းမှု လုပ်ရာကနေ ဖက်မလိုက်တဲ့ သတင်းတွေ၊ ဖက်မလိုက်တဲ့ တင်ဆက်မှုတွေနဲ့ ဘယ်သူ့ လက်အောက်မှ မနေတဲ့ သီးသန့်လွတ်လပ်တဲ့ သတင်းဌာနတွေ ပေါ်ပေါက်လာခဲ့ပါတယ်။

ဒီနေ့ခေတ်မှာတော့ ပိုမို ကောင်းမွန်တဲ့ဖုန်းတွေ အင်တာနက်စနစ်တွေကြောင့် ရေဒီယိုဆိုတာ ရှိသေးပေမယ့် ဘယ်လို အနေအထားမျိုး ဖြစ်လာနိုင်သလဲ၊ အင်တာနက်ကြောင့် သတင်းဌာနတွေအတွက် ဘယ်လို ဖြစ်ပေါ်နေသလဲ၊ လူတိုင်းက သတင်းဌာနလို ပြုမူနိုင်ကြတဲ့ခေတ်မှာ သတင်းမီဒီယာတွေရဲ့ အရည်အသွေးတွေ ကျဆင်းနေပါသလား စတဲ့ မေးခွန်းတွေနဲ့ ပတ်သက်ပြီး ကိုနေသွင်ကို ဆက်သွယ်မေးမြန်းထားပါတယ်။

ကိုနေသွင်ဟာ DVB သတင်းဌာနမှာ ရေဒီယိုနဲ့ ရုပ်မြင်သံကြားတင်ဆက်သူ ဖြစ်ပြီး အခုအခါမှာ မဲလ်ဘုန်းတက္ကသိုလ်မှာ Master of International Journalism တက်နေသူ ဖြစ်ပါတယ်။


Latest podcast episodes

Follow SBS Burmese

Download our apps

Watch on SBS

SBS World News

Take a global view with Australia's most comprehensive world news service

Stream now