၂၀၂၆ ခုနှစ် သန်းခေါင်စာရင်းကောက်ယူမှုကို ဩဂုတ်လ ၁၁ ရက် အင်္ဂါနေ့ညမှာ ပြုလုပ်မှာဖြစ်ပြီး၊ အဲဒီညမှာ ဩစတြေးလျနိုင်ငံအတွင်း ရှိနေသူတိုင်း စာရင်းထဲမှာ ပါဝင်ရမှာ ဖြစ်ပါတယ်။
သန်းခေါင်စာရင်း အချက်အလက်တွေက တစ်ဦးချင်းစီ၊ မိသားစုတွေနဲ့ လူထုအသိုင်းအဝိုင်းအတွက် လိုအပ်တဲ့အချိန်နဲ့ လိုအပ်တဲ့နေရာမှာ မှန်ကန်တဲ့ ဝန်ဆောင်မှုတွေနဲ့ အခြေခံအဆောက်အအုံတွေ ရရှိနိုင်ဖို့ ကူညီပေးပါတယ်။
အဲဒီအထဲမှာ ဘာသာစကား ဝန်ဆောင်မှုတွေ၊ ကျောင်းတွေ၊ ကျန်းမာရေး စောင့်ရှောက်မှု၊ လူမှုအသိုင်းအဝိုင်း အစီအစဉ်တွေ၊ လိုင်းကား လိုင်းရထားတွေနဲ့ အခြေချနေထိုင်မှုဆိုင်ရာ အကူအညီတွေ ပါဝင်ပါတယ်။ ဒါကြောင့်မို့လို့ လူတိုင်း စာရင်းထဲမှာ ပါဝင်ဖို့ လိုအပ်တာ ဖြစ်ပါတယ်။
Share






