ဘရောနီကာဟာ boxing အားကစားကနေ မြန်မာ့ လက်ဝှေ့ အားကစားဖက် ပြောင်းကစားပြီး အခုလောလောဆယ် muay Thai လို့ လူသိများတဲ့ ထိုင်းလက်ဝှေ့ ကစားနေသလို MMA နှဘန်းလည်း ကစားဖို့ ပြင်ဆင်မှု လုပ်နေပါတယ်။
သူမဟာ တိုက်ပွဲတွေ ဆက်တိုက် ဖြစ်ပွားနေတဲ့ ကယားပြည်နဲ့ ရှမ်းပြည်နယ်တောင်ပိုင်း လွိုင်ကော် - ဖယ်ခုံမြို့နားက ကဖု - လွယ်ထွန် ရွာကဖြစ်ပြီး သူ့ရွာသားတွေ စစ်ရှောင်နေကြရသလို သူကလည်း ထိုင်းနိုင်ငံမှာ လောလောဆယ် ပြောင်းရွှေ့နေထိုင်မှု လုပ်နေပါတယ်။
ထိုင်းနိုင်ငံမှာ စတင်နေထိုင်ဖြစ်တဲ့အကြောင်းနဲ့ ဆက်စပ်ပြီး သူက အခုလို ပြောပြထားပါတယ်။